မြန်မာပြည်မှာ ပိုက်ဆံ အကြီးအကျယ်လိမ်ပြီးရင် ပြန်ပေးစရာ မလိုပဲ နေထိုင်လို့ရတဲ့ နည်းလမ်း

ကျူးတဲလောက်မှာနေပြီး သိန်း ၂ သောင်းလိမ်သွားနိုင်တယ်ဆိုတာ အယုံလွယ်တာမျိုးတွေ ကြောင့်ပါ.. ဘာကြောင့် အယုံလွယ်လဲ.. ကိုယ်ပိုင်တွေးခေါ်နိုင်တဲ့ အလေ့အကျင့်တွေငယ်စဉ်ထဲက မရင်းနှီးခဲ့လို့ပါ.. အရှေ့က သင်သွားတာကို အလွတ်ကျက်ရင်း ဤသည် မရွေး ရေးချရတဲ့ အလေ့အထတွေကြောင့် ပညာရေးစနစ်နဲ့လည်း တပိုင်းတစ ဆက်နွယ်ပါတယ်.. မက်လုံးပေး ငွေလိမ်တာ ၊ တလတည်း နဲ့ သိန်း ၂ သောင်းလည်း ဟောကနဲ ဟောကနဲ တည့်တည့်ကို ဝင်လာတာ။

သိန်း ၂ သောင်း ငွေကြေးမှားယွင်းလိမ်လည်မှုပုဒ်မ က ၄၂၀၊ အမှုကာလက ကြိုက်သလို ဆွဲဆန့်ထားလို့ရတယ် (ဘာဖြစ်လို့လဲဆိုတော့ ဘယ်ငွေကြေးလိမ်လည်သူကမှ တရားသူကြီးရှေ့မှာ လိမ်တယ်လို့ မထွက်ဆိုဘူး၊ ပြန်ပေးပါမယ်၊ ဒါမှားယွင်း တိုင်တန်းမှုပါလို့ပဲ သူငှားထားတဲ့ရှေ့နေတွေရဲ့ သင်ကြားမှုအတိုင်းပဲ ထွက်ဆိုပါတယ်) ရဲကို သိန်း ၃၀၀ ပေးမယ်၊ တရားသူကြီးကို သိန်းတထောင်ပေးမယ်၊ ရှေ့နေငှားးခ သိန်း ၃၀၀ ထား၊ အိပ်လိုက်၊ စားလိုက်၊ မြေလေးဝယ်လိုက်၊ ကားလေးစီးလိုက်၊ အပန်းဖြေကမ်းခြေခရီးထွက်လိုက်၊ ၂ ပတ်တကြိမ် တရားရုံးတက်လိုက် (မလာနိုင်ရင်လည်း ဆရာဝန်ဆေးစာလေးပြလိုက်)။ အချိန်တန်လို့ ရှောင်မရ ရှားမရဘူးဆိုရင် တရားသူကြီးနဲ့ညှိပြီး လူစားလေးထိုးပေးလိုက်၊ ပြီးရင် တရားရုံးက ထောင်ဒဏ် ၁ နှစ်ချပေးလိုက်၊ ချုပ်ရက်၊ လျှော့ရက်၊ လွတ်ငြိမ်းခွင့်နဲ့ ၆ လဆို အပြင်ပြန်ရောက်။ လမ်းကြောင်းသိပြီး ဒီလိုလိမ်နေတာ အများကြီး။ တခါလိမ်ပြီးရင် အိုးပိုင်၊ အိမ်ပိုင်၊ လုပ်ငန်းပိုင်၊ တင့်တောင်းတင့်တယ် ငွေကြေးပြည့်စုံပြီး လူဂုဏ်တန်စာရင်းထဲ တံဆိပ်ခတ်ထားတာ အများကြီးပဲ။ (M.H)

လူလိမ်တွေရဲ့ လက်နက်က မစားရ ဝခမန်း ချွဲချဲပျစ်ပျစ်ပြောတတ်ခြင်းပါ.. အသေအချာ လိုက်မှတ်ကြည့်ရင် ရှေ့နောက် တစ်လွဲတွေ ဖြစ်နေတတ်ပါတယ်.. အဲ့ဒီအခါ အရင်ပြောခဲ့ဖူးတာတွေကို မပြောခဲ့သယောင် ထပ်လိမ်ပါတယ်..

အနောက်နိုင်ငံအတော်များများမှာတော့ လူလိမ်အဖြစ် တရားစွဲခံရ အပြစ်ပေးခံရဖူးသူဟာ တစ်သက်လုံး လုပ်ကိုင် စားလို့မရအောင် လူသေနဲ့မခြား ဖြစ်သွားတတ်ပါတယ်.. သူတစ်ပါး စုဆောင်းချွေးနည်းစာကို လျှာအရိုးမရှိ ပြောဆိုပီး စည်းစိမ်ခံချင်များအတွက်.. ပုဏ္ဏား ဘကွန်း ကြွေးတောင်းနည်းက နည်းလမ်းအမှန်ဆုံးပါ..

HtayOung (OungMarine)

Leave a Reply

Your email address will not be published. Required fields are marked *

You cannot copy content of this page