တရုတ်တစ်သျှူးငှက်ပျောကုမ္ပဏီတွေ ပေးတဲ့ဒုက္ခကို ဖွင့်ချလိုက်တဲ့ အခြေခံလူတန်းစားတဦး

( တရုတ်တစ်သျှူးငှက်ပျော ဒုက္ခသည်အမှုကိစ္စ ဘုန်းကြီးကို လာပတ်)

အလုပ်ရတယ် အဆင်ပြေတယ် အခွန်ရတယ်ဆိုတဲ့ကချင်ပြည်နယ်… ဝန်ကြီးချုပ်နဲ့အစိုးရအဖွဲ့ ကယ်တင်ကူညီတာဝန်ယူပေးနိုင်ရန်…(မုန်းလို့ပြောတာ မဟုတ်ဘူး! အရှုံးအားကြီးနေမှုတွေကို သိစေဖို့ပါ)

ဒီနေ့မနက် ၉နာရီကျော်လောက်က မိမိကို ကျောင်းသားလေးတွေကဧည့်သည်လာတယ်ဆိုတော့ ရင်ထိတ်ကနဲဖြစ်သွားပြီး ဒုက္ခအလည်လာပြီထင်ပါရဲ့ဆိုပြီး ထွက်ကြည့်လိုက်တော့ ထင်တဲ့အတိုင်း!!!

ကဲ! ဘာ ကိစ္စလဲ? ပြော ဆိုတော့…တပည့်တော်က မန်းလေးတိုင်း ဒေသကြီး ကျောက်ဆည်မြို့နယ် ကလေးကျေးရွာကပါ နာမည်က သန်းထွန်း ပါ ဘုရား!!

ကိစ္စက တပည့်တော် ရွာပြန်မလို့ လမ်းစရိတ် လာတောင်းတာပါ ဘုရာ့ ဘယ်လောက်လဲ?မေးတော့ ၆ထောင်ဆိုရင် ရပါပြီ ဘုရား တဲ့လေ!ဒါနဲ့ ဘယ်ကလာ ဘယ်လိုဖြစ်တယ်ဆိုတာပြော အသံဖမ်းထားမယ်

ဓါတ်ပုံရိုက်တင်ပေးမယ် သဘောတူလား?မေးလိုက်တော့…တူပါတယ် ဘုရား တဲ့!ဒါဆိုရင်ပြော လိမ်လို့တော့ ဒုက္ခရောက်မယ်နော် ဘုရားရှေ့ကြီးမှာ!တင်ပါ့! မလိမ်ရဲပါဘူး ဘုရား အမှန်တိုင်းပြောပြပါ့မယ်!

တပည့်တော်တို့ ငှက်ပျောတောကိုတက်လာကြတာ သားအမိ/အဖ၃ယောက်ပါဘုရား! ပါဝါနိုင်း လုပ်ကွက် ၅မှာ လုပ်ကြတာပါရောက်တာ ၃လကျော်ပါပြီ!ဒီမှာက ဆန်တွေစားစရိတ်တွေက ဈေးကြီးသူတို့ ကုမ္ပဏီက ၁၅ရက် ၁ခါ ရှင်းပေးမယ်ဆိုပြီး မပြည့်စုံဘူး

သူတို့က ပြန်မှပဲ တလုံးတည်း ရှင်းပေးမယ်ဆိုပြီး စားစရိတ်ပဲ ပေးတာကျန်တဲ့အသုံးစားရိတ်က အကြွေးပဲ ဝယ်စားရတော့ အဲဒီပိုက်ဆံတွေကမစုမိဘူး! သူတို့က စာရင်းစာအုပ်တွေနဲ့မှတ်ထဲ့ပြီးအကြွေးတွေကဈေးကြီးတော့(အတိုးနဲ့ယူစားရ) အကြွေးနဲ့ပဲ လုံးပြီး ပြန်ပေးနေရတယ်

