အလွဲကြီး လွဲနေပြီဖြစ်တဲ့ ရပ်ကွက်ထဲမှာ လူစုလူဝေးနဲ့ အဖျားတိုင်းခြင်း နည်းဗျူဟာ
အလွဲကြီး လွဲနေပြီဖြစ်တဲ့ ရပ်ကွက်ထဲမှာ လူစုလူဝေးနဲ့ အဖျားတိုင်းခြင်း နည်းဗျူဟာ
ရပ်ကွက်ထဲမှာ ကိုယ်အပူချိန် တိုင်းမယ်ဆိုပြီး လာခေါ်ရင် ငြင်းကြပါခင်ဗျာ။ အဓိပ္ပါယ် မရှိတဲ့ကိစ္စပါ။ အခုက တစ်ကျောင်းတစ်ဂါထာ တစ်ရွာတစ်ပုဒ်ဆန်းနဲ့ ဖြစ်နေပါတယ်။
ကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်တာကို ပြည်သူတွေပဲ ပူးပေါင်းဆောင်ရွက်ရမှာ မဟုတ်ဘူး။ ဒေသဆိုင်ရာ အုပ်ချုပ်ရေး တာဝန်ရှိသူတွေလည်း ပါပါတယ်။ ခုခေတ်က တာဝန်ရှိသူက ပြောရင် အကုန်ငုံ့ခံနေရမဲ့ ခေတ်လည်း မဟုတ်တော့တာမို့ ရဲရဲတင်းတင်းနဲ့ ပြောစရာရှိတာ ပြောကြပါ။
ဒီပို့စ်ကတော့ ကျနော်တို့ရဲ့ လေးစားရတဲ့ ဆရာ ဒေါက်တာ ဟိန်းရာဇာအောင် တင်ထားတာ ဖြစ်ပါတယ်။
“Is temperature screening alone effective to detect the coronavirus disease” Absolutely “No” ပါ။
အခုအခါမှာ ရပ်ကွက်အသီးသီး၊ မြို့နယ်အသီးသီးမှာ လူအများအပြားကို စစ်ဆေးရေး လုပ်မယ်ဆိုပြီး ဆုံရပ်တွေကို လာခိုင်းတာ တွေ့နေရပါတယ်။ သက်သေများ အတိအကျ ရှိပြီးသား ဖြစ်ပါတယ်။ ဒီလို လူအများအပြား ထဲမှာ၊ ဘာ ပစ္စည်းကိရိယာမှ မရှိဘဲ လူစုလူဝေးနဲ့ ရာဇဝင်မေးရုံ၊ ကိုယ်ပူတိုင်းရုံနဲ့တော့ ပိုးတွေ့လူနာကို ရှာတွေ့တာ မဖြစ်တဲ့ အပြင် လာတဲ့ တိတ်တဆိတ်သယ်ဆောင်လာသူတွေ၊ အဖျား ရှိလို့ ပါရာစီတမော သောက်ပြီး လာတဲ့ သူတွေဆီက တဆင့် ပိုးထပ်ဆင့်ကူးဖို့ အခွင့်အလမ်း အရမ်းများသွားပါပြီ။
ပစ္စည်းကိရိယာ မရှိတဲ့/ မပါတဲ့ ကိုယ်ပူချိန်တိုင်းရုံသက်သက် လူစုလူဝေးဖြစ်စေမဲ့ အစုလိုက် အပြုံလိုက် အဖျားတိုင်းခြင်းကို လုံးဝ မလုပ်သင့်ကြောင်းပါ။
Dr Phio Thiha