သံပုံးတီးပြီး အာဏာရှင်ကို ဆန့်ကျင်ခဲ့ကြတဲ့ သမိုင်းကြောင်းများ (သံပုံးတီးသံကို လျှော့မတွက်ကြပါနဲ့)

ရန်ကုန်မှာ သံပုံးတီးပြီး ဆန္ဒဖော်ထုတ်နေတာ ကြားရတော့ ချီလီက အမျိုးသမီးတွေ ဦးဆောင်ပြီး အိုးခွက်တွေနဲ့ ဆန္ဒပြခဲ့တာကို ပြန်ရှာဖတ်ဖြစ်ပါတယ်။ ဖတ်ရသလောက် အတိုချုပ်လေး ပြန်ရေးပေးလိုက်ပါတယ်။

အိုးခွက်တီးပြီး ဆန္ဒပြတာကို cacerolazo သို့မဟုတ် casserole လို့ခ်ါပါတယ်။ ထိုစကားလုံးသည် စပိန်ဘာသာစကား cacerola (စတူးအိုး) မှလာတာဖြစ်ပြီး၊ နောက်ဆက်တွဲ စကားလုံး -azo နှင့် -ada သည် ရိုက်နှက်ခြင်း လို့အဓိပါယ်ရပါတယ်။ cacerolazo လှုပ်ရှားမှုသည် အာရုံစူးစိုက်မှုရရှိစေဖို့ အိုးခွက်များနှင့် ဆူညံသံများပြုလုပ်ကာ စုပေါင်း ဆန္ဒပြခြင်း ပုံစံပဲဖြစ်ပါတယ်။ ပထမဆုံးဆန္ဒပြမှုကို ၁၈၃၀ ပြည့်နှစ်များက ပြင်သစ်နိုင်ငံ လူးဝစ်ဖိလစ် ၁ အစိုးရကို ဆန့်ကျင်သူများက ဇူလိုင်ဘုရင်စနစ်၏ အစတွင် စတင်ခဲ့တယ်လို့ မှတ်တမ်းတင်ထားပါတယ်။

ဒီဓလေ့ဟာ ဟိုးအလယ်ခေတ် ရာစုနှစ်များစွာမတိုင်ခင်ထဲက ပေါ်ပေါက်ခဲ့ပြီး တစ်စုံတစ်ဦး၏ အကျင့်ယိုယွင်းမှုအတွက် အရှက်ရစေရန် လှောင်ပြောင်သရော်သော အလေ့အထ ဖြစ်ပါတယ်။ အဲ့ဓလေ့ကို အဲ့အချိန်ကာလမှာ charivari (သို့) Rough Music (ဂီတ အကြမ်း) လို့ခေါ်တွင်ပါတယ်။

ပြင်သစ်မှာ ဘုရင်စနစ်ကျရှုံးဖို့ တောင်းဆိုသူများသည် charivari လှုပ်ရှားမှုကို ညအချိန်တွေမှာ မြို့၏နေရာအနှံ့တွင် ပြုလုပ်ခြင်းဖြင့် ပြင်သစ်ဘုရင်အား အရှက်ရစေခဲ့တယ်။ ပြင်သစ်သမိုင်းဆရာ Emmanuel Fureix ၏ အဆိုအရ ထိုကဲ့သို့ မီးဖိုချောင်သုံးပစ္စည်းများကို အသုံးပြုပြီး ဧကရာဇ်ဘုရင်အား ဆန္ဒပြခြင်းဟာ နိူင်ငံရေးအရ ထိရောက်မှုရှိခဲ့တယ်လို့ ဆိုပါတယ်။ ထိုသို့ အိုးခွက်တီးပြီး ဆန္ဒဖော်ထုတ်တဲ့ လှုပ်ရှားမှုကို ပြင်သစ်မှာ ၁၈၄၈ ဘုရင်စနစ် ကျဆုံးတဲ့အထိ လုပ်ဆောင်ခဲ့ ပါတယ်။

