တရုတ်ကိုဗစ်ကာကွယ်ဆေးကို စျေးချိုချိုနဲ့ စောစောရဖို့ တရုတ်အစိုးရကို မြန်မာ မေတ္တာရပ်ခံ

တရုတ်ကိုဗစ်ကာကွယ်ဆေးကို စျေးချိုချိုနဲ့ စောစောရဖို့ တရုတ်အစိုးရကို မြန်မာ မေတ္တာရပ်ခံ

ကိုဗစ် ကာကွယ်ဆေးကို ဈေးနှုန်းချိုသာစွာဖြင့် စောစီးစွာရရှိရေးအတွက် အပြည်ပြည်ဆိုင်ရာ ပူးပေါင်း ဆောင်ရွက်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကျော်တင်က တရုတ်နိုင်ငံအား မေတ္တာရပ်ခံခဲ့တယ်လို့ သိရပါတယ်။

အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကျော်တင်သည် ဗီဒီယိုကွန်ဖရင့်စနစ်ဖြင့် ကျင်းပသည့် ဆင်းရဲနွမ်းပါးမှုပပျောက်ရေးနဲ့ ဖွံ့ဖြိုးဆဲနိုင်ငံများ ပူးပေါင်းဆောင်ရွက်ရေးဆိုင်ရာ အဆင့်မြင့်အစည်းအဝေးမှာ ပြောကြားခဲ့တာဖြစ်ပါတယ်။

ဆက်လက်ပြီး ကိုဗစ် ကူးစက်ရောဂါကာကွယ်ဆေး ထုတ်လုပ်နိုင်ပါက ကမ္ဘာ့ပြည်သူများ အသုံးပြုနိုင်မည့် ကာကွယ်ဆေးအဖြစ် ဖြန့်ဝေပေးရန် တရုတ်နိုင်ငံရဲ့ ဆုံးဖြတ်ချက်ကို ကြိုဆိုကြောင်း ပြည်ထောင်စုဝန်ကြီးက ပြောဆိုခဲ့ပါတယ်။

လက်ရှိကြုံတွေ့နေရသော ကျန်းမာရေးဆိုင်ရာ စိန်ခေါ်မှုများတုံ့ပြန်ရေးနဲ့ ဆင်းရဲနွမ်းပါးမှုပုံစံမျိုးစုံကို တိုက်ဖျက် ရေးမှာ ဖွံ့ဖြိုးဆဲနိုင်ငံများအကြား ပူးပေါင်းဆောင်ရွက်မှုများကို မြှင့်တင်ရန် လိုအပ်တယ်လို့လည်း ပြောဆိုခဲ့ပါတယ်။

ကိုဗစ်ကူးစက်ရောဂါထိန်းချုပ်မှု အစီအမံများကြောင့် မြန်မာနိုင်ငံနဲ့ တရုတ်နိုင်ငံတို့အကြား နယ်စပ်နဲ့ ပုံမှန် ကုန်သွယ်မှုနဲ့ ကုန်စည်စီးဆင်းမှု ကွင်းဆက် လွယ်ကူချောမွေ့စေရေးကို မထိခိုက်စေဘဲ ဆက်လက်ပူးပေါင်း ဆောင်ရွက်သွားရန် လိုအပ်တယ်လို့လည်း ပြည်ထောင်စုဝန်ကြီးက ထည့်သွင်းပြောကြားခဲ့တာဖြစ်ပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *

You cannot copy content of this page