ကျောက်ကပ်ကို ပျက်စီးစေသည့် ခဲဆိပ်များ ပါဝင်နေသော တရုတ်ပြည်လုပ် ဒယ်အိုးများ
ကျောက်ကပ်ကို ပျက်စီးစေသည့် ခဲဆိပ်များ ပါဝင်နေသော တရုတ်ပြည်လုပ် ဒယ်အိုးများ
ဓာတုသုံး ပီပါသံပြားများဖြင့် “ခဲအဆိပ်ပါ” အကြော်အိုး များပြုလုပ်နေကြောင်း တရုတ်အစိုးရပိုင် စီစီတီဗီသတင်းဌာနမှ ဖော်ပြခဲ့ပါတယ်။
စျေးကွက်ထဲရှိ စျေးပေါသော သံပြား ဟင်းကြော်အိုးများအား စီစီတီဗီသတင်းဌာနမှ သတင်းထောက်များက လျှို့ဝှက်လေ့လာရာမှ အဆိုပါ ပြဿနာကြီးတရပ်အား ၎င်းတို့က လူသိရှင်ကြား ဖော်ထုတ်နိုင်ခဲ့ပါတယ်။
အဓိကကျောက်ကပ်များကို ထိခိုက်စေမည့် ခဲဆိပ်တက်တတ်သော အဆိုပါဟင်းကြော်အိုးများသည် စျေးပေါသည်ဆိုသည့် နောက်ကွယ်တွင် သံပြားအသစ်များထက် တရုတ်ယွမ်ငွေ ထောင်ပေါင်းများစွာ သက်သာစေနိုင်မည့် ဓါတုဗေဒအရည်များထည့်သွင်းသိုလှောင်ရာ၌ သုံးသော ပီပါများ အသုံးပြုကြသည်ဟု ဆိုပါတယ်။
ဓါတုသုံး ပီပါပိုင်းတလုံးအား ဖြတ်တောက်၍ အကြော်အိုး (၁၀)ခုမက ထုတ်လုပ်နိုင်ပြီး ရွာတရွာထဲ၌ပင် အဆိုပါအိုးမျိုးတနှစ်လျှင် အခုရေ (၅)သိန်း အထိထုတ်လုပ်နိုင်ကြောင်း စီစီတီဗီသတင်းဌာန မှဖော်ပြခဲ့သည်။
စာကြွင်း။ “နမူနာသာယူခဲ့ပါ စျေးနှုန်းညှိနှိုင်းနိုင်သည်ဆိုတဲ့” ကျယ်ဂေါင်က ဗွီနိုင်းတွေ သွားမြင်မိတယ်။ လမ်းဖြတ်သန်းခသာ “ဆက်” ကြစမ်း ဘာမဆို မြန်မာပြည်ထဲ “သွင်း” နိုင်တယ်။ Roland Zhang (S.S.M)
တရုတ်ပြည် အိမ်တွင်း စက်မှုလက်မှုလုပ်ငန်းရဲ့ နောက်ကွယ်က အကြောင်းအရင်းကိုတော့ တရုတ်မီဒီယာတွေက ဖွင့်ချလိုက်ပါပြီ။ စျေးပေါပြီး တရုတ်ပြည်မှာတောင် သုံးခွင့်ပိတ်ထားတဲ့ ဒီလို ဒယ်အိုးတွေ ရွှေပြည်ကြီးထဲကို ဘယ်လောက်တောင် ရောက်နေကြပြီလဲ..?
နယ်စပ်ကုန်သွယ်ရေးဆိုပြီး အရည်အသွေး စိစစ်မှု မရှိတဲ့ ဒီလို ပစ္စည်းတွေ တင်သွင်းခွင့်ကို သက်ဆိုင်ရာ အာဏာပိုင်များအနေနဲ့ စိစစ်ခြင်း ပြုလုပ်မှသာ မြန်မာပြည်ထဲကို ဒီလို အဆပ်သင့် ပစ္စည်းတွေ ဝင်ရောက် မလာနိုင်မှာ ဖြစ်ပါတယ်။