ဂျာမနီမှာနေရင်း ရေမြေ့ရှင်မင်း လုပ်နေတဲ့ ထိုင်းဘုရင်ကြီးကို မျက်စိစပါးမွှေးစူးနေတဲ့ ဂျာမန်အစိုးရ

ဂျာမနီမှာနေရင်း ရေမြေ့ရှင်မင်း လုပ်နေတဲ့ ထိုင်းဘုရင်ကြီးကို မျက်စိစပါးမွှေးစူးနေတဲ့ ဂျာမန်အစိုးရ

ထိုင်းပြည်သူ ထောင်ပေါင်းများစွာဟာ ထိုင်းနိုင်ငံကိုပြန်လည်ပြင်ဆင်ဖွဲ့စည်းဖို့ လမ်းပေါ်ကိုထွက်ပြီးဆန္ဒပြလာကြတယ် သူတို့ရဲ့မကျေနပ်ချက်ဟာထိုင်းဘုရင် Maha Vajiralongkorn အပေါ် အာရုံထားနေကြတယ် ဘုရင်ကြီးဟာ ဂျာမဏီမှာ နေထိုင်ပြီးအချိန်ဖြုန်းနေတယ် ဂျာမန်အစိုးရဟာ စိတ်ပူစပြုလာနေပါပြီ လို့ ဂျာမန် DW သတင်းကရေးပါတယ်

ထိုင်းဆန္ဒပြသူတွေဟာ ဝန်ကြီးချုပ် Prayuth Chan-ocha ကိုနှုတ်ထွက်ခိုင်းနေကြတယ် ပရာယွတ်ဟာ ၂၀၁၄ ခုနှစ်စစ်အာဏာသိမ်းမှုက စပြီးတက်လာတဲ့ စစ်တပ်ဗိုလ်ချုပ်ကြီးဟောင်း ဖြစ်ပါတယ် ဆန္ဒပြသူတွေဟာ ဖွဲ့စည်းပုံအခြေခံဥပဒေ ကိုပြင်ဆင်ပြီး နိုင်ငံရဲ့အာဏာကြီးမားလွန်းတဲ့ ဘုရင်စနစ်ကို ပြန်လည်ပြင်ဆင်ဖို့ကိုပါ တောင်းဆိုနေကြပါတယ်

“သူတို့ရဲ့မကျေနပ်ချက်တွေ ကိုအရင်းအတိုင်းဖော်ထုတ်ချင်နေကြတာပါ အရင်းခံအကြောင်းတရားတွေကိုရှာကြတဲ့အခါ သူတို့ဟာ အုပ်ချုပ်သူအစိုးရရဲ့ဖွဲ့စည်းပုံကို သွားတွေ့ခဲ့ကြတယ် အဲ့ဒိအထဲမှာ နန်းတော်ကြီးကလည်း တခုအနေနဲ့ပါလာတယ်” လို့ GIGA Institute for Asian Studies ကနိုင်ငံရေးသိပ္ပံပညာရှင် Janjira Sombatpoonsiri က DW သတင်းဌာနကိုပြောပြပါတယ်

ထိုင်းနိုင်ငံမှာ ထိုင်းတော်ဝင်မိသားစုဆိုတာဟာ အထိမခံတဲ့ခေါင်းစဥ်ဖြစ်ပြီး ပြည်သူလူထုအပေါ်မှာ လွှမ်းမိုးမှုအလွန်အားကောင်းပါတယ် လက်ရှိဘုရင် Maha Vajiralongkorn ဟာ ၂၀၁၆ မှာနန်းတက်လာပြီး သူနန်းတက်လာပြီးကတည်းကစလို့ နိုင်ငံရဲ့အရေးအရာတွေနဲ့အဖွဲ့အစည်းတွေကို တိုက်ရိုက် ထိန်းချုပ်ဖို့လုပ်ခဲ့ပါတယ် အာမီတပ်ဖွဲ့ ၂ ခုကို သူ့ရဲ့(နန်းတော်) လက်အောက်ကို သွတ်သွင်းဖို့အမိန့်ပေးခဲ့ပြီး ထီးနန်းရဲ့ စည်းစိမ်ဥစ္စာတွေကို ကာကွယ်ဖို့လုပ်ခဲ့တယ် ​

