သဘာဝတရားရိပ်သာရှိ ဘိုးဘွားများ ကိုဗစ်ကူးစက်ခံရ၊ စေတနာ့ဝန်ထမ်းများ လိုအပ်နေ
သဘာဝတရားရိပ်သာရှိ ဘိုးဘွားများ ကိုဗစ်ကူးစက်ခံရ၊ စေတနာ့ဝန်ထမ်းများ လိုအပ်နေ
သဘာဝတရားရိပ်သာတွင် ၃ ရက်အတွင်း လူပေါင်း ၁၂ဝဝ ကျော်ကို ကိုဗစ်ရောဂါပိုး ရှိ မရှိ စစ်ဆေးခဲ့ပြီးနောက် ကူးစက်ခံရသူ ဘိုးဘွား ၁၇၈ ဦးအထိရှိလာခဲ့ပါသည်။ ထို့အပြင် ယနေ့(နိုဝင်ဘာ ၁)အတွက်လည်း ရိပ်သာရှိ လူပေါင်း ၃ဝဝ ခန့်ကို ကိုဗစ်ရောဂါပိုးရှိမရှိ စစ်ဆေးထားပြီး စစ်ဆေးမှုရလဒ်အဖြေကို ညနေပိုင်းမှသာ သိရှိရမည်ဖြစ်ကြောင်းသိရသည်။
ယင်းသို့ ရိပ်သာအတွင်းရှိ ကိုဗစ်ရောဂါပိုးရှိမရှိ စစ်ဆေးရာတွင် မြို့နယ်ကျန်း မာရေးအဖွဲ့မှ ကျန်းမာရေးဝန်ထမ်း ၂၀ ခန့်မှ နေ့စဉ် စစ်ဆေးပေးနေခြင်းဖြစ်၍ ရေရှည်တွင် အခက်အခဲများဖြစ်ပေါ်နိုင်ပြီး ကျန်းမာရေးဝန်ထမ်းများကို အထောက်အကူးပေးနိုင်မည့် စေတနာ့ ဝန်ထမ်းများလည်း လိုအပ်လျက်ရှိနေကြောင်း သိရသည်။
သွားလာနိုင်တဲ့ အဖိုးအဖွားတွေ ကို သာကေတ fortune ကိုဗစ် စင်တာ မှာ စောင့်ရှောက်ပေးထားပါပြီ။ အိပ်ယာကျောကပ်လူနာ ၁၈ ဉီးအား သံလျင် ဆေးရုံမှာ ကုသ ပေးလျက်ရှိပါသည်။ Positive ဖြစ်သွားတဲ့ ရိပ်သာမှ Volunteer လူငယ် ၁၀ ဉီး သန်လျင်ဆေးရုံသို့ လိုက်ပါစောင့်ရှောက်ပါမည်။
ရိပ်သာအတွင်းရှိ ကိုဗစ်ရောဂါပိုး ရှိ မရှိ စစ်ဆေးရာတွင် မြို့နယ်ကျန်း မာရေးအဖွဲ့မှ ကျန်းမာရေးဝန်ထမ်း ၂၀ ခန့်မှ နေ့စဉ် စစ်ဆေးပေးနေခြင်းဖြစ်၍ ရေရှည်တွင် အခက်အခဲများဖြစ်ပေါ်နိုင်ပြီး ကျန်းမာရေးဝန်ထမ်းများကို အထောက်အကူးပေးနိုင်မည့် စေတနာ့ ဝန်ထမ်းများလည်း လိုအပ်လျက်ရှိနေကြောင်း သိရသည်။
အစစ အဆင်ပြေတယ်ကြားရပါတယ် အစားအသောက်ကောင်းကောင်းကြွေးမွေးကြဂရုစိုက်ကြပါသည်။ အမြန်ကျန်းမာကြပါစေ အထိအခိုက်ကင်းပါစေ..
Thabarwa Aung