ပြည်သူတွေကို စောင့်ရှောက်တဲ့ ထိုင်းအစိုးရ (လမ်းဘေးဆိုင်မှာ စျေးဝယ်ရင် အစိုးရက တဝက် စိုက်ပေးမည်)

ပြည်သူတွေကို စောင့်ရှောက်တဲ့ ထိုင်းအစိုးရ (လမ်းဘေးဆိုင်မှာ စျေးဝယ်ရင် အစိုးရက တဝက် စိုက်ပေးမည်)

ဒါကတော့ ထိုင်းက လမ်းဘေးဆိုင်လေးတွေနဲ့ ခရီးသွားနေရာတွေမှာ ကိုဗစ် အတွက် အခွန်ထမ်းပြည်သူများ ထောက်ပံရေး အစီစဉ်နဲ့ လုပ်ပေးထားတဲ့ ၅၀- ၅၀ ပေးစနစ်ပါ။

ဆိုင်သေးလေးတွေမှာ ဈေးဝယ်ရင် ဝယ်တဲ့ တစ်ဝက်ကို အစိုးက စိုက်ပေးတာ ဖြစ်ပါတယ်။ လူတစ်ယောက်ကို တစ်ရက်ကို ဘတ် ၁၅၀ မြန်မာငွေ ၇၅၀၀ ခန့်လောက်ထိ အများဆုံး ဝယ်နိုင်ပြီး လူတစ်ယောက် အတွက် အမျာဆုံး အစိုးရ စိုက်ပေးမဲ့ငွေဟာ ဘတ် ၃၀၀၀ ( မြန်မာငွေ တစ်သိန်းခွဲခန့် ) ဖြစ်ပါတယ်။

ဒီစီစဉ်မှာ ပါဝင်လိုတဲ့ လူတွေဟာ အစိုးရဆီမှာ မှတ်ပုံတင်ရမှာ ဖြစ်ပြီး ဈေးဆိုင်ပေါင်း ငါးသိန်းကျော်နဲ့ လမ်းဘေးဈေးသည် ခုနှစ်သောင်းကျော် စာရင်းသွင်းထားပြီး ဈေးဝယ်မဲ့သူ ၇.၂ သန်း စာရင်းသွင်းထားတယ်လို့ ဆိုပါတယ်။ ငွေပေးချေမှုကိုတော့ အစိုးရ ထုတ်ပေးထားတဲ့ app ကနေ တစ်ဆင့် ပေးရမှာဖြစ်ပါတယ်။

ဒီစီမံကိန်းအတွက် အစိုးရ သုံးမယ့် ဘားဂျက်ဟာ ၃.၇ ဘီလျှံဘတ် (အမေရိကန် ဒေါ်လာ ၁၂၃ သန်းခန့်) သုံးစွဲမှာ ဖြစ်ပြီး စျေးဝယ်သူဘက်ကလည်း အလားသူ ပမဏ သုံးစွဲရမှာဖြစ်လို့ ဈေးဆိုင် အသေးလေးတွေဆီကို အမေရိကန် ဒေါ်လာ သန်းနှစ်ရာကျော်ခန့် ရောက်သွားမှာ ဖြစ်ပါတယ်။

Soe Zeya Tun

Leave a Reply

Your email address will not be published. Required fields are marked *

You cannot copy content of this page