ဆန္ဒပြပြည်သူတွေရဲ့ မကျေနပ်မှုထဲမှာ နောက်ထပ်တခုကတော့ သူဟာ သူ့ရဲ့အချိန်တွေတော်တော်များများကို ထိုင်းနိုင်ငံမှာမကုန်ဆုံးစေပဲ ဂျာမဏီနိုင်ငံမှာနေထိုင်ဖို့ စီမံဆုံးဖြတ်ခဲ့လို့ဆိုတာပါပဲ ၂၀၀၇ ခုနှစ်ထဲကစလို့ထိုင်းဘုရင်ဟာ ဂျာမန်တောင်ပိုင်းက Bavaria မှာ အကြာကြီးနေခဲ့ပါတယ် ရေကန်ကြီးရဲ့ဘေးနားက Tutzing မြို့မှာသူ့ရဲ့ စံအိမ်ရှိပါတယ် သို့ပေမယ့်သူဟာ အဲ့ဒိမှာမနေဘဲ Garmisch-Partenkirchen မြို့က Sonnenbichl Hotel မှာ တည်းခိုနေပါတယ် အသက် ၁၅ နှစ်ရှိပြီဖြစ်တဲ့သူ့ရဲ့ သားဖြစ်သူတောင် Bavaria မှာကျောင်းတက်နေပါတယ် အဲ့သည်လိုနေနေတာကို ဂျာမန်သတင်းဌာနတွေက စောင်းမြောင်းရေးသားကြပါတယ် ချောင်းမြောင်းရိုက်ကူးထားတဲ့ ဓါတ်ပုံတွေဟာလည်း သတင်းစာတွေနဲ့အွန်လိုင်းတွေပေါ်မှာပလူပျံနေပါတယ် ထိုင်းဆန္ဒပြသူတွေက သူထိုင်းနိုင်ငံမှာမရှိတာရယ် ဂျာမဏီမှာငွေတွေသုံးဖြုန်းနေတာရယ်ကို ကောင်းကောင်းဝေဖန်နေကြပါတယ်

“ဂျာမန်မှာနေပြီးဘာတွေလုပ်နေသလဲ”

Junya Yimprasert (ခွန်ညာ ယင်ပရာဆတ်) ဆိုသူဟာ ဟာထိုင်းနိုင်ငံကနေ ၂၀၁၀ မှာထွက်လာပြီး အခုလက်ရှိဥရောပမှာနေထိုင်နေပါတယ် သူဟာထိုင်းဘုရင်စနစ်ရဲ့ ဂုဏ်ရှိန်မှေးမှိန်လာနေတာတွေအပေါ် သူမြင်သမျှတွေကို ကမ္ဘာကို ဖော်ထုတ်တင်ပြနိုင်ဖို့လုပ်နေသူပါ သူက ထိုင်းဘုရင်ဟာ ထိုင်းနိုင်ငံရဲ့ အထွတ်အထိပ်အဖြစ်ရှိနေတာမှာ တရားဝင်ဆောင်ရွက်ရမယ့် နိုင်ငံ့ရေးရာတွေ အလုပ်တွေကို နိုင်ငံရပ်ခြားကနေလုပ်ဖို့ မသင့်တော်ဘူး လို့ DW သတင်းဌာနကိုပြောပြပါတယ်

” ထိုင်းပြည်သူတွေဟာ စိတ်ဆိုးလာနေကြပါတယ် သူဟာဂျာမဏီ ကို တိုးရစ်စ်တစ်ယောက်လို သွားလည်ပါတ်နေတာမဟုတ်ပဲ ထိုင်းနိုင်ငံရဲ့ နိုင်ငံရေးကို ဖျက်ဆီးပြလို့မဆုံးဘူးဖြစ်နေတာမို့ပါပဲ” သူက ဒီမှာလည်းနေမယ် ကျွန်မတို့တိုင်းပြည်ကိုလည်း ဆက်လွှမ်းမိုးအုပ်စီးထားဦးမယ်ဆိုတာမျိုးလုပ်နေတယ် လို့ပြောသွားပါတယ် Junya Yimprasert ရဲ့အဖွဲ့အစည်းဟာ Act4Dem လို့ခေါ်ပါတယ် ဂျာမဏီက အမြတ်အစွန်းမယူတဲ့ အဖွဲ့အစည်းတစ်ခုဖြစ်တဲ့ PixelHELPER နဲ့ပူးပေါင်းပြီး ထိုင်းနိုင်ငံမှာ အပြောင်းအလဲတွေဖြစ်လာဖို့နဲ့ ပြည်သူတွေပိုပြီးအမြင်ကျယ်သတိပြုမိလာစေဖို့ ဆန္ဒပြပွဲတွေကို ဂျာမဏီမှာ ပြုလုပ်နေကြသူတွေ ဖြစ်ပါတယ် ထိုင်းဘုရင်ကို ဝေဖန်တိုက်ခိုက်တဲ့ ကြွေးကျော်သံတွေဖော်ထုတ်ပေးတယ် ဘုရင်ကိုလက်ခံထားတဲ့ အဆောက်အအုံတွေ မှန်သမျှကိုပါ အပါအဝင်ဝေဖန်လှုံ့ဆော်တယ် ဂျာမန်ပါလီမန်နဲ့ Sonnenbichl Hotel လည်း မလွတ်ပါဘူး Yimprasert ဟာအခုဆိုရင် ဂျာမန်အဓိပတိ မာကယ်နဲ့ လွှတ်တော်ဥက္ကဌ Wolfgang Schäuble တို့ဆီကိုစာတစ်စောင်ရေးသားပေးပို့ခဲ့ပါတယ် ထိုင်းဘုရင် ဂျာမန်မှာနေထိုင်နေတာကို အရေးယူ ပေးဖို့ပါပဲ

“တရားဝင်နေနေတာလား”

