ရန်ကုန်မြို့ရှိ တက္ကစီများကို မြို့နယ်ဖြတ်ကျော် မောင်းနှင်ခွင့် မပြုထားဟုဆို

ရန်ကုန်မြို့ရှိ တက္ကစီများကို မြို့နယ်ဖြတ်ကျော် မောင်းနှင်ခွင့် မပြုထားဟုဆို

ရန်ကုန်တိုင်းဒေသကြီးအတွင်း ပြေးဆွဲနေသည့် အငှားယာဉ်(Taxi)များအား မြို့နယ်ဖြတ်ကျော် မောင်းနှင်ခွင့်မပြုထားကြောင်း ရန်ကုန်တိုင်းဒေသကြီးယာဉ်ထိန်းတပ်ဖွဲ့ရုံးမှ သိရပါတယ်။

လက်ရှိတွင် ရန်ကုန်တိုင်းဒေသကြီးအတွင်း မြို့နယ်ဖြတ်ကျော်သွားလာမှုများကို စစ်ဆေးနေခြင်းမှာ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနမှ ထုတ်ပြန်ထားသည့် Stay at Home အမိန့်ကို တိကျစွာလိုက်နာနိုင်ရန် စစ်ဆေးခြင်းဖြစ်ပါတယ်။

အစိုးရ၏ ခွင့်ပြုလုပ်ငန်းအမျိုးအစားတွင် ပါဝင်သည့် စက်ရုံအလုပ်ရုံများ၊လုပ်ငန်းများ ၊ကုမ္ပဏီများအနေဖြင့် လုပ်ငန်းလည်ပတ် လုပ်ကိုင်မည်ဆိုပါက အွန်လိုင်း မှတစ်ဆင့် မှတ်ပုံတင်ရမည်ဖြစ်ပြီး စက်တင်ဘာ (၂၈) ရက်မှစတင်၍ အဆိုပါမှတ်ပုံတင်ထားသောလုပ်ငန်းများမှ ဝန်ထမ်းများနှင့် မော်တော်ယာဉ်များသာ မြို့တစ်မြို့နယ်နှင့် တစ်မြို့နယ် ဖြတ်ကျော်ခွင့်ရမည်ဖြစ်ရာ နယ်မြေဖြတ်ကျော်ခြင်းအတွက် စစ်ဆေးရာတွင် QR ကုတ် အားပြသရမည် ဖြစ်ပါတယ်။

ယခုကဲ့သို့ QR ကုတ်ဖြင့် မြို့နယ်ဖြတ်‌ ကျော်သွားလာခြင်းတွင် အငှားယာဉ်(Taxi) များ အား ဖြတ်ကျော်မောင်းနှင်ခွင့်မပြုထားကာ QR ကုတ်ဖြင့် ဖြတ်‌ကျော်ခွင့်ရှိသော ကုမ္ပဏီများအနေဖြင့်လည်း အကြောင်းတစ်စုံတစ်ရာ ရှိလာခဲ့ပါက ၎င်းတို့ကုမ္ပဏီမှသာ တာဝန်ယူ ဆောင်ရွက်ရမည် ဖြစ်ပါတယ်။

“ပထမ ကိုဗစ်လှိုင်း ပြီးကတည်းက ကားဆွဲရတာ အဆင်မပြေခဲ့တာပါ။ အခုလိုလုပ်တာကို ဘယ်လိုမြင်လဲဆိုရင် အကောင်းဘက်က ကြည့်ရင်တော့ ဒီရောဂါကြီးပျောက်ဖို့ အတွက်လုပ်တာကတော့ ကောင်းပါတယ်။ ဒါပေမယ့် အဆိုးဘက်က ကြည့်ရင်တော့ ကျွန်တော်တို့လို အငှားယာဉ်မောင်ပြီး မိသားစုကိုထောက်ပံ့နေရတဲ့ သူတွေအတွက်တော့ အဆင်မပြေဘူးပေါ့ဗျာ။ အရင်က နေရာအနှံ့ သွားလို့ရနေတုန်းကတောင် ကားဆွဲမကောင်းတာ အခုကျတော့ ပိုဆိုးသွားတာပေါ့” ဟု လှိုင်မြို့နယ်မှ အငှားယာဉ်မောင်းတစ်ဦးက ပြောပါတယ်။

ယခုအခါ မြို့နယ်တစ်မြို့နယ်မှ တစ်မြို့နယ်သို့ ဝင်ထွက်သွားလာမှုများကို စက်တင်ဘာ (၂၈) ရက်မှစတင်၍ အဖွဲ့ပေါင်းစုံဖြင့် စစ်ဆေးလျက် ရှိကြောင်း သိရပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *

You cannot copy content of this page