အမြန်စစ် Test kit ကြောင့် ဒုက္ခရောက်သွားရတဲ့ လူငယ်တဦး (အကြီးကြီး လွဲသွားခဲ့ပါတယ်)

အမြန်စစ် Test kit ကြောင့် ဒုက္ခရောက်သွားရတဲ့ လူငယ်တဦး (အကြီးကြီး လွဲသွားခဲ့ပါတယ်)

ဒီနေ့ နေမကောင်းလို့ ဆေးဆိုင်သို့ ဆေးသွားဝယ်တယ်။ ဆေးဆိုင်မှာ Test Kit တွေမြင်မိတယ်။ စျေးဘယ်လောက် မေးကြည့်တော့ မြန်မာငွေ တစ်ထောင်ကျော်ခန့် ပြောလို့ အံ့ဩမိပြီး အကုန်ဝယ်မည် ပြောလိုက်တယ်။ (USA ထုတ်က ဒေါ်လာ ၅၂၀၊ အိန္ဒိယထုတ်က ရူပီး ၂၈၀၀ ခန့်)

ဆေးဆိုင်ပိုင်ရှင်က မောင်လေး ဒီလောက်အများကြီးကို ဘာလုပ်မလဲ၊ တကြိမ် တိုင်းကြည့်ရင် သိပါတယ်တဲ့

ဟုတ်အမ ကျွန်တော့်မှာ တပည့်တွေ ၃၀ကျော် ရှိတယ်။ အပြင်သို့ မထွက်အောင် စည်းကမ်းသတ်မှတ်ထားပေမဲ့ အပြင်ထွက်ပြီး ဖုန်းဘေ သွားဝယ်ကြတယ်။ ဒီတော့ အပြင်ထွက်ပြီး ဖုန်းဘေ ထွက်ဝယ်တဲ့သူလည်း အိမ်ပြန်ဝင်ရင် စစ်ပေးမလို့ ပြောမိတယ်

ဆေးဆိုင် အမက မျက်လုံးပြူးပြီ ကြည့်သလို၊ ဆေးဆိုင်က အရောင်းစာရေးမတွေလည်း ဝိုင်းကြည့် ကြတယ်။ ကျွန်တော်လည်း ရှက်မိလာပြီး၊ အမ လိုင်းပေါ်မှာ ကိုဗစ် ရှိ/မရှိ စစ်ဆေးတဲ့ ပစ္စည်း မဟုတ်ဘူးလား နှုတ်က လွတ်ထွက် မေးမိမှ-

အမျိုးသမီး ကိုယ်ဝန်ရှိ ရှိ/မရှိ စစ်ဆေးတဲ့ ပစ္စည်းတဲ့၊ အရမ်းရှက်မိသွားတယ်။ ထွက်ပြေးရင်လဲ အရှက်က ထပ်ကွဲဦးမယ်။ ဒီတော့ အမရယ် ကျွန်တော်က လူပျိုပါ။ မိန်းမ မရှိတော့ မသိဘူးလေ။ ကိုဗစ် ရှိ/မရှိ စစ်ဆေးနေတဲ့ Test Kitနဲ့ တူလို့ပါ ဟုပြောရင်း “လူပျိုဖြစ်ကြောင်း”ကြွားခဲ့တယ်။

ကျွန်တော့်မမှားဘူး၊ ပညာရှင်တွေ မှားတာ။ ကိုယ်ဝန် ရှိ/မရှိ စစ်ဆေးတဲ့ ပစ္စည်းနဲ့မှာ ဆင်တူထုတ်ရတယ်လို့။ လူပျိုတွေ အရှက်ခွဲတဲ့ Test Kit

(ဟာသအဖြစ်ရေးတာပါ။ စျေးဗန်းလည်း ခင်းတာပါ)

Oo Naing Win

Leave a Reply

Your email address will not be published. Required fields are marked *

You cannot copy content of this page