ထိုင်းဆန္ဒပြသူတွေတင် စိတ်ပူနေတာမဟုတ်ပါဘူး ဂျာမန်လွှတ်တော်အမတ် Friethjof Schmidt (Green Party ကပါ) က ထိုင်းဘုရင်ဟာ ကိုယ်ပိုင်ပုဂ္ဂလိကအစီအစဥ်နဲ့ သာမန်လူတွေလို ဗီဇာရထားတာဖြစ်ပါတယ် သို့သော်ထိုင်းနိုင်ငံသံရုံးရဲ့အစီအမံအရ သံတမန်အထူးအခွင့်အရေး တော့ရထားပါတယ် လို့ပြောပါတယ် ဂျာမန်မှာရှိနေတုန်း ဘုရင်ဟာ နှမဖြစ်သူရဲ့ နိုင်ငံရေးပါတီကိုပြီးခဲ့တဲ့ရွေးကောက်ပွဲအတွင်းမှာ ပိတ်ပင်တားမြစ်ခဲ့တယ် ဒီနိုင်ငံမှာရှိနေတုန်း ထိုင်းကအရာရှိတွေ ဂုဏ်သရေရှိလူကြီးတွေ ဧည့်သည်တွေ လှုပ်ရှားသူတွေ လာကြတာကိုဘုရင်ဟာ လက်ခံတွေ့တယ် နိုင်ငံရေးနဲ့ပတ်သက်တာတွေလို့ပဲထင်ပါတယ် ” ထိုင်းနိုင်ငံဆိုင်ရာသံရုံးကို ဒီလိုကိစ္စမျိုးတွေနဲ့ပတ်သက်ပြီး ဂျာမန်အစိုးရကအကြောင်းကြားသတိပေးထားခဲ့ရတာတွေလည်းအရင်ကတည်းကရှိပါတယ် ” ” ဒါ့အပြင် ထိုင်းဘုရင်ဟာ သူ့ရဲ့ဗီဇာစည်းမျဥ်းအတိုင်းလိုက်နာရမယ့်စည်းကမ်းတွေကို ချိုးဖောက်တာတွေလည်းရှိတယ် ကျွန်တော့်အမြင်အရ ပြောရရင် ဂျာမန်အစိုးရဟာ သူတို့ကို ဥပဒေလိုက်နာဖို့ကြပ်မတ်သင့်တယ်” လို့ ပြောသွားပါတယ်

ဂျာမန်လွှတ်တော်မှာ အမတ် Schmidt ရဲ့မေးမြန်းချက်ကို နိုင်ငံခြားရေးဝန်ကြီး Heiko Maas ကဖြေကြားရာမှာတော့ ” ဂျာမန်မြေပေါ်ကနေ ထိုင်းနိုင်ငံရေးကိစ္စတွေ လုပ်လို့မရဘူး သူတို့ရဲ့နိုင်ငံအရေးတွေကို ဒီမြေပေါ်ကနေလုပ်ဖို့ လာတဲ့ ဧည့်သည်တွေကို ဂျာမဏီဟာ အမြဲတမ်း ဆန့်ကျင်ရပါလိမ့်မယ် ” လို့ဖြေကြားပါတယ်

ဂျမန်နိုင်ငံခြားရေးဌာနက ပြောခွင့်ရသူ တစ်ယောက်ကတော့ ” ဒီလိုအခြေအနေတွေကို ထိုင်းသံအမတ်နဲ့ အကြိမ်ပေါင်းများစွာပြောဆိုဆွေးနွေးပြီးပါပြီ သူတို့ဖက်က ပြောပါတယ် ဘုရင်ကြီးဂျာမဏီမှာသူ့ကိုယ်ပိုင်အကြောင်းနဲ့ ရောက်နေတုန်းမှာ ထိုင်းနိုင်ငံရဲ့အစိုးရအလုပ်တွေအားလုံးကိုဝန်ကြီးချုပ်ကပဲ အားလုံးလုပ်ဆောင်ပါတယ်လို့ အာမခံပြောကြားခဲ့ပါတယ် ” လို့ပြောပါတယ်

ကိုဗစ် ကပ်ရောဂါကာလအတွင်း ဂျာမဏီမှာ ၆ လလောက်နေပြီးတဲ့နောက် ဘုရင်ဟာ ထိုင်းကိုပြန်လာပါတယ် ရက်သတ္တပါတ်အနည်းငယ်လောက်နေမယ်ဆိုတဲ့စိတ်ကူးနဲ့ပါ သူ့အပြန်ခရီးကို ကြိုဆိုကြတာက ဆန္ဒပြပွဲနဲ့ဖြစ်ပါတယ် အရင်က ဆန္ဒပြပွဲတွေလိုမဟုတ်တဲ့ ဘုရင်စနစ်ကိုပါ ပြောင်းလဲပေးရေးတောင်းဆိုကြတဲ့ ဆန္ဒပြပွဲတွေနဲ့ဖြစ်နေပါတယ် ​​ခေတ်ရေစီးကြောင်းပြောင်းလဲစပြုနေပါပြီ

pi lon

Leave a Reply

Your email address will not be published. Required fields are marked *

You cannot copy content of this page