စစ်သလောက် တွေ့တာလား၊ တွေ့သလောက်ပဲ စစ်တာလားနဲ့ ယိုင်နဲ့နဲ့ မြန်မာပြည် ကျန်းမာရေး

ဒီနေ့ ဒီဇင်ဘာ ၁၂ရက် စာရင်းအရ ကိုဗစ် positive လူဦးရေ ၇၁ သန်းကျော်ပါပြီ။ ကမ္ဘာ့လူဦးရေရဲ့ ၁% ကျော်ခန့်ရှိပါတယ်။ ဒါဟာ “positive မှန်း အတည်ပြုတဲ့သူ” ဦးရေပါ။ လူကုန်စစ်ထားပြီး တွေ့တာမဟုတ်။

“စစ်သလောက်အပေါ်မှာ တွေ့တာပါ။” ဒါကြောင့် “ကူးစက်တဲ့ ရာခိုင်နှုန်း”လို့ ပြောရင်မမှန်ပါဘူး။ တကယ် လူမသိသူမသိ မစစ်လိုက်ရဘဲ၊ မစစ်နိုင်ဘဲ ကူးစက်ခံသွားသူတွေ မပါပါဘူး။ ဒုတိယလှိုင်း မစခင်ကတည်းက အချို့နိုင်ငံတွေမှာ ၂.၄ % အထိ “test စစ်ဆေးတဲ့ ပမာဏ” အပေါ်က တွေ့ရှိပါတယ်။ တကယ်တော့ ဒီထက်ပိုပြီး ကူးစက်ခံရတာမို့ ကူးစက်မှု ပြင်းထန်နိုင်တယ် လို့ ဆိုထားပါတယ်။

ကောင်းပါပြီ။ ဒီနှုန်းအတိုင်း မြန်မာပြည်လူဦးရေ ၅၄ သန်းလောက်နဲ့ ချိန်ရရင် ၅၄ x၂.၄ = ၁.၂၉ သန်း (သို့) ၁၃ သိန်းလောက် ပိုက်စိတ်တိုက် ရှာရင်တွေ့နိုင်မှာပါ။ Containment strategy အရ ဆိုရင် ရသလောက် test စစ်ပြီး ရှာမယ်။ တွေ့ရင် contain လုပ်မယ်ပေါ့။

ဒီလိုလုပ်ဖို့က ၁။ Test စစ်နိုင်တဲ့ ပမာဏ များရမယ်။ ၂။ တွေ့သမျှ ထိန်းထားမယ်။ (ဘယ်လိုထိန်းမယ် ၊ အိမ်မှာထားမလား ဆေးရုံတင်ထားမလားဆိုတာ တပိုင်းပါ)

အမေရိကန်မှာ positive case တခုနောက်က ထိတွေ့သူ ကို လိုက်ရာမှာ ၁၂ ဦးနှုန်းလောက် လိုက်ရှာခဲ့တယ်။ ထိုင်းမှာ ဒုတိယလှိုင်းအစ positive case တခုနောက်မှာ ၆၀၀ လောက် လိုက်ရှာခဲ့တယ်။ စင်္ကာပူကတော့ ရသမျှ အကုန် မီးကုန်ယမ်းကုန် နည်းလမ်းအသွယ်သွယ်သုံးပြီးရှာတယ်။ ကိုယ်တို့ဆီမှာ ၁၁ယောက် လောက်ပဲ လိုက်စစ်နိုင်ခဲ့တယ်။ အမေရိကန်စံနှုန်းလောက်သာ စစ်နိုင်တာဆိုရင်ရင် သူ့သေကြေနှုန်းကို သတိရပါ။

နောက်တခုက containment ဆိုတဲ့အခါ တကယ်ရှာလို့ ၁၃ သိန်းလောက် positive ထွက်မယ်ဆိုရင် Positive တိုင်း ဆေးရုံတင်ပြီး ကုထားမယ်ဆိုတာ ဖြစ်နိုင်သလား။ ၁၃ သိန်းကို အချိန် ၉လ ခွဲယူရင်တောင် တနေ့ လူနာ ၄၈၀၀ ကျော် ဖြစ်မယ်။ ဆေးရုံမှာ ၁၁ ရက် ထားမယ်ဆို နေ့စဉ် ၄၈၀၀၀ လူနာရှိပါမယ်။

လက်ရှိ တပြည်လုံး (တပြည်လုံးနော်) ရနိုင်တဲ့ ဆေးရုံကုတင်က ကျွန်တော်မှတ်မိသလောက် ၄၀၀၀၀ သာ ရှိပါတယ်။ (ဆရာမောင်မောင်ဦးက ဒီ data တွေပိုသိပါတယ်။ ကျွန်တော်က မှတ်မိသလောက်ပါ) Containment strategy အတိုင်း အတိအကျ လုပ်ကြမယ်ဆိုရင် ကြိုတွက်ရမယ့် Data တွေ‌ပေါ့။

ကိုယ့်မှာ capacity ရှိမှ containment လုပ်နိုင်မှာမို့ မစခင်ကတည်းက ဖြစ်နိုင်၏ မဖြစ်နိုင်၏ ချိန်ဆသင့်တယ်။ ခု နိုင်သလောက်ပဲ စစ်နေတာတောင် အချိန်ကြာလာတာနဲ့အမျှ ကျန်းမာရေးကဏ္ဍ ယိုင်နဲ့နဲ့ဖြစ်နေပြီ။ ရသလောက်လေးသာ စစ်တဲ့ပေါ်က တွေ့တဲ့ ရာခိုင်နှုန်းကြည့်ပြီး “ကူးစက်နှုန်း ကျသွားပြီ”ဆိုတဲ့ ကောက်ချက်ဟာ ပညာရှင်မဆန်ပါဘူး။ ခု ကူးစက်ခံရတဲ့ နိုင်ငံ ၂၂၀ မှာ မြန်မာနိုင်ငံက အဆင့်၆၉ မှာ ရောက်‌ပါတယ်။ (အချိန်ရမှ ဆက်ရေးပါမယ်)

Maung Maung Myint

Leave a Reply

Your email address will not be published. Required fields are marked *

You cannot copy content of this page