ပြည်သူလူထု ကန့်ကွက်မှုကြောင့် တရုတ်ဆီမှ ရေငုပ်သင်္ဘောဝယ်ယူမည့် အစီအစဥ် ထိုင်းရွှေ့ဆိုင်း

ပြည်သူလူထု ကန့်ကွက်မှုကြောင့် တရုတ်ဆီမှ ရေငုပ်သင်္ဘောဝယ်ယူမည့် အစီအစဥ် ထိုင်းရွှေ့ဆိုင်း

ကိုရိုနာဗိုင်းရပ်စ်ကြောင့် စီးပွားရေးထိခိုက်နေချိန် အငြင်းပွားဖွယ်ရာ သဘောတူညီချက်အပေါ် ပြည်သူ များ၏ အမျက်ဒေါသထွက်မှုကြောင့် တရုတ်နိုင်ငံမှ ဒေါ်လာ ၇၂၄ သန်းတန် ရေငုပ်သင်္ဘောနှစ်စင်း ဝယ်ယူမည့်အ စီအစဉ်ကို ထိုင်းနိုင်ငံက ရွှေ့ဆိုင်းခဲ့ပါတယ်။

၂၀၁၅ ခုနှစ် သဘောတူညီချက်အရ ထိုင်းနိုင်ငံက တရုတ်နိုင်ငံထံမှ ရေငုပ်သင်္ဘောများဝယ်ယူသည့် ပထမဆုံးသော တိုင်းပြည်များတွင် ပါဝင်ခဲ့ပြီး ၂၀၁၇ ခုနှစ်တွင် ရေငုပ်သင်္ဘောသုံးစင်းဝယ်ယူရန် အပြီးသတ်သဘောတူညီခဲ့သလို ပထမဆုံး ရေငုပ်သင်္ဘောကို ၂၀၂၃ ခုနှစ်တွင် ထိုင်းရေတပ်သို့ပေးပို့ရမှာ ဖြစ်ပါတယ်။

ယခုလအစောပိုင်းတွင် ဒေါ်လာ ၇၂၃ သန်းကျော်ဖြင့် ရေငုပ်သင်္ဘောနှစ်စင်း ထပ်မံမှာယူမှုကို လွှတ်တော် ကော်မတီက အတည်ပြုခဲ့ရာ တိုင်းပြည်စီးပွားရေးကျဆင်းနေချိန်တွင် အတည်ပြုမှုအတွက် ပြည်သူများက အ မျက်ဒေါသထွက်ခဲ့ကြပါတယ်။

အမျက်ထွက်နေသော ထိုင်းပြည်သူများက လူမှုကွန်ရက်မှတစ်ဆင့် သဘောတူညီချက်ကို ဝေဖန်ခဲ့ပြီး “ပြည်သူများက ရေငုပ်သင်္ဘောများ အလိုမရှိ” ဟု တွစ်တာ၌ ရေးသားခဲ့ကြပါတယ်။

ဝန်ကြီးချုပ် ပရာယွပ်ချန်အိုချာနှင့် ကာကွယ်ရေးဝန်ကြီးတို့က နောက်ထပ် ရေငုပ်သင်္ဘောနှစ်စင်း ဝယ် ယူမှုကိုဆိုင်းငံ့ရန် ရေတပ်သို့ ညွှန်ကြားခဲ့ကြောင်း အစိုးရအဖွဲ့ ပြောရေးဆိုခွင့်ရှိသူ အနူချာဘူရာပါချိုင်သီရိက ကြေညာခဲ့ရပါတယ်။

“ထိုင်းရေတပ်က ရေငုပ်သင်္ဘောဝယ်ယူမှု ဆိုင်းငံ့ဖို့ တရုတ်နိုင်ငံနဲ့ စေ့စပ်ညှိနှိုင်းမှာဖြစ်ပါတယ်” ဟု အနူ ချာက သတင်းထောက်များသို့ ပြောကြားခဲ့ပါတယ်။

ဝန်ကြီးချုပ် ပရာယွပ်၏ အစိုးရအဖွဲ့က ရာထူးမှနှုတ်ထွက်ပေးရန် အစိုးရအဖွဲ့ ဖျက်သိမ်းပေးရန် တောင်းဆိုသော ဆန္ဒပြသူများ၏ နေ့စဉ်နီးပါး ဆန္ဒဖော်ထုတ်မှု ရင်ဆိုင်နေရပါတယ်။

ထိုင်းနိုင်ငံ၏ စီးပွားရေးမှာလည်း နှစ် ၂၀ ကျော်အတွင်း အဆိုးရွားဆုံး ကျဆင်းခဲ့ပြီး ခရီးသွားလုပ်ငန်းနှင့် ပို့ကုန်တင်ပို့မှုအခြေပြု တိုင်းပြည်၏စီးပွားရေးမှာ ကိုရိုနာဗိုင်းရပ်စ် ကပ်ရောဂါဘေး ဆိုးရွားစွာ ခံနေရပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *

You cannot copy content of this page