ရင်နင့်ဖွယ် ကိုဗစ် ဇာတ်လမ်း တပုဒ် (ကပ်ရောဂါကြီးကြောင့် ကွဲကွာနေရတဲ့ မိသားစုတစုအကြောင်း)

ရင်နင့်ဖွယ် ကိုဗစ် ဇာတ်လမ်း တပုဒ် (ကပ်ရောဂါကြီးကြောင့် ကွဲကွာနေရတဲ့ မိသားစုတစုအကြောင်း)

အထက်အမိန့် အထက်အမိန့်နဲ့ လူသားချင်းစာနာမှုတွေကပျောက်ဆုံးနေပြီလား

ကျွန်မက လူနာနံပါတ် ၁၄၈၄ ပါ အခုဖောင်ကြီးမှာပါ ကိုယ်ဝန်ကြီးနဲ့ပါရှင်…အမျိုးသားရဲ့ အဖြေကတော့ negativeပါ သားလေးကတော့ ပိုးတွေ့ပြီး အသက် ၇ နှစ် လူနာနံပါတ် ၂၂၃၆ ပါ အခု ရိုးမရိပ်သာမှာ သူ့အဖေနဲ့ပါ အဖေနဲ့ တူတူရှိပေမယ့် အဖေက ပိုးမရှိတဲ့အတွက် ကလေးနားကပ်လို့မရပါဘူး ကလေးကိုပြုစုဂရုစိုက်မယ့်လူ မရှိတဲ့အပြင် ကလေးက အခု သီးသန့်ခွဲခံထားရသလိုဖြစ်နေတဲ့အတွက် တစ်အား စိတ်အားငယ်ဝမ်းနည်းပြီး ငိုနေပါတယ်

မိခင်တစ်ယောက်အနေနဲ့ ကလေးကိုစိတ်မချ စိတ်ပူနေရတဲ့အပြင် အရမ်းနာကျင်ဝမ်းနည်းရပါတယ်….အခုစားလို့လဲမဝင် အိပ်လို့လဲမပျော်နဲ့ ရူးချင်သလိုလိုတောင် ဖြစ်နေပါပြီရှင် အဲ့ဒါကြောင့်ကလေးကို ဂရုစိုက်စောင့်ရှောက်ဖို့နဲ့ တူတူနေခွင့်လေးပေးဖို့ တောင်းဆိုခဲ့ ပါတယ်ရှင် သူတို့ကလက်ခံပြီး ကလေးကို ဖောင်ကြီးပို့ပေးပါ့မယ်လို့ ပြောပါတယ်။ ကျွန်မစောင့်ပါတယ်။ နှစ်ရက်သာကြာတယ်။ ကလေးကရောက်မလာခဲ့ပါဘူး ဖုန်းလှမ်းဆက်မေးတော့ ပထမအကြိမ်ဖြေတာက ဖောင်ကြီးမှာနေရာမရှိလို့လို့ပြောပါတယ်။

ကျွန်မကအခန်းထဲမှာ ကျွန်မနဲ့တူတူထားမှာဖြစ်ကြောင်း နေရာထပ် စီစဉ်ပေးရန် မလိုကြောင်းပြောတော့ တင်ပြပေးမယ် ပြောပါတယ်…ထပ်စောင့်နေပါတယ်။ ကလေးကရောက်မလာခဲ့ပါဘူး ဟိုဘက်ခြမ်း(ရိုးမရိပ်သာ)မှာလဲ တော်တော့်ကိုအဆင်မပြေဖြစ်နေခဲ့ပါတယ်။ တစ်ခန်းလုံးမှ ာသားအဖေအပါအဝင် ကျန်သူနှစ်ယောက်က Negative ပါ သားလေးတစ်ယောက်ထဲ Positive ပါ သီးသန့်ထောင့်မှာခွဲထားပေမယ့် တစ်ခန်းထဲဖြစ်တဲ့အတွက် ကျန်တဲ့သူတေကအနေရခက် အဆင်မပြေဖြစ်နေပြီး ကလေးကလဲတယောက်ထဲခွဲခံထားရလို့ အရမ်းကြောက်ပြီးငိုနေပါတယ်တဲ့…

ကျွန်မဖုန်းထပ်ဆက်ပြီး အကူအညီထပ်တောင်းပါတယ်။ တာဝန်ရှိသူများက ကလေးကိုပို့ပေးလို့မရကြောင်း နောက်ပိုင်းဖောင်ကြီးမှာ ရောဂါပြင်းထန်လူနာများပဲ ထားတော့မှာဖြစ်ကြောင်းပြောပါတယ်….ကျွန်မလက်ခံပြီး အဲ့ဒါဆို ကျွန်မဆီကလေးပို့ဖို့အဆင်မပြေရင် ကလေးဆီ ကျွန်မကို ပို့ပေးစေချင်ကြောင်းပြောပါတယ်။ သူတို့အထက်ကိုတင်ပြပေးမယ် ပြောပါတယ်။ ၁ ရက်ထပ်သာကြာသွားတယ် အကြောင်းမထူးခဲ့ပါဘူး…..

