ဘုရင်စနစ်ကို ဘယ်တော့မှ ဖျက်သိမ်းမှာ မဟုတ်တဲ့ ထိုင်းနိုင်ငံနဲ့ အကြီးအကျယ်ဆန္ဒပြနေရခြင်း အကြောင်းအရင်း

ဘုရင်စနစ်ကို ဘယ်တော့မှ ဖျက်သိမ်းမှာ မဟုတ်တဲ့ ထိုင်းနိုင်ငံနဲ့ အကြီးအကျယ်ဆန္ဒပြနေရခြင်း အကြောင်းအရင်း

ထိုင်းမှာ အစိုးရဆန့်ကျင် ဆန္ဒပြအဖွဲ့တွေဟာ ဘုရင်စနစ် ဖျက်သိမ်းပေးဖိူ့ဆိုတဲ့ တောင်းဆိုချက်တွေ မပါပါဘူး

နာမည်ကြီးသတင်းမီဒီယာတစ်ချို့တွေမှာ ဘုရင်စနစ်ဖျက်သိမ်းပေးဘို့ဆိုပြီး ရေးသားဖော်ပြထားလို့ ဖတ်ပြီး မျက်လုံပြူးသွားတယ်..ဗျာ ..နေရင်းထိုင်ရင်း ဘုရင်ကြီးခင်မြှာ ရာဇအိန္ဒြေပျက်သွားပါအုံးမယ်ဗျာ ( နောက်နှစ် ဝင်းနဲ့ဇော်အတွက် လွတ်ငြိမ် းချမ်းသာခွင့်လေးကနေတဆင့်နဲ့တဆင့်လျှော့ပေါ့ပေးဖို့က ဘုရင့်မွေးနေ့တိုင်းမှာ မျှော်လင့်ရအုံးမှာပါ)

ဗဟုသုတအဖြစ်ရေးပြချင်ပါတယ်ဗျာ။ ဆရာလုပ်တယ်မထင်ပါနဲ့

ထိုင်းမှာကာကွယ်ရေးဦးစီးချုပ်တို့ ၊ စီနီယာစစ်ဗိုလ်ချုပ်ကြီးတို့ အနားယူတဲ့အခါမှာ ဘုရင့်အနားမှာ သက်တော်ရှည်အတိုင်ပင်ခံအမတ်ကြီးအဖြစ် တာဝန်ထမ်းဆောင်ကြရပါတယ် ၊ ထိုင်းလိုတော့ “အုန်ခမွန်သရီ” လို့ခေါ်ပါတယ် ၊ တနည်းအားဖြင့် “အမ်မတ်” လို့လည်းခေါ်ပါတယ် ။ ပါဋ္ဌိဘာသာကဆင်းသက်လာတဲ့ အမတ်ပါဘဲ ခင်ဗျာ ..

အဲ့ဒီတော့ အဲ့ဒီအတိုင်ပင်ခံအမတ်ကြီးဟာ ဘုရင့်နန်းတွင်းမှာ အမြဲအခစားဝင်ပြီး နိုင်ငံရေးစီးပွားရေးတွေမှာ ဘုရင်ကြီးကမိန့်တယ် , ဘုရင်ကြီးက မိန့်တော်မူတယ်ဆိုပြီး လှည့်ကွက်တွေကို ခေတ်အဆက်ဆက် ပြည်သူတွေကခ ါးစည်းပြီးခံနေကြရတာတွေရှိခဲ့ပါတယ် ၊ ဒီတော့ ဘုရင့်နန်းတွင်းထဲက အမိန်တော်ဆိုတော့ ပြည်သူတွေက ဘာမှမပြောဝံ့ကြပါဘူး ။

တကယ်တော့ တစ်ချို့ကိစ္စရပ်တွေမှာ ဘုရင်ကြီးကိုယ်တိုင် မသိရှိတာတွေလည်း ရှိပါတယ် ၊ တပ်ကနေ အနားယူတဲ့ အကြီးအကဲကြီးတွေပါဘဲ ဘုရင်နဲ့အနီးကပ် အတိုင်ပင်ခံသက်တော်ရှည်အမတ်ကြီးက ဘုရင့်တော်ဝင်မိသားစုနဲ့ ပြည်သူအကြားမှာ မလိုလား အပ်တဲ့ မမှန်မကန် လျှောက်တင်ဖုံးကွယ်မှုများကြောင့် အမှန်တရားတစ်ချို့ ဆိတ်သုဉ်းနေတဲ့အတွက် အဲ့ဒီစနစ်ဥပဒေကို ပယ်ဖျက်ပေးဘို့ တောင်းဆိုခြင်းဖြစ်ပါတယ် ။

ကျန်တာကတော့ ပါလီမန်ကိုဖျက်သိမ်းပေးပြီး ဝန်ကြီးချုပ်ကိုဖြုတ်ချဘို့အတွက်တောင်းဆိုကြတာပါ ၊ အခြေခံဥပဒေသစ် ရေးဆွဲပေးဘို့နဲ့ ပြည်သူများအား တားဆီးနှောက်ယှက်ခြင်းတွေ ရပ်တန့်စေဘို့ ဆန့်ကျင်ဆန္ဒပြခြင်းဖြစ်ပါတယ် ။

ဘုရင်စနစ်ကြီးကိုတော့ မည်သည့်ပြည်သူကမှ မဆန့်ကျင်ရဲကြပါဘူးခင်ဗျာ ။ သူတို့ပြည်သူတွေက ဘုရင်ကို ဘုရားလို ကိုးကွယ်ကြတာပါ ၊ အိမ်တိုင်းမှာ ဘုရားစင်ရှိချင်မှရှိမယ် ၊ သစ်သားနဲ့ပြုလုပ်ထားတဲ့ ဘုရင်ရုပ်ထုရုပ်ပုံနဲ့ ဘုရင်စင်တော် အထပ်ထပ်ကအိမ်တိုင်းမှာရှိပါတယ် ..

ကျန်တာတွေတော့မရေးတော့ပါဘူးဗျာ

SiThuMaung

Leave a Reply

Your email address will not be published. Required fields are marked *

You cannot copy content of this page