ရာစုနှစ်တစ်ခုကျော်ကြာ ပျောက်နေပြီးနောက် ၁၉၆၁ ခုနှစ် အယ်လ်ဂျီးရီးယား စစ်ပွဲမှာ စစ်ပွဲဆန့်ကျင်သူတွေ ကပြန်လည်အသုံးပြုခဲ့ပြီး “The Nights of the Pans”လို့ မှတ်တမ်းတင်ထားပါတယ်။ နောက်ပိုင်းတွင် ထိုအလေ့အထမှာ ချီလီနိုင်ငံမှ စတင်၍ တောင်အမေရိကနိူင်ငံအများစုမှာ နိူင်ငံရေးအရ ဆန္ဒဖော်ထုတ်ဖို့ ထဲထဲဝင်ဝင် အသုံးပြုလာပါတယ်။

၁၉၇၁ ခုနှစ်တွင် အစားအစာခေါင်းပါးမှုကြောင့် ဆိုရှယ်လစ်အစိုးရကို ချီလီနိုင်ငံရှိအမျိုးသမီးများက ဦးဆောင်၍ အိုးခွက်လွတ်များကို တီးခတ်၍ဆန္ဒ ပြခဲ့ပါတယ်။ ထိုလှုပ်ရှားမှုကို March of the Empty Casseroles လို့မှတ်တမ်းတင်ခဲ့တယ်။ အမျိူးသမီးအရေး လေ့လာသူများက ထိုဥပမာကို အမျိုးသမီးများရဲ့အိမ်တွင်းရေးသည် နိူင်ငံရေးပဲလို့ပြောဆိုရာမှာ နှိုင်းယှဉ်ပြလေ့ရှိပါတယ်။ ထို့နောက် ၁၉၈၃ခုနှစ် မေလ ၁၁ ရက်တွင် အာဏာပိုင်များက ညမထွက်ရအမိန့်ကိုထုတ်ပြန်ခဲ့သောကြောင့် အိမ်မှာနေနေရသော်လည်း ချီလီ၏ ပထမဆုံးသော တစ်နိူင်ငံလုံးပါဝင်သော cacerolazo ကို ထိုညမှာပဲ ကျင်းပခဲ့ပါတယ်။ ထိုမှတဆင့် ဒေသတွင်း ကူးစက်ကာ အခြားတောင်အမေရိကနိူင်ငံများဖြစ်သော အာဂျင်တီးနား၊ ဥရုဂွေးနဲ့ ဗင်နီဇွဲလား တို.မှာပါ အသုံးပြုခဲ့ကြပါသည်။

ဒီဘက်ခေတ်ပိုင်းမှာတော့ အောက်တိုဘာ ၂၀၁၉ မှာ ကာဖျူးထုတ်တာနဲ့ စစ်တတ်ရဲ့လွှမ်းမိုးမှုကို ဆန့်ကျင်ဖို့ ချီလီမှာ cacerolazo ပြန်လည်အသုံးပြုခဲ့ပြီး၊ ၂၀၂၀ မှာတော့ ချီလီမှာပဲကိုဗစ် ကြောင့် အစားအစာငတ်မွတ်လာသူတွေက cacerolazo လှုပ်ရှားမှုနဲ့ ဆန္ဒပြကြခဲ့ပါတယ်။ ထူးထူးခြားခြား မတူညီတဲ့ ရည်ရွယ်ချက်နဲ့အသုံးပြုတာတော့ အိန္ဒိယမှာ ကိုဗစ် အတွက် ‌တိုက်ပွဲဝင်နေတဲ့ ကျန်းမာရေးဝန်ထမ်းတွေကို ဂုဏ်ပြုတဲ့အနေနဲ့ အိုးခွက်တွေတီး အားပေးဂုဏ်ပြုခဲ့တယ်ဆိုပါတယ်။

မနေ့က မြန်မာပြည်မှာ စစ်အာဏာသိမ်းတာကို ဆန့်ကျင်တဲ့ သံဗုးတီး (သို.) cacerolazo နဲ့ ဆန္ဒဖော်ထုတ်တာလဲ ဝီကီပေါ်မှတ်တမ်းရှိနေပါပြီ။ သမိုင်းမှာ အောင်မြင်မှုအများကြီး ရှိထားတဲ့ သံဗုံးတီး (cacerolazo)လှုပ်ရှားမှုနဲ့ မြန်မာမှာလည်း စစ်အာဏာရှင်စနစ်ကိုအောင်အောင်မြင်မြင် တိုက်ထုတ်နိူင်ပါစေလို့ ဆန္ဒပြုပါတယ်။

ဖြူဖြူ

Leave a Reply

Your email address will not be published. Required fields are marked *

You cannot copy content of this page