အင်းစိန်ရွာမကျောင်းတိုက်ရှိ သံဃာတော် ၂၇၉ ပါး ကိုဗစ်ကူးစက်ခံရ
အင်းစိန်ရွာမကျောင်းတိုက်ရှိ သံဃာတော် ၂၇၉ ပါး ကိုဗစ်ကူးစက်ခံရ
ရွာမ ပရိယတ္တိစာသင်တိုက် (အင်းစိန်)ရှိ သံဃာတော်များ ကိုဗစ် ကူးစက်ခံရမှုနှင့် ပတ်သက်၍ ယနေ့ ညနေ သတင်းထုတ်ပြန်ချက်
ကိုဗစ်ရောဂါ အခြေအနေ နှင့် ပတ်သက်၍ အသိပေးပါသည်။ ၂၄ ရက်နေ့ စစ်ဆေးချက်အခြေအနေမှန်မှာ ပိုးတွေ့လူနာ ၂၇၉ ဖြစ်ပါတယ်။ ကျန်းမာရေးဝန်ကြီးဌာနနှင့် တပ်မတော်တို့ ပူးပေါင်းဆောင်ရွက်ပြီး ကုသပေးလျှက် ရှိပါတယ်။
မှော်ဘီ တစက မှာ ၉၁ ဦး ကုသပေး မှာ ဖြစ်ပြီး အင်းစိန် သာသနာ့ဗိမာန်တွင် ၁၈၈ ပါးကို ကုသပေးမှာဖြစ်ပါတယ်။
ဆရာတော်ကြီးနှင့် ကျန်သံဃာများလည်း ကျန်းမာစွာ ရှိကြပါတယ်။ ပိုးတွေ့ သံဃာများလည်း ကျန်းမာရေး ကောင်းမွန်ကြပါတယ်။
ရွာမပရိယတ္တိစာသင်တိုက် (အင်းစိန်)