သံပုံးတီးသူတဦးကို ရဲက ဖမ်းပေမယ့် တရပ်ကွက်လုံး လိုက်သွားလို့ ပြန်လွှတ်လိုက်ရ

သံပုံးတီးသူတဦးကို ရဲက ဖမ်းပေမယ့် တရပ်ကွက်လုံး လိုက်သွားလို့ ပြန်လွှတ်လိုက်ရ

ရန်ကုန်မြို့၊ ငမိုးရိပ်ရပ်ကွက် ၆လမ်း၊ အပိုင်း၃ မှာနေတဲ့ ပြည်သူတစ်ဦးကို သံပုံးတီးတဲ့အတွက် ရဲတပ်ဖွဲ့ကဖမ်းဆီးခဲ့တဲ့ဖြစ်စဥ် ဒီကနေ့ ဖေဖော်၀ါရီ ၄ရက်​နေ့ ညပိုင်းက ဖြစ်ပွားခဲ့ပါတယ်။

“ပထမက ရဲတစ်ယောက်ပဲ တိတ်တိတ်လေးလာခေါ်တာပါ၊ ပြီးမှ အိမ်အောက်လည်းရောက်ရော ကျွန်မတို့တစ်ရပ်ကွက်လုံး ရပ်ကွက်ရုံးကိုလိုက်သွားတယ်။ ဘာဖြစ်ချင်တာလဲပြောပါ ရပ်ကွက်ထဲက အားလုံးလိုက်မယ်ဆိုပြီး မြို့နယ်ရဲစခန်းမှာ သွားညှိတော့ ပြေလည်သွားပါပြီ၊ အခုပြန်ရောက်ပါပြီ”လို့ ရပ်ကွက်နေပြည်သူတစ်ဦးကပြောပါတယ် ။

အာဏာသိမ်းမှုကို ဆန့်ကျင်ကြောင်း ပြသတဲ့အနေနဲ့ ည ၈ နာရီတိုင်းမှာ သံပုံးတွေ တီးကြဖို့ စည်းရုံးမှုတွေ ရှိခဲ့ကြပြီး၊ သံပုံးတီး လှုပ်ရှားမှုတွေကို ဖေဖော်ဝါရီ ၂ ရက်နေ့က စ ပြီး လုပ်နေကြတာကို တွေ့ရပါတယ်။

အဲ့ဒီနောက်မှာတော့ သံပုံးတီးတာတွေကို တိုင်လို့ရပါတယ်ဆိုတဲ့ ပုံစံစာရွက်တွေကလည်း ဖေဖော်ဝါရီ ၃ ရက်နေ့ကတည်းက လူမှုကွန်ရက်စာမျက်နှာမှာ ပျံ့နှံ့ခဲ့ပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *

You cannot copy content of this page