သင်္ဃန်းကျွန်းကို အခြေအနေ ပိုဆိုးသွားစေနိုင်တဲ့ ကူးစက်မှု ဖြစ်ရပ် (ဒီလိုလူတွေကြောင့် အစိုးရက Home Q မပေးတာ)

ကန့်သတ်ထိန်းချုပ်ခြင်း နည်းဗျူဟာ တခုထဲနဲ့ မရတော့ပါဘူး။ မလိုက်နာရင် အနောက်က ပြစ်ဒဏ် တစ်ခု လိုက်ရမယ်

သင်္ဃန်းကျွန်း ဆေးရုံ ဆေးကုသဆောင်မှာ ဖြစ်သွားတဲ့ အဖြစ်အပျက်ကိုပြောရ ရင် တစ်ခြား ဌာနတစ်ခုမှာ swab ယူထားတဲ့ လူတယောက် အဖြေမရခင် Q ဝင်နေရမယ် ဆိုတာကို Home Q ပဲ နေပါ့မယ်ဆိုပြီး အတင်းလက်မှတ်ထိုး ဆင်းလာတယ် ပြီးတော့ မနေဘဲ သင်္ဃန်းကျွန်း ဆေးရုံမှာ လူနာလာစောင့်တယ်

လူက မရှိလို့ မသိလို့ လုပ်တာမျိုး မဟုတ် ပိုက်ဆံရှိလူတန်းစား သဘောင်္သား သားသားနားနားပုံ (စကားပြောတာလဲ အချိုးမပြေ ဂျစ်ကန်ကန် နဲ့ ဟု သိရ)

ဆေးရုံမှာ ၂ရက်လောက် ရောဂါဖြန့်ပြီးမှ အမျိုးသားဓတ်ခွဲခန်း က ဖုန်းဆက်လို့ ကျွန်တော် positive ထွက်လို့ပါ ဆိုပြီး အီးအာစီကို သွားပြောသတဲ့ သင်္ဃန်းကျွန်း က swab ယူထားတဲ့ စာရင်းထဲလဲ မပါ အကုန် အလုပ်ရှုပ်ကုန်ရော

အဲ့ နှစ်ရက်အတွင်း ဆေးရုံမှာ သူထိတွေ့ခဲ့တဲ့ လူနာတွေ လူနာစောင့် တွေ ရဟန်းရှင်လူ ပြည်သူတွေ ဆရာဝန်တွေ အကုန်လုံးကို အားနာမှုမရှိ မိုက်ရိုင်းချက်က ကမ်းကုန်တယ်

အခု medical က လက်ထောက်ဆရာဝန် တစ်ယောက်ပါ positive ထွက်လာပြီ။ နိုင်ငံ တော် အနေ နဲ့ ဒီကောင့်ကို ဘာပြစ်ဒဏ်ပေးမှာလဲ။ ဖေ့ဘုတ်တင်မှ သိကြမှာလား?

Zin Htet Naing

Leave a Reply

Your email address will not be published. Required fields are marked *

You cannot copy content of this page