အဲ့ဒါနဲ့ ကျွန်မလဲ တိုင်းကျန်းမာရေးအဆင့်ဆင့်ကို ထပ်တောင်းပန်ပြီး တောင်းဆိုခဲ့ပါတယ် ညဘက်ရောက်တော့ဖုန်းဆက်လာပါတယ်။ တိုင်းက မနက်ဖြန်ကျွန်မကို လာခေါ်မှာဖြစ်တဲ့ အကြောင်းနဲ့ အဆင်သင့်ပြင်ထားပါဆိုတဲ့ အကြောင်း လှမ်းပြောလာပါတယ်။ကျွန်မမှာ သားနဲ့တွေ့ရတော့မယ် ဆိုတဲ့စိတ်နဲ့ ပျော်ရွှင်ပြီး ညထဲက ပစ္စည်းတေကြိုသိမ်းထားခဲ့ပါတယ်။ မနက်အကုန်အဆင်သင့်စုလုံးပြီး အထုပ်ပြင်ပြီးသွားဖို့ထိုင်စောင့်နေတာ နေ့တဝက်သာကျိုးတယ်။ ဘယ်သူမှလာမခေါ်ခဲ့ပါဘူး တာဝန်ကျဆရာဝန်ကိုမေးတော့ ကျွန်မကိုခေါ်ဖို့စာမဝင်ပါဘူးတဲ့

တိုင်းကိုပြန်ဆက်မေးတော့ လွှဲလိုက်ပါပြီ ပြောလိုက်ပါပြီတဲ့ ဟိုဘက်ဆက် ဒီဘက်ဆက်နဲ့ တနေ့သာကုန်သွားပါတယ်။ ဘာမှထူးမလာပါဘူး ဘယ်သူမှလဲလာမခေါ်ခဲ့ပါဘူး တာဝန်ကျဆရာဝန်ကို အကျိုးအကြောင်းရှင်းပြတော့လဲ သူတို့စိတ်မကောင်းပါဘူး ဘာမှလုပ်ပေးလို့မရပါဘူး အထက်အမိန့်မရောက်လို့ပါတဲ့ မတတ်နိုင်ဘူးလေ လက်ခံရတာပဲ နားလည်ရတာပါပဲ သူတို့က ဟိုဘက်ဒီဘက်လွှဲချနေတော့ ဘယ်သူ့ထပ်ပြောလို့ပြောရမှန်းမသိနဲ့ စိတ်မကောင်းဖြစ် ငိုရုံကလွဲလို့ ဘာမှထပ်မတတ်နိုင်ပါဘူးလေ

အဲ့ချိန်မှာ အမျိုးသားကဖုန်းဆက်လာပါတယ်။ ကလေးကို တစ်ယောက်ထဲ လှိုင် Q စင်တာကိုပို့ဖို့လာခေါ်နေပါတယ်တဲ့ ကလေးတစ်ယောက်ထဲထားဖို့တော့ အဆင်မပြေကြောင်း မိခင်နဲ့အတူသာထည့်ပေးလိုကြောင်း ကလေးကငယ်သေးလို့ မိခင်နဲ့အတူသာထားလိုကြောင်း ရှင်းပြအကူအညီတောင်းပါတယ်။ တာဝန်ရှိသူများက လက်မခံပဲ ဒါအထက်အမိန့်ဖြစ်ကြောင်း ပြောပြီး ကလေးကိုအတင်းခေါ်ပါတယ်။ အမျိုးသားကလဲ ကလေးကို တစ်ယောက်ထဲမထားဖို့ အကြိမ်ကြိမ်တောင်းပန်ပါတယ်။

လက်မခံပါဘူး အတင်းသာခေါ်ပါတယ် အဲ့ချိန်မှာ အောက်ထပ်ကတာဝန်ရှိသူများ ဆရာကြီးလို့ခေါ်တဲ့သူရောက်လာပြီး ကလေးတစ်ယောက်ထဲထားဖို့တော့ အဆင်မပြေကြောင်း သူလဲလက်မခံကြောင်းပြောမှသာ ကလေးကိုမခေါ်ပဲထားခဲ့ပါတရ် တခုခုစီစဉ်ပေးမယ်လို့တော့ ပြောပါတယ် ခုထိတော့ ဘာမှမထူးသေးပါဘူးရှင်

နားလည်တဲ့သူများပြောပြ ကူညီပေးကြပါအုံးရှင် ကျွန်မဘာဆက်လုပ်ရမလဲ ဘာဆက်လုပ်သင့်လဲဟင် ကျွန်မသိထားတဲ့အသိပဲမှားနေတာလား မိခင်နဲ့ကလေး ICUခန်းထဲမှာမဟုတ်ရင် အတူတူထားပေးတယ်ဆိုတာ…. ဒီမှာသူများလူနာတေကျတော့ မိခင်နဲ့ကလေးတူတူရှိနေရပြီး ကျွန်မနဲ့သားလေးကျမှတူတူထားဖို့ ဘာလို့ဒီလောက်ခက်ခဲနေလဲဆိုတာ နားမလည်နိုင်တော့ပါဘူး ကံကဘယ်အထိများဆက်ဆိုးနေအုံးမလဲ မသိတော့ပါဘူးရှင်

တကယ်ကိုအသက်တောင်မရှင်ချင်တော့ပါဘူး….. ကျွန်မခံစားချက်များကိုအဆုံးထိဖတ်ပေးလို့ကျေးဇူးတင်ပါတရ်နော် စာရှည်သွားတဲ့အတွက်တော့တောင်းပန်ပါတယ်ရှင် ကူညီအကြံပေးကြပါအုံး

Zar Zar

Leave a Reply

Your email address will not be published. Required fields are marked *

You cannot copy content of this page