ကိုဗစ်ကြောင့် ဘဝတပါး ပြောင်းသွားခဲ့ရင် သပိတ်သွပ်ချိန်တောင် မရပါဘူး (အားလုံး သတိထားကြပါ)
လူတွေ လက်ဗလာ၊ခြေဗလာ mask မပါနဲ့ အတူပျော်ပါး၊စားသွား ခဲ့စဉ်က မကြောက်ခဲ့ကြ Positive ထွက်မှ ရွံစရာလို အပြစ်သားလို မဆက်ဆံစေချင်ပါဘူး။
သူတို့က ရုပ်ပိုင်းဆိုင်ရာ အပြင် စိတ်ပိုင်းဆိုင်ရာ ထောက်ပံ့လိုနေတဲ့သူတွေပါ။ အခုဆို သေနှုန်းမြင့်နေတာမို့ Positive ဆိုတာနဲ့ အလိုလိုကြောက်လာမယ်။ မိသားစု ကို စိတ်ပူလာမယ်။ အပေါင်းအသင်း လုပ်ဖော်ကိုင်ကို အားနာတာတွေ စိုးထိတ်မှုတွေနဲ့အတူ အလျဉ်းသင့်သလို လာခေါ်ရတာမို့ ညအချိန်ကားကြီးတွေပေါ် ကိုယ့်အထုတ်ကိုဆွဲ တက်ကြရင်း ပို့တဲ့နေရာကို သွားကြလာကြနဲ့ ပင်ပန်းကြရှာမှာပါ။
Positive လူနာ သေဆုံးခဲ့လျှင်လည်း ကျန်အိမ်သားအားလုံးက FQ, HQ ဝင်နေကြရတာမို့ မြန်မာအယူအဆ သက်ပျောက်ဆွမ်း မြေဆင်းသပိတ် မကပ်ရ အသုဘမှာ လူမပါ နိုင်ငံတော်က သဂြိုလ်ပေးကြရတယ်။ ဘုန်းကြီးကို ကုသိုလ်ပြု ရက်လည်ဆွမ်း တရားမနာရနဲ့ တကယ့်ကို လူဖြစ်ရှုံး၊ လူ့အခွင့်အရေး ဆုံးရှုံးရတဲ့ ရောဂါဆိုးကြီးပါ။
ဒီကပ်ဘေးဆိုးကြီး အမြန်ဆုံးရပ်တန့်ပါစေ။ ရောဂါဖြစ်သူများလည်း အမြန်ဆုံးကျော်လွှား နိုင်ပါစေ။
ဒေါက်တာ ဝင်းသန္တာဖြူ (မြောက်ဥက္ကလာဆေးရုံ)