ဆေးရုံရှေ့တွေမှာ ဂိတ်ထိုးတဲ့ တက္ကစီကားဆရာကြီးများ ဂရုပြုရမယ့်အချက် (အရမ်းအရေးကြီးပါတယ်)

ဆေးရုံရှေ့တွေမှာ ဂိတ်ထိုးတဲ့ တက္ကစီကားဆရာကြီးများ ဂရုပြုရမယ့်အချက် (အရမ်းအရေးကြီးပါတယ်)

အရေးကြီးဆုံး သတိပေးချင်ပါတယ် ဆေးရုံအရှေ့တွင် ဂိတ်ထိုးနေသော တက္ကစီကားဆရာကြီးများခင်ဗျာ

အနံ့ပျောက်လူနာများအား PPE ဝတ်စုံဝတ် လူနာတင်ကားများဖြင့် မြို့နယ်အသီးသီးမှ ဆေးရုံများသို့ ပို့ဆောင်ပေးနေသည်ကို သိရှိကြပြီး ဖြစ်ပါလိမ့်မယ်။ ဆေးရုံများတွင် အနံ့ပျောက် လူနာအရေအတွက် များပြားနေသဖြင့် စမ်းသပ်စစ်ဆေးမှု(အာခေါင်တိုးပက်ယူခြင်း) ပြုလုပ်ပြီး မိမိတို့နေအိမ်အတွင်းသာ Home Q သဘောမျိုး ပြန်လည်နေထိုင်ခြင်းများ ရှိနေပါသည်။

လာရောက်ပြသသော အနံ့ပျောက်သူများအနေဖြင့်လည်း အများပြည်သူနေရာများ သို့ လျှောက်သွားခြင်း မိမိသဘောဖြင့် အိမ်သို့ တက္ကစီကားငှား၍ ပြန်ခြင်းများ တွေ့ရှိလာရပါသည်။ စမ်းသပ်စစ်ဆေးမှုအရ Negative ထွက်ခဲ့လျှင် ပြသနာမရှိသော်လည်း၊Positve ထွက်ရှိလာခဲ့လျှင် မလိုလားအပ်သည့် ဆိုးကျိုးများ ဖြစ်ပေါ်လာနိူင်ပါသည်။

ထို့အတွက်ကြောင့် တက္ကစီယာဥ်မောင်းဆရာကြီးများအနေဖြင့် အထူးသတိပြုရှောင်ကြဥ်ပေးကြပါရန် သတိပေးနှိုးဆော်အပ်ပါသည်။ အာခေါင်တိုးပက်ယူသူ လေးဦး အိမ်သို့ ဆေးရုံအရှေ့မှ တက္ကစီကားတစ်စီးအား ၎င်းတို့မှာ အနံ့ပျောက်သူများ ဖြစ်ကြောင်း ပြောဆိုပြီးမှ ကားငှားခဲ့ကြသည်။ အခု လေးဦးစလုံး positive ထွက်ရှိလာပါသည်။ တက္ကစီယာဥ်မောင်းအား ဆက်သွယ်အကြောင်းကြားပြီး ဖြစ်သည်။

အလွန်အရေးကြီး၍ ရေးသားနေခြင်းဖြစ်ပါသည်။ တက္ကစီယာဥ်မောင်းအား အပြစ်ဆိုခြင်း မဟုတ်ပါ။ ရောဂါပိုးပျံ့နှံ့မှုမဖြစ်ရလေအောင် အထူးသတိပြု ရှောင်ကြဥ် ကြရန် ဖြစ်သည်။ အနံ့ပျောက်သူများအနေဖြင့်လည်း လူနာတင်ကားမှ လွဲ၍ တက္ကစီယာဥ်ဖြင့် စီးနှင်းခြင်းမျိုး မပြုလုပ်ကြပါရန် တိုက်တွန်းလိုက်ရပါသည်။

မှတ်ချက် – လူနာတင်ယာဥ်များအား အကူအညီတောင်းခံကြပါ။ မိမိတို့ကြောင့် ရောဂါပိုးပျံ့နှံ့မှု မဖြစ်ပွားပါစေနှင့်

Maung Aung Myat

Leave a Reply

Your email address will not be published. Required fields are marked *

You cannot copy content of this page