ဒီအချိန်မှာ ထိုင်းဖက်က အရမ်း ဖမ်းနေပါတယ် တရားမဝင် ဝင်လာမယ့်သူများ သတိထားကြပါ

ဒီအချိန်မှာ ထိုင်းဖက်က အရမ်း ဖမ်းနေပါတယ် တရားမဝင် ဝင်လာမယ့်သူများ သတိထားကြပါ

ဒီဇင်ဘာ (၁၂) ရက်ည စနေညက ထိုင်းနိုင်ငံထဲ တရားမဝင်, ဝင်ရောက်ဖို့ကြိုးစားခဲ့တဲ့ မြန်မာနိုင်ငံသား မြန်မာနိုင်ငံသား (၂၅) ယောက်ကို ဖမ်းဆီးရမိခဲ့တယ်လို့ ဘန်ကောက်ပို့စ်သတင်းစာက ထုတ်ပြန်ကြေညာပါတယ်။

အမျိုးသား (၁၄) ယောက် နဲ့အမျိုးသမီး (၁၁) ယောက်တို့က ည ၁၁ နာရီဝန်းကျင်မှာပဲ နယ်စပ်ကိုကျော်ပြီး Muang ခရိုင်ထဲက ရွာတစ်ရွာနားက ခြုံပုတ်ထဲမှာ ပုန်းအောင်းနေတာကို ရဲတပ်ဖွဲ့က လှည့်ကင်းထွက်ရင်း ဖမ်းမိခဲ့တာလို့ ဆိုပါတယ်။

တပ်နဲ့ ရဲ ပူးပေါင်း ကင်းလှည်မှုတွေလုပ်နေရာမှာ မြန်မာနိုင်ငံသား (၂၅) ဦးဟာ ထိုင်းနယ်စပ်ကို ကျော်ရုံလေးသာ ကျော်လာခဲ့တာဖြစ်ပြီး Phu Nam Ron ရွာကနေ Ban Kao ကိုသွားဖို့ တရားမဝင် ဝင်ရောက်လာတာဖြစ်ပြီး တစ်ယောက်မှ ခန္ဓာကိုယ်အပူချိန် လွန်ကဲနေတာမရှိဘဲ ဆက်လက်စုံစမ်းမှုတွေလုပ်ဖို့ Muang ခရိုင်ရဲတပ်ဖွဲ့ထံ လွှဲပြောင်းပေးခဲ့တယ်လို့ သတင်းမှာ ဖော်ပြပါရှိပါတယ်။

မြန်မာနိုင်ငံဘက်က ကူးလာသူတွေမှာ ကိုဗစ်ရောဂါပိုးတွေပါဝင်လာပြီး နိုင်ငံအတွင်း ကူးစက်မှုပျံ့နှံ့မှာကို စိုးရိမ်တဲ့အတွက် ထိုင်းနိုင်ငံ နယ်ခြားဒေသတွေမှာ တပ်၊ ရဲနဲ့ လုပ်အားပေးတွေက အင်အားသုံးပြီး ဒရုန်းတွေပါ ့ည အသုံးပြုကာ မြန်မာနိုင်ငံဘက်က တရားမဝင် ဝင်လာမယ့်သူတွေကို စောင့်ဖမ်းဖို့ စီမံချက်ချပြီး လုပ်ဆောင်နေတာဖြစ်ပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *

You cannot copy content of this page