လိုင်းပေါ်မှာ ရောင်းနေတဲ့ တရုတ်ထုတ် ကိုဗစ်အမြန်စစ်ကိရိယာတွေနဲ့ ကိုဗစ်ကာကွယ်ဆေး ဂျင်းများ
လိုင်းပေါ်မှာ ရောင်းနေတဲ့ တရုတ်ထုတ် ကိုဗစ်အမြန်စစ်ကိရိယာတွေနဲ့ ကိုဗစ်ကာကွယ်ဆေး ဂျင်းများ
ကိုဗစ်-၁၉ ဗိုင်းရပ်စ် ကူးစက်ခံရမှု ရှိ မရှိ စစ်တဲ့ စက် Test kit တွေဟာ တောင်ကိုးရီးယားကနေ အစိုးရ ဆီကို ရောက်တာ ရက်ပိုင်းပဲ ရှိပါသေးတယ်။ အခုအွန်လိုင်းမှာ တစ်ခုကို နှစ်သောင်းနဲ့ ဆိုပြီး ရောင်းလာတာကို တွေ့ရပါတယ်။
အဲ့ဒီ အွန်လိုင်း က ရောင်းနေတဲ့ စက်တွေဟာ အစိုးရ က တောင်ကိုးရီးယားဆီက ဝယ်ထားတဲ့ စက်တွေ မဟုတ်ဘဲ တရုတ်နိုင်ငံထုတ် ဖြစ်ပြီး FDA အတည်မပြုထားတဲ့ အောက်လမ်းက ဝင်လာတဲ့ စက်တွေ ဖြစ်ပါတယ်။ အဖြေမှန်ကန် မှု ကို အတည်မပြုနိုင်တာကြောင့် ဝယ်ယူအသုံးပြုဖို့ မလုပ်ကြဖို့ သတိပေးအပ်ပါတယ်နော်။
နောက်တစ်ခုက ပိုအန္တရာယ်များပါတယ်။ ကိုဗစ်-၁၉ ကာကွယ်ဆေး ဆိုပြီး အွန်လိုင်း ဈေးကွက်မှာ ရောင်းလာတာကို တွေ့ရပါတယ်။ ဒီဆေးတွေဟာလည်း တရုတ်နိုင်ငံထုတ် တရားမဝင် ဆေးတွေ ဖြစ်ပါတယ်။
အခုလက်ရှိအထိ ကိုဗစ်-၁၉ နဲ့ ပတ်သက်ပြီး ကာကွယ်/ကုသ ဆေးဟာ စမ်းသပ် နေဆဲ အဆင့်ဖြစ်ပြီး ကမ္ဘာ့ကျန်းမာရေးအဖွဲ့ WHO ရဲ့ အသိအမှတ်ပြု တရားဝင် ဆေး မပေါ်သေးတာ အားလုံးအသိပါ။ အဲ့ဒီလို ရောင်းချနေမှု တွေ နဲ့ ပတ်သက်ပြီး ကိုဗစ်-၁၉ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး အမျိုးသားအဆင့် ဗဟိုကော်မတီက လုပ်သင့်လုပ်ထိုက်တာ လုပ်နေပါပြီ။
အဲ့ဒီတော့ ကြောက်တာလည်း ကြောက်ပါ.. အသိတရား နဲ့ ယှဉ်ပြီး ကြောက်ပါ။ ဉာဏ်ပညာနဲ့ ယှဉ်ပြီး စိုးရိမ်ပါ။ တစ်နိုင်ငံလုံး ၊ တစ်ကမ္ဘာလုံး စိုးရိမ်ကြောက်လန့် နေမှုကို အသုံးချပြီး စီးပွားရှာတဲ့ သူတွေကိုလည်း တကယ် စိတ်ပျက်မိတယ်..
June Ranger