ရာထူးလည်း ထွက်မပေးနိုင်သလို၊ ဆန္ဒပြခေါင်းဆောင်များကို လွှတ်မပေးနိုင်ဟု ထိုင်းဝန်ကြီးချုပ် ပြော

ရာထူးလည်း ထွက်မပေးနိုင်သလို၊ ဆန္ဒပြခေါင်းဆောင်များကို လွှတ်မပေးနိုင်ဟု ထိုင်းဝန်ကြီးချုပ် ပြော

အောက်တိုဘာလ ၁၆ ရက်မှာ ထိုင်းဝန်ကြီးချုပ်ပရာယွတ်ချန်အိုချာက အစိုးရဆန့်ကျင်ဆန္ဒပြသူတွေရဲ့ တောင်းဆိုချက်အားလုံးကို ငြင်းဆိုလိုက်ပြီး သူကိုယ်တိုင်လည်း ရာထူးနုတ်ထွက်ပေးမှာမဟုတ်သလို ထိန်းသိမ်းခံထားရတဲ့ဆန္ဒပြခေါင်းဆောင်တွေကိုလည်း ပြန်လွှတ်ပေးမှာမဟုတ်ဘူးလို့ ဆိုလိုက်ကြောင်း သိရပါတယ်။

ဝန်ကြီးချုပ်က “ရာထူးကဆင်းပေးရအောင် ကျုပ်ဘာအမှားမှမလုပ်ထားပါဘူး။ ဆန္ဒပြခေါင်းဆောင်တွေကို ပြန်လွှတ်ပေးဖို့ဆိုတာလည်း ဥပဒေနဲ့မညီပါဘူး။ ဆန္ဒပြပွဲတွေကြောင့် ဟောင်ကောင်ရဲ့စီးပွားရေးထိခိုက်ခဲ့ရပါတယ်။ ကျုပ်တို့နိုင်ငံကလည်း ဟောင်ကောင်လို ဒီမိုကရေစီအဖွဲ့အစည်းတစ်ခုပါ။ ကျုပ်တို့အကောင်းဆုံးကြိုးစားနေပါတယ်။ အားလုံးရဲ့ပူးပေါင်းဆောင်ရွက်မှုပေါ်မှာ မူတည်ပါတယ်။ ထိုင်းနိုင်ငံကို ခင်ဗျားတို့ပိုင်တာမဟုတ်သလို ကျုပ်ပိုင်တာလည်း မဟုတ်ပါဘူး” လို့ ဆိုခဲ့ပါတယ်။

အစိုးရက တည်ငြိမ်အေးချမ်းမှုကိုထိန်းသိမ်းဖို့ကြိုးပမ်းနေပေမယ့် မီဒီယာတွေက တခြားအရေးတွေကိုလျစ်လျူရှု့ပြီး နိုင်ငံရေးပဋိပက္ခတွေဖြစ်ပွားလာအောင်သာ အာရုံစိုက်နေတယ်လို့ စွပ်စွဲပြောဆိုခဲ့ပါတယ်။

ထိုင်းနိုင်ငံမှာ အရေးပေါ်အမိန့်ကြေညာချက်ဟာ ရက် ၃၀ သာထုတ်ပြန်တာဖြစ်ပြီး ဘယ်သူ့ကိုမှထိခိုက်လိုတဲ့ရည်ရွယ်ချက်မရှိဘူးလို့လည်း ဆိုခဲ့ပါတယ်။

လူမှုကွန်ရက်မီဒီယာပေါ်မှာ သတင်းမှားဖြန့်နေသူတွေ၊ ကလေးတွေကိုစောင့်ရှောက်ရမယ့်အစား ဆန္ဒပြပွဲတွေမှာပါဝင်ခွင့်ပေးခဲ့တဲ့ကျောင်းသားမိဘတွေကို သတိပေးလိုက်ပေမယ့် စစ်အာဏာသိမ်းမယ်ဆိုတဲ့ကောလာဟလတွေကိုတော့ ငြင်းဆိုခဲ့ပါတယ်။

ထိုင်းနိုင်ငံမှာ အရေးပေါ်အမိန့်ထုတ်ပြန်ကြေညာထားပေမယ့် လူပေါင်းထောင်ချီစုရုံးပြီး ငြိမ်းချမ်းစွာဆန္ဒပြမှုတွေရှိနေဆဲဖြစ်တယ်လို့ သိရပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *

You cannot copy content of this page