တရုတ်နှင့် မြန်မာအကြား အိန္ဒိယက သပ်လျှို သွေးခွဲရန် ကြံစည်နေဟု တရုတ်သတင်းဌာန ပြော

တရုတ်နှင့် မြန်မာအကြား အိန္ဒိယက သပ်လျှို သွေးခွဲရန် ကြံစည်နေဟု တရုတ်သတင်းဌာန ပြော

မီဒီယာများ၏ ဖော်ပြ ချက်အရ အမည်ဖော်ပြမထား သည့် အိန္ဒိယအရာရှိများက မကြာ မီလများအတွင်း အိန္ဒိယ-မြန်မာ နယ်စပ်တွင် တိုက်ခိုက်မှုများ အ ရှိန်မြှင့်ပြုလုပ်ခဲ့သည့် သူပုန်အဖွဲ့ များကို တရုတ်က ကူညီထောက်ပံ့ နေကြောင်း ပြောကြားခဲ့သည်ကို တွေ့ရှိရသည်။

အိန္ဒိယ အရှေ့မြောက်ပိုင်းရှိ သောင်းကျန်းသူအဖွဲ့များအား တရုတ်က ကူညီကာ ရန်ပုံငွေ ထောက်ပံ့ပေးနေသည်ဟု နယူး ဒေလီက သံသယရှိနေသော် လည်း မည်သည့်အထောက်အ ထားမှ ဖော်ပြခြင်းမရှိပေ။ တာဝန် ယူမှုရှိသော အင်အားကြီး နိုင်ငံတစ်နိုင်ငံအနေဖြင့် တရုတ်ကအိန္ဒိယ၏ အချုပ်အခြာအာဏာ နှင့် နယ်နိမိတ်ဆိုင်ရာ ဂုဏ်သိက္ခာကို လေးစားကြောင်း တရုတ်နိုင်ငံ ပိုင်သတင်းဌာန ဂလိုဘယ်တိုင်းမ်က ဖော်ပြသည်။

တရုတ်က အခြားနိုင်ငံများ ၏ ပြည်တွင်းရေးများတွင် ကြား နေရေးမူဝါဒအား အကောင်အ ထည်ဖော်ကာ ဒေသဆိုင်ရာ တည်ငြိမ်မှုကို ထိန်းသိမ်းရန် ကြိုး ပမ်းနေကြောင်း တရုတ်အစိုးရ အာဘော်ဖော်ပြသော အဆိုပါ သတင်းဌာနက ဖော်ပြသည်။

အိန္ဒိယ အရှေ့မြောက်ပိုင်း ပြည်နယ်များရှိ သောင်းကျန်းသူ အဖွဲ့များအား တရုတ်က စီမံပေးနေကြောင်း အိန္ဒိယအရာရှိများက အခြေအ မြစ်မရှိ စွပ်စွဲထားသည်။ အမှန် တွင် တရုတ်က အစိုးရမဟုတ် သော အဖွဲ့များသို့ လက်နက်များ ရောင်းချခြင်းမရှိပေ။ သူပုန်အဖွဲ့ များသည် မှောင်ခိုရောင်းဝယ်မှု များမှတစ်ဆင့် တရုတ်နိုင်ငံ၌ထုတ်လုပ်ထားသည်များကို ဝယ်ယူနိုင်သည်။ သို့သော်ယင်း အဖွဲ့များသည် တရုတ်နိုင်ငံမှ မည်သည့်ပစ္စည်းကိုမှ တရားဝင် ဝယ်ယူ၍မရကြောင်း ယင်း သတင်းစာက ဖော်ပြထားသည်။

ယင်းအဖွဲ့များသို့ တရုတ်က ထောက်ပံ့ပေးနေ သည်ဟု အိန္ဒိယမီဒီယာများ (သို့မဟုတ်) နိုင်ငံရေးသမားများက သုံးသပ်ခြင်းမှာ တိကျမှန်ကန်မှု မရှိပေ။ အမည်မဖော်သော အိန္ဒိယ အရာရှိများ၏ သတင်းစကားများ မှာ ယုံကြည်မရနိုင်သော သတင်း ရင်းမြစ်များ ဖြစ်ကြောင်းလည်း ဖော်ပြထားသည်။ အိန္ဒိယအစိုးရ တွင် ခိုင်မာသော သက်သေရှိပါ က တရုတ်နှင့် တရားဝင်ဆွေးနွေး မှုများမှတစ်ဆင့် စေ့စပ်ညှိနှိုင်းကာတရုတ်၏ လုပ်ရပ်အား လူသိရှင် ကြား ကန့်ကွက်သင့်သည် ဖော်ပြသည် ။

ဘလွန်းဘတ် သတင်းဌာန၏ တနင်္လာနေ့က ဖော်ပြချက်တွင် ယင်းသတင်းဌာနက အိန္ဒိယပြည် ထဲရေးဝန်ကြီးဌာသို့ ဖုန်းဖြင့် ဆက် သွယ်ပြီး မက်ဆေ့ချ်ပေးပို့ ဆက်သွယ်ခဲ့သော်လည်း တုံ့ပြန်ဖြေ ကြားခြင်းမရှိကြောင်း ဖော်ပြထား သည်။ သတင်းစာရှင်းလင်းပွဲတွင် ယင်းစွပ်စွဲချက်များနှင့်ပတ်သက် ၍ အိန္ဒိယအစိုးရက တရားဝင် တုံ့ပြန်ခဲ့ခြင်းမရှိပေ။

