ဘယ်သောအခါမှ မကြီးပွားနိုင်မယ့် သားသမီးအမျိုးအစားများ
ဘယ်သောအခါမှ မကြီးပွားနိုင်မယ့် သားသမီးအမျိုးအစားများ
(၁) မိဘကို အိမ်စောင့်ထားခြင်း။
(၂) မိဘက အဝတ်လျှော်ဖွတ်ပေးရခြင်း။
(၃) မိဘက သား သမီးပြန်လာလျှင် ခြံတံခါး ဖွင့်ပေးရခြင်း။
(၄) မိဘကို သား သမီး ထိန်းခိုင်းခြင်း။
(၅) မိဘက ထမင်းချက်ပြုတ် ကျွေးမွေးရခြင်း။
(၆) မိဘကို လစာပေးသလိုမျိုး ငွေပေးခြင်း။
(၇) မိဘအမှားပြုလျှင် လူရှေ့သူရှေ့ ဆူပူအပြစ်တင်ခြင်း။
(၈) မိဘက ဘုရားရှိခိုးလျှင် ကျယ်ခြင်း တိုးခြင်းကို ကဲ့ရဲ့ခြင်း။
(၉) မိဘကို မောင်နှမလို သဘောထား ဆက်ဆံခြင်း။
(၁ဝ) မိဘကို နှမျောတွန့်တို ပေးကမ်းခြင်း။
(၁၁) မိဘစကားကို ပစ်ပယ်ခြင်း။
အလေးမထားခြင်း။ ဒါမျိုးတွေကို ရှောင်ရှားကြပါ၊ ဆင်ခြင်ကြပါ၊ မလုပ်မိကြပါစေနဲ့။ မိဘဆိုတာ… အစားထိုး မရနိုင်တဲ့ တန်ဖိုး အကြီးမားဆုံး ရတနာပါ။