မြန်မာဆိုရင် သံပုရာသီး ရှောက်သီးလို့ပဲ မြင်လာကြတဲ့ ထိုင်းလေဆိပ်မှာ ဖြစ်သွားတဲ့ ကိစ္စ

မြန်မာနိုင်ငံမှ ထိုင်းနိုင်ငံသို့ အကြောင်းအမျိူးမျိူးဖြင့် သွားရောက်သည့် မြန်မာနိုင်ငံသားများအား ထိုင်းနိုင်ငံ လေဆိပ်များရှိ ဌာနဆိုင်ရာ ဝန်ထမ်းများမှ ပစ်မှတ်ထား၍ စစ်ဆေးမှုများ လုပ်ဆောင်နေကြောင်း သိရပါတယ်။

မနေ့က ဒွန်မောင်းလေဆိပ်မှာ မြန်မာနိုင်ငံကလိုက်ပါလာတဲ့ လူ ၁၈ ယောက်ဟာ ပြည်ဝင်ခွင့်မရပဲ ထိမ်းသိမ်းခံလိုက်ရပါတယ်။ ညနေလေယာဉ်နဲ့ ဘန်ကောက်လာတာဖြစ်တဲ့အတွက် ညတွင်းခြင်း မြန်မာပြည်ပြန်လွတ်ဖို့ အဆင်မပြေလို့ လေဆိပ်မှာ ထိမ်းသိမ်းခံရတာပါ။

သူတို့မှာ.. Show Money တစ်ဦးလျှင် ဘတ် 28,000 နဲ့ အသွားအပြန်လေယာဉ်လက်မှတ်ပါပါတယ်။

ထိုင်းကိုအလည်လာကြတဲ့ လူငယ်လေးတွေဖြစ်ပြီး သန့်သန့်ပြန်ပြန့် ရည်ရည်မွန်မွန်ပုံစံလေးတွေပါပဲ။

သူတို့ရဲ့ အမှားက ဟိုတယ်ဘိုကင် ကြိုတင်မလုပ်ခဲ့တာပြဿနာပါ။ လေဆိပ်မှာ တန်းစီးပြီးထုံးစံအတိုင်း Immigration ဖြတ်တဲ့အခါမှာ လေဆိပ် Immigration မှ ဟိုတယ်ဘိုကင်အထောက်အထား တောင်းကြည့်ပါတယ်။

ဟိုတယ်ဘိုကင် အထောက် အထားမပြနိုင်တဲ့အတွက် ပြည်ဝင်ခွင့်မပေးတာလို့သိရပါတယ်။ အနီးနားမှာ ရှိတဲ့ မြန်မာလူမျိုးအချင်းချင်းရိုင်းပင်းတတ်တဲ့ညီမ တစ်ယောက်က ဟိုတယ်ဘိုကင်တစ်ညစာချက်ခြင်းပြုလုပ်ပေးပြီး ဟိုတယ် အထောက်အထားပြတဲ့အခါမှာလည်း မရပါဘူး။ ဟိုတယ် ကိုလေယာဉ်လက်မှတ် အသွားအပြန်နဲ့အတိအကျမပြတဲ့အတွက်လို့ ယူဆပါတယ်။

ဒါကြောင့် အားလုံးသတိရှိကြပါခင်ဗျာ။ ထိုင်းကိုလာမယ်ဆိုရင်..

1. Show Money

2.Hotel Booking အထောက်အထား

3. လေယဉ်လက်မှတ် အသွား/ အပြန်အတိအကျ ပြဖို့လို အပ်ပါတယ်။

ဖော်ပြပါအချက်အလက်များကို ဖြစ်နိုင်ရင် ဖုန်းထဲကပြသခြင်းထက် Print out စာရွက်စာတမ်းထုတ်လာဖို့အကြံပြုပါတယ်။ ၄င်းတို့ယုံကြည်ရလောက်တဲ့အနေအထားရှိတဲ့သူတွေကိုတော့ ရံဖန်ရံခါမှာ မမေးမစမ်းပဲလွတ်ပေးတတ်တာလည်းရှိပါတယ်။ မည်သို့ပင်ဆိုစေကာမူ ထိုင်း လာရင်မပေါ့ကြဖို့ အားလုံးကို သတိပေးတိုက်တွန်းလိုက်ပါတယ်။ (ဘန်ကောက်လမ်းညွန်ကိုစိုင်း)

ထိုင်းနိုင်ငံတင်မဟုတ်ဘူး မလေးရှားနိုင်ငံမှာလည်း မြန်မာဆိုရင် စာရွက်စာတမ်းအပြည့်အစုံပါတာတောင် ပေးမဝင်တာတွေ၊ အကြာကြီးမေးမြန်းတာတွေ ဒီလပိုင်းပိုများများလာတယ်လို့ ကြုံတွေ့ခဲ့ရသူတွေ ပြောပြချက်အရ သိရပါတယ်။ မြန်မာပတ်စ်ပို့ကိုင်ထားသူတွေရဲ့ရှေ့ရေးက နိုင်ငံတကာမှာ ခရီးသွားလာတဲ့အခါ ပိုပိုပြီးခက်ခဲလာမယ့်အရိပ်အယောင်တွေ မြင်လာနေရပြီ။ စိတ်မကောင်းစရာပါပဲ။

Leave a Reply

Your email address will not be published. Required fields are marked *

You cannot copy content of this page