မြန်မာဖက်က ဝင်လာသူများတွင် ပိုးတွေ့ပြီးနောက် နှစ်နိုင်ငံနယ်စပ်ကို စစ်ပွဲကာလကဲ့သို့ တရုတ်ပိတ်ဆို့

မြန်မာဖက်က ဝင်လာသူများတွင် ပိုးတွေ့ပြီးနောက် နှစ်နိုင်ငံနယ်စပ်ကို စစ်ပွဲကာလကဲ့သို့ တရုတ်ပိတ်ဆို့

ဒီနေ့ပဲတရုတ်မြန်မာနယ်စပ်မှာ ကိုဗစ် positive တွေ့တဲ့သတင်းဖတ်ရပါတယ်။

တရုတ်နယ်စပ်ရွှေလီမှာ မြန်မာဘက်ကနှစ်ယောက်မှာ ကိုဗစ် positive တွေ့တာဖြစ်ပြီး သူတို့မြန်မာဘက်ကနေ တရုတ်ဘက်ကို ဘယ်တုန်းကဝင်လာသလဲ စုံစမ်းနေတုန်းပဲတဲ့။ အရေးကြီးတာက တရုတ်ဘက်က ခိုးဝင်မြန်မာတွေကို နယ်စပ်မှာမြေလှန်ရှာပါလိမ့်မယ်။

တရုတ်ပြည်မှာ အကြီးအကျယ်ဖြစ်နေတုန်းက မြန်မာနယ်စပ်ကို အဲ့လိုသူတို့ဘက်ကစိစစ်ပေးခဲ့သင့်တယ်။ အဲ့ဒီမှာဘာတွေ့လဲဆိုရင် ဘယ်သူမှကိုယ့်ဘက်ကိုစဉ်းပေးမှာမဟုတ်။ ကိုယ့်အတွက်ပဲကိုယ်ကြည့်ပြီး အင်အားကြီးတဲ့သူက အပေါ်စီးကနေတတ်တာကို သင်ခန်းစာယူရပါမယ်။ ကြိုးစားကြ၊ ပြုပြင်ကြပေါ့ဗျာ။

မြန်မာမှာ စတွေ့တယ်လည်းဆိုရော သူတို့ဘက်ကို အသေတင်းကျပ်တော့တာပဲ။ အခုဟာက အသေအချာစိစစ်မှာဖြစ်ပြီး ပိုမိုတင်းကျပ်ပါလိမ့်မယ်။

ပထမလူနာဟာ အသက် ၃၂ နှစ်ရှိတဲ့အမျိုးသမီးဖြစ်ပြီး ပြီးခဲ့တဲ့စနေနေ့က positive ဖြစ်ပေမယ့် ဘာရောဂါလက္ခဏာမှမပြပါတဲ့။ ဒါပေမယ့် တနင်္ဂနွေနေ့ကျမှ စပြီးရောဂါလက္ခဏာပြပါတယ်တဲ့။ နောက်တစ်ယောက်ကလည်း အမျိုးသမီးဖြစ်ပြီး အသက် ၁၆ နှစ်ရှိသူဖြစ်ပါတယ်။ တနင်္ဂနွေနေ့က ရွှေလီကပြည်သူ့ဆေးရုံကို ပို့လိုက်တယ်ပြောပါတယ်။

မြန်မာနဲ့ထိစပ်နေတဲ့ ယူနန်ပြည်နယ်မှာ တနင်္ဂနွေနေ့အထိ positive ဖြစ်ပြီး ရောဂါလက္ခဏာမပြသူ ၅ ယောက်တွေ့ထားပါတယ်။ ရွှေလီက ပထမလူနာနေတဲ့ နေရာကို လော့ဒေါင်း လုပ်ထားပါတယ်တဲ့။ တရုတ်အစိုးရဟာ ဝူဟန့်မှာ ကိုဗစ် အကြီးအကျယ်ဖြစ်ပြီး ငြိမ်သွာကတည်းက တရုတ်ပြည်ကို ကိုဗစ် ရန်ကလုံအောင်အသေအချာပြင်ဆင်ပါတယ်။

သူ့ပြည်သူတွေမျက်နှာပဲကြည့်ပြီး ဘယ်အိမ်နီးချင်းမျက်နှာမှမကြည့်ပါ။ အစောင့်တွေကလည်း သူတို့နိုင်ငံသားတွေဘက်ပဲသိပြီး သူတို့နိုင်ငံရဲ့သစ္စာကိုပဲ အပြည့်အဝစောင့်သိ ပါတယ်။ အစောင့်တာဝန်ကို ပေါ့ပေါ့ဆဆကိုင်တွယ်ခြင်း၊ ငွေမျက်နှာကြည့်ခြင်း လုံးဝမလုပ်ပါ။

လိုအပ်ရင်ပစ်သတ်ဖို့ဝန်လေးလိမ့်မည်မဟုတ်ပါ။ ကိုဗစ် ဟာပေါ့လို့မရတာ။ အပြင်မီးကို အတွင်းထဲ ထပ်အရောက်မခံဖို့ အပြည့်အဝသတိရှိကြပါတယ်။ သူတို့နိုင်ငံနဲ့ သုတို့ပြည်သူတွေအတွက် ဒီလိုလုပ်တာဟာ သူ့နိုင်ငံအတွက်မှန်ကန်ပါတယ်။ ဒါမျိုးကိုကျနော်တို့ဘက်ကအတုယူပြီး ပြန်လုပ်ဖို့လိုပါတယ်။

တရုတ်ဟာမြန်မာနယ်စပ်သာမက ရုရှားစတဲ့နယ်စပ်တွေကိုလည်း တင်းတင်းကျပ်ကျပ်စစ်ဆေးအရေးယူခဲ့တာတွေရှိပါတယ်။ ပြန်ပြောပါမယ်။ အဲ့ဒီမှာဘာတွေ့လဲဆိုရင် ဘယ်သူမှကိုယ့်ဘက်ကိုစဉ်းပေးမှာမဟုတ်။ ကိုယ့်အတွက်ပဲကိုယ်ကြည့်ပြီး အင်အားကြီးတဲ့သူက အပေါ်စီးကနေတတ်တာကို သင်ခန်းစာယူရပါမယ်။ ကြိုးစားကြ၊ ပြုပြင်ကြပေါ့ဗျာ။ ရွှေလီနယ်စပ်အခြေအနေဟာ တကယ့်ကိုလုပ်ရခက်ကိုင်ရခက်ကြီးဖြစ်နေပါပြီ။ “ရွှေလီရောက်မြန်မာတွေအဆင်ပြေပါစေခင်ဗျား။”

Richard Myo Thant
15-September-2020

Leave a Reply

Your email address will not be published. Required fields are marked *

You cannot copy content of this page