ရန်ကုန်ရဲ့ စည်းကမ်းလိုက်နာမှု အားနည်းချက်ကို ပြသလိုက်တဲ့ သင်္ဃန်းကျွန်းဖြစ်စဥ်
ရန်ကုန်ရဲ့ စည်းကမ်းလိုက်နာမှု အားနည်းချက်ကို ပြသလိုက်တဲ့ သင်္ဃန်းကျွန်းဖြစ်စဥ်
ရန်ကုန် ဥပဒေစိုးမိုးမူ့ အားနည်းချက်ကို မြင်နိုင်အောင် ပြသလိုက်တာ ယနေ့ သဃ်န်းကျွန်းဖြစ်စဉ်ကသက်သေပါ။
ကလပ်တွေ၊ ကေတီဗီ တွေဖွင့်ခွင့်မပြုဆိုတော့ ဘားတို့ စားသောက်ဆိုင်တို့ပါဆိုပြီး ချက်ချင်းခေါင်းစဉ် ပြောင်းဖွင့်ကြတယ်။ ခေါင်းစဉ်သာပြောင်းသွားခဲ့ကြပြီး အတွင်းထဲမှာတော့ မူလအလုပ်အတိုင်း အတော်များများကလုပ်နေကြဆဲပါ။
တာဝန်ရှိသူတွေကလည်းပေါ့လျော့ကြတယ်၊ သူတို့ ကလည်း ဝန်ထမ်းတွေစားဝတ်နေရေးပါဆိုပြီး ငိုပြကြတော့ မသိမသာထားလိုက်ကြရော။
အချိန်တိုလေးအတွင်းမှာ လူတယောက်၊လူတစ်စုရဲ့ စည်းကမ်းမလိုက်နာမှု၊ တာဝန်ရှိသူတချို့ရဲ့ဥပဒေစိုးမိုးမှုမှာ တပြေးညီ မထိမ်းချုပ်နိုင်မှုတို့ကြောင့် ရောဂါရဲ့ ထိတွေ့ ဆက်စပ်ပြန့်ပွားမှု အစိုးရိမ်ရဆုံးအနေအထားရောက်သွားရပါပြီ။
အဲဒီလို ဆိုင်ဖွင့်ခဲ့တဲ့အချိန်က သွားရောက်ခဲ့သူတွေ၊ ထိတွေ့ခဲ့သူတွေအများစုကလည်း မိသားစုသိသွားမှာစိုးလို့၊ သိက္ခာကျမှာစိုးလို့ ဖွင့်ပြောကြမှာ မဟုတ်ပါဘူး။ သူတို့တွေကတဆင့် သူတ်ု့မိသားစု၊ သူတို့ပတ်ဝန်းကျင်မိတ်ဆွေသူငယ်ချင်း ဘာတွေဆက်ဖြစ်ကြမလဲ။ စိုးရိမ်စရာပါ။ ဘာမှမဖြစ်ရင် ဘာမှဆက်မဖြစ်ပါဘူး ဖြစ်ခဲ့ရင်တော့ …
နောက်ဆုံးတော့ ရန်ကုန် ဥပဒေစိုးမိုးမှု အားနည်းချက်ကို မြင်နိုင်အောင် ပြသလိုက်တာ ယနေ့ သဃ်န်းကျွန်းဖြစ်စဉ်ကသက်သေပါပဲ။
Kyaw Swar Myint