ပိုးတွေ့သံဃာတော်များကို ထားရှိကုသရန် မဟာသန္တိသုခကျောင်းတိုက်ကြီးကို အကြီးစားပြုပြင်မည်

ပိုးတွေ့သံဃာတော်များကို ထားရှိကုသရန် မဟာသန္တိသုခကျောင်းတိုက်ကြီးကို အကြီးစားပြုပြင်မည်

ပိုးတွေ့ သံဃာတော်များ ထားရှိကုသမည့် မဟာသန္တိသုခကျောင်းတိုက် အကြီးစားပြင်ဆင်ခွင့်ကို အေဝမ်း ဆောက်လုပ်ရေးကုမ္ပဏီ နှင့် မြန်မာနိုင်ငံလိုင်စင်ရ ကန်ထရိုက်တာများ အသင်း တို့ တင်ဒါအောင်မြင်ပြီး တာဝန်ယူ ဆောင်ရွက်နေကြောင်း သာသနာရေးဦးစီးဌာန သတင်းထုတ်ပြန်ချက်အရ သိရပါတယ်။

ရန်ကုန်တိုင်းဒေသကြီး တာမွေမြို့နယ်ရှိ မဟာသန္တိသုခကျောင်းတိုက်၊ ကမ္ဘာအေးကုန်းမြေရှိ သံဃာ့ဆေးရုံနှင့် သာသနာရေးဦးစီးဌာန ဝန်ထမ်း အိမ်ရာများတွင် ကိုဗစ် ပိုးတွေ့သံဃာတော်များကို ထားရှိကုသရန် ပြင်ဆင်နေရာ မဟာသန္တိသုခပြင်ဆင်မွမ်းမံမှုများပြီးသွားပါက ကိုဗစ် ပိုးတွေ့သံဃာတော်အပါး (၅၀၀)စောင့်ကြည့် ကုသနိုင်မည်ဖြစ်ပြီး ၊ ကမ္ဘာအေးသံဃာ့ဆေးရုံ (၂) ဆောင်တွင်လည်း သံဃာအပါး (၁၀၀) ထားရှိကုသနိုင်ရန် ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့နှင့် ပူးပေါင်းဆောင်ရွက် နေကြောင်း သိရပါတယ်။

ထို့အပြင် ကမ္ဘာအေးသံဃာ့ဆေးရုံအနီးရှိ သာသနာရေးဦးစီးဌာန ဝန်ထမ်း အိမ်ရာများတွင်လည်း သံဃာစုစုပေါင်း (၁၃၆)ပါးထားရှိနိုင်ရန် ပြင်ဆင်နေပြီး အောက်တိုဘာ (၁)ရက် အထိ သံဃာနှင့်သီလရှင်အပါး (၄၄၀) ရောဂါပိုးကူးစက်ခံထားရကြောင်း သာသနာရေးဦးစီး ဌာနက ထုတ်ပြန်ထားပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *

You cannot copy content of this page