လုပ်ငန်းခွင်မှာ သေဆုံးခဲ့တဲ့ မြန်မာအလုပ်သမားလေး အသက်ကို (၂၆) သိန်းနဲ့ တန်ကြေးဖြတ်တဲ့ ထိုင်းသူဌေး

လုပ်ငန်းခွင်မှာ သေဆုံးခဲ့တဲ့ မြန်မာအလုပ်သမားလေး အသက်ကို (၂၆) သိန်းနဲ့ တန်ကြေးဖြတ်တဲ့ ထိုင်းသူဌေး

မတရားမှုကို တော်လှန်ရမှာက AAC ရဲ့ သမိုင်းပေးတာဝန်ဘဲ။ မနေ့ညနေက မြန်မာအလုပ်သမားတစ်ယောက် ထိုင်းနိုင်ငံ ဘန်းကပိမြို့နယ် စက္ကူရုံထဲက လုပ်ငန်းခွင်မှာ စက်နဲ့ရိုက်မိပြီး ရုပ်ပျက်ဆင်းပျက် သေဆုံးသွားတယ်..

မနေ့က စက်ရုံတာဝန်ရှိသူတွေက သဂြိုလ်စရိတ်တာဝန်ယူမယ်။ ဘတ် ၆ သောင်း (မြန်မာငွေ ၂၆ သိန်းကျော်) ပေးမယ်။ အဲ့ဒါကို သဘောတူကြောင်း သေဆုံးသူနဲ့ ညီအကိုဝမ်းကွဲတော်စပ်သူကို လက်မှတ်အတင်းထိုးခိုင်းတယ်…မြန်မာနိုင်ငံက သေဆုံးသူရဲ့ မိဘတွေက အဲ့အချက်တွေကို သဘောမတူတော့ ဒီက သေဆုံးသူရဲ့ ညီဝမ်းကွဲက သဘောတူကြောင်း လက်မှတ်မထိုးပေးဘူး…

အဲ့တော့ စက်ရုံတာဝန်ရှိသူတွေက ဘတ် (၇)သောင်းထိတိုးပေးမယ်..ပြောတယ်။ ဒါပေမဲ့ သူတို့ပိုက်ဆံ (၇)သောင်းဘတ်ထိ တိုးပေးလဲ သေဆုံးသူရဲ့ မြန်မာနိုင်ငံက မိဘတွေက သဘောမတူတော့ ဒီက သေဆုံးသူရဲ့ ဝမ်းကွဲညီအကိုကလဲ သဘောတူကြောင်း လက်မှတ်မထိုးပေးရဲဘူး.

အဲ့တော့ စက်ရုံတာဝန်ရှိသူတွေက ဒီနေ့ သေဘာတူလား သဘောမတူလား အကြောင်းပြန်ရမယ်။ သဘောမတူရင်၊ သဘောတူကြောင်းလက်မှတ်မထိုးပေးရင် မနက်ဖြန် သဂြိုလ်စရိတ်လဲတာဝန်မယူဘူး။ ဘတ် (၇)သောင်းလဲ မပေးဘူး။ တိုင်ချင်ရာတိုင်ဆိုတဲ့ သဘောမျိုးပြောလာတယ်..။

ခုတော့ မတရားမှုမှန်း သိပေမဲ့ အားကိုးရာမရှိတဲ့ သေဆုံးသူရဲ့ နီးစပ်ရာသူငယ်ချင်းတွေက ထိုင်းရောက်မြန်မာအလုပ်သမားရေး ကူညီစောင့်ရှောက်မှုပေးနေတဲ့ AAC အဖွဲ့ကို ဆက်သွယ်အကူညီတောင်းလို့ ဒီကနေ့ AAC အဖွဲ့က သွားရောက်ကူညီပေးဖို့ ဆောင်ရွက်နေပါပြီ…

လူတစ်ယောက်သေသွားတာပါဗျာ တိရစ္ဆာန်တစ်ကောင်သေသွားတာ မဟုတ်ပါဘူး… ထိုက်တန်သောတုန့်ပြန်မှုတော့ AAC က ပြန်ပေးမှာပါ။ ညီလေးရဲထွဋ်နောင်ကောင်းမွန်ရာဘုံဘဝ သို့ ရောက်ရှိနိုင်ပါစေ… နောင်ဘဝမှာလူဖြစ်ခဲ့ရင် ခုလိုရွှေ့ပြောင်းအလုပ်သမားဘဝနဲ့ သူများနိုင်ငံမှာ ရုပ်ပျက်ဆင်းပျက် မသေဆုံးရပါစေနဲ့ ….လို့ အကိုဆုတောင်းပေးပါတယ်…..

၁၃.၁၂.၂၀၂၀ (တနင်္ဂနွေနေ့) ရဲမင်း(AAC မဟာမိတ်အဖွဲ့ ပြောရေးဆိုခွင့်ရှိသူ) ထိုင်းအခြေစိုက်အလုပ်သမားကူညီစောင့်ရှောက်ရေး…

သေဆုံးသူဟာ အဲဒီစက်ရုံမှာလုပ်ကိုင်‌နေတာ (၂)နှစ်ကျော်‌နေပြီး လုပ်ငန်းခွင်ထဲမှာ အလုပ်သမားတစ်ယောက် သေဆုံးရင် ထိုင်းဘတ်ငွေ (၅) သိန်းအထိ ရနိုင်တယ်လို့ သိရပါတယ်။

“ဖြစ်တာက မနေ့က ဖြစ်တယ်။ ချုပ်ရိုးတွေနဲ့ ရုပ်ပျက်ဆင်းပျက်သယ်လာပြီး မနေ့ကတောင် မီးသင်္ဂြိုလ်ဖို့အတင်း လုပ်လို့ ဒါကို တားထားရတာပေါ့။ ဒီနေ့လည်း မီးသင်္ဂြိုလ်ဖို့လုပ်နေတာ။ အခုတိုင်ချက်တော့ မဖွင့်သေးဘူး။ အခု ထိုင်းအလုပ်ရှင်နဲ့ ညှိနှိုင်းရမယ်။ သူတို့ဘက်က ဘာလုပ်ပေးမလဲဆိုတာကို မိသားစုတွေဘက်က ကျေနပ်လားဆို တာကို ကြည့်ရမယ်။” လို့ AAC က တာဝန်ရှိသူ ဦးရဲမင်းက ပြောပါတယ်။

ထိုင်းနိုင်ငံမှာတော့ လုပ်ငန်းခွင်ထဲမှာ အလုပ်သမားတစ်ယောက်သေဆုံးရင် အာဏာပိုင်တွေက စက်ပစ္စည်းတွေ ကို ဝင်ရောက်စစ်ဆေးတာတွေလုပ်ပြီး အစိုးရက ချမှတ်ပေးထားတဲ့ စည်းကမ်းတွေအတိုင်းမလိုက်နာရင် အလုပ်ရှင်ကို အနည်းဆုံး ဘတ်(၆)သိန်း ဒဏ်ရိုက်တဲ့အပြင် အရေးယူမှုတွေလည်း ရှိနိုင်တယ်လို့ သိရပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *

You cannot copy content of this page