ယင်းအမည်မဖော်လိုသော အိန္ဒိယအရာရှိများက ‘ဝ’ အဖွဲ့နှင့် ရခိုင် အဖွဲ့ တို့အပါအဝင် မြန်မာ နိုင်ငံရှိ အဖွဲ့များ သည် အိန္ဒိယအရှေ့မြောက်ပိုင်း ပြည်နယ်များရှိ သောင်းကျန်းသူ အဖွဲ့များအား ထောက်ပံ့ပေးခြင်း ပုန်းခိုစရာ နေရာများ စီမံပေးခြင်းဖြင့် ဘေဂျင်းကိုယ်စား လှုပ်ရှားသူများအဖြစ် ဆောင်ရွက်နေကြောင်း ပြော ကြားခဲ့သည်ဟု မီဒီယာများ၏ ဖော်ပြချက်အရ သိရသည်။

‘ဝ’အဖွဲ့က ၎င်းတို့အနေဖြင့် တရုတ်ကိုယ်စား မည်သည့်ထောက်ပံ့ကူညီမှုမျိုးမှ ပြုလုပ်နေခြင်းမရှိကြောင်း ငြင်းဆို ထားသည်။ မကြာသေးခင် နှစ် များက အရှေ့သို့ လက်တွေ့ ဆောင်ရွက်ရေးမူဝါဒအရ အိန္ဒိယ သည် မြန်မာနိုင်ငံနှင့် နှစ်နိုင်ငံ ဆက်ဆံရေးတိုးတက်အောင် လုပ်ဆောင်ခဲ့သည်။

အိန္ဒိယ၏ လှည့်ကွက်များကမြန်မာ-တရုတ် ဆက်ဆံရေးများ ကို ထိခိုက်စေမည်မဟုတ်ပေ။ထို့အပြင် အိန္ဒိယက မြန်မာကို အောက်တိုဘာအတွင်း ရေငုပ် သင်္ဘောတစ်စီး ပေးအပ်ခဲ့သည်။ မြန်မာအတွက် စီးပွားရေးဖွံ့ဖြိုးမှု အတွက် (သို့မဟုတ်) နိုင်ငံတည် ငြိမ်ရေးသဘောအတွက်ဖြစ်စေ တရုတ်နှင့် တည်ငြိမ်သော နှစ်နိုင်ငံဆက်ဆံရေးက အရေးကြီးသည်။ အိန္ဒိယသည်လည်း နိုင်ငံကြီးတစ် နိုင်ငံဖြစ်သည်။ နောက်ပြီး မြန်မာ အနေဖြင့် အိန္ဒိယ၊ တရုတ်နှစ်နိုင်ငံ လုံးနှင့် ရင်းနှီးခင်မင်သော ဆက် ဆံရေးထားရှိခြင်းမှာ ပုံမှန်ဖြစ် သည်။ သို့သော် အိန္ဒိယအနေဖြင့် တရုတ်နှင့် မြန်မာကြား သပ်လျှို၍ မရပေ။ မြန်မာနိုင်ငံ၏ နိုင်ငံခြား ရေးမူဝါဒကိုလည်း ၎င်းတို့ပြောင်း လဲ၍မရနိုင်ပေ။

ထို့အပြင် တရုတ်-မြန်မာ ဆက်ဆံရေးများနှင့်ပတ်သက်၍ ကောလာဟလများ ပျံ့နှံ့မှုအတွင်း အိန္ဒိယက တရုတ်နှင့် တောင်အာရှနိုင်ငံများကြား ပုံမှန်လုပ် ရပ်များအပေါ် စိုးရိမ်စိတ်ကြီးနေ ကာ ယင်းလုပ်ဆောင်မှုများနှင့် ပတ်သက်၍ ၎င်းတို့စိုးရိမ်ကြောင်း ဖော်ပြထားသည်။

အိန္ဒိယသည် အမြဲအပြစ် တင်တတ်သော စိတ်ထားရှိပြီး တရုတ်ကြောင့် ၎င်းတို့ အကျိုးစီး ပွားများ အထိနာမည်ကို စိုးရိမ် နေသည်။ ယင်းမှာ မကောင်းသောစိတ်ထားဖြစ်သည်။ နယူးဒေလီကတောင်အာရှကို ၎င်းတို့ကိုယ်ပိုင် နောက်ဖေးခြံဝင်းတစ်ခုကဲ့သို့ မှတ်ယူထားသည်။ ယင်းနိုင်ငံသည် ဒေသဆိုင်ရာ နိုင်ငံများ၏ လွတ် လပ်သော အခွင့်အရေးများကို လုံးဝလေးစားခြင်းမရှိပေ။ ယင်း နိုင်ငံများက အိန္ဒိယကို လုံးဝလေး စားတော့မည်မဟုတ်ဟု စိုးရိမ် နေသောကြောင့် တရုတ်နှင့် ယင်းနိုင်ငံများ၏ ဆက်ဆံရေးကို ၎င်းတို့ အစိုးရိမ်လွန်နေသည်။ တရုတ်နှင့် ဆက်ဆံရာတွင် ယင်းကဲ့သို့ ထိပ်တိုက်အနေအထားမျိုး လက် ခံကျင့်သုံးရန် မလိုအပ်ပေ။ ယင်း လုပ်ရပ်များက အိန္ဒိကိုသော် လည်းကောင်း၊ အိန္ဒိယ-တရုတ်ဆက်ဆံရေးအတွက်သော်လည်း ကောင်း အကျိုးရှိစေမည်မဟုတ် ပေ။

Leave a Reply

Your email address will not be published. Required fields are marked *

You cannot copy content of this page