နေ့စားခဆိုတာ မရှိတော့ဘူး! ရတာက ၁ရက် ၆ထောင်!သူတို့ကပြန်အလုပ်သမားဆီက ဖြတ်တာက ၅ရာဆိုတော့ ၅၅၀၀ ကျန်တယ်!စားစရိတ်နဲ့ဆိုတော့ ဘယ်လိုမှကို မလုံလောက်ဘူး ပြီးရင် သူတို့ကကုမ္ပဏီက မီးစက်နိုးပေးတယ်ပြောပြီး မီးကြေးလို့ပြောပြန်ပြီး၁လကို ၆ထောင် ကောက်ပြန်တယ် ဘုရား!

အဲဒါနဲ့ တပည့်တော်ရဲ့သမီးလေးနဲ့မိန်းမကိုပြီးခဲ့တဲ့ ၁၇ ရက်လောက်က ပြန်လွှတ်လိုက်ပြီးတပည့်တော် အကြွေးကျေအောင်ဆပ် မှတ်ပုံတင်တောင်းပြီးခြေလျင်လျှောက်လာခဲ့တာ သူငယ်ချင်းတွေကို လမ်းစားရိတ်ရအောင်အဝတ်အစားတွေ ယူထားပေးပါပြောတော့ သူတို့ကလည်း အလုပ်မပြီးတော့ ဆန်တွေပဲရှိတာ

ဒါနဲ့ တပည့်တော်က အဝတ်အစားလိုက်ရောင်းကြည့်တော့ ဘယ်သူမှ မဝယ်ဘဲ ဘုန်းကြီးကျောင်းကိုသွားကြည့်ပါ မင်း ဒီလိုတော့ မရနိုင်ဘူးလို့ ဆိုင်ကယ်ပြင်ဆိုင်ကလူတွေပြောလိုက်လို့ ရောက်လာတာပါ ရထားခ ရရင် ထမင်းမစားဘဲရေသောက်ပြီးပြန်မယ် ရွာရောက်ရင် ရပြီ ဘုရား!

ရွာမှာ တခြားလုပ်စားရင်လည်း ၆ထောင် ရတယ် ခေါင်းကြေးဖြတ်တာမရှိဘူးဆိုပြီးပြောခဲ့တာပါ ဘုရားတဲ့လေ…ဒါနဲ့ မိမိကလည်း အေး ကောင်းပြီ ငါ လမ်းစားရိတ်ပေးလိုက်မယ်

၆ထောင် မဟုတ်ဘူး ၁၅၀၀၀ ပေးလိုက်မယ် အဝတ်တွေလည်းလိုက်ရောင်းမနေနဲ့ ရမှာ မဟုတ်ဘူး! နောက်ပြီးတော့မင်း ငါ့ကို လိမ်ရင်တော့ ဘုရားကိုလည်း လိမ် သံဃာကိုလည်း လိမ်မင်း ကျိန်စာသင့်သလိုမျိုးဖြစ်တတ်တယ် မင်းကိုယ်တိုင် သိပေါ့ကွာ!

ပြောပြီး ၁၅၀၀၀ ပေးလိုက်ပါတယ် သူ့ကံပဲပေါ့လေ…ခွင့်ပြုပါဦး ဘုရား ဆိုပြီး ဝပ်ချကာ ပြန်သွားလေသတည်းပေါ့လေ…ရတနာမြတ် ၃ပါး ဘုန်းတန်ခိုးတော်နဲ့ကယ်တင်ခြင်း မနက်ခင်း အစီအစဉ် ၁ခန်းရပ် ပြီး၏…

(နာကျင်မှုများကို ကြင်နာမှုကမ်းလက်ဖြင့် ဝေးလွင့်စေအံ့)

(ရှည်လျားသော ဒုက္ခအသံဖိုင်ကို အကျဉ်းချုံး တင်ပြခြင်းသာ)

ဝါရှောင် ဆရာတော်

Leave a Reply

Your email address will not be published. Required fields are marked *

You cannot copy content of this page