မြဝတီ Q စင်တာမှ ထိုင်းပြန် (၈) ဦး ထွက်ပြေးနေ၊ ယခုချိန်အထိ ရှာမတွေ့သေး
မြဝတီ Q စင်တာမှ ထိုင်းပြန် (၈) ဦး ထွက်ပြေးနေ၊ ယခုချိန်အထိ ရှာမတွေ့သေး
ယနေ့ စက်တင်ဘာလ ၁၆ ရက်နေ့ နေ့လည် (၁၂)နာရီအချိန်ခန့်က မြဝတီ ကုန်သွယ်ရေးဇုန် Quarantine Center မှ ထွက်ပြေးသူ ရှစ်ဦးရှိပြီး ယခုအခါ သက်ဆိုင်ရာမှ အပူတပြင်း ရှာဖွေလျက်ရှိကြောင်း သတင်းရရှိပါတယ်။
အဆိုပါ ထွက်ပြေးသူများသည် ထိုင်းနိုင်ငံ မဲဆောက်မြို့မှ ရောက်ရှိလာသူများဖြစ်ပြီး လိပ်စာအရ မြဝတီမြို့တွင် နေထိုင်သူများဖြစ်ကြောင်း ကနဦးသတင်းများအရ သိရပါတယ်။ အဆိုပါ လူနာများ ဆေးစစ်ချက်ယူထားခြင်း ရှိမရှိကို ကျန်းမာရေးဌာနမှ အသေးစိတ် ထုတ်ပြန်ထားခြင်း မရှိသေးကြောင်း သိရှိရပါတယ်။