သူဌေးတွေတောင် မျက်ဖြူဆိုက်နေတဲ့ ကိုဗစ်ကာလနဲ့ တောင်မင်း မြောက်မင်း မကယ်နိုင်တော့တဲ့ အဖြစ်
သူဌေးတွေတောင် မျက်ဖြူဆိုက်နေတဲ့ ကိုဗစ်ကာလနဲ့ တောင်မင်း မြောက်မင်း မကယ်နိုင်တော့တဲ့ အဖြစ်
ကိုဗစ်က တော်ရုံအခြေခံ လူတန်းစားမပြောနဲ့ စီးပွါရေး လုပ်ငန်းရှင်တွေတောင် မျက်ဖြူစိုက်နေပြီ။
အစပိုင်း လော့ဒေါင်း ဘာညာတွေလုပ်တော့ စားနိုင်သောက်နိုင်တဲ့သူတွေက Deli တွေနဲ့ သောင်းချီပေးရတဲ့ အကြော်အလှော်ဟင်းတွေ၊ Hotpot တွေ၊ Pizza, Sushi, အကင်တွေ၊ ဘာညာ မှာစားကြ .. ပုံတွေ ရိုက်တင်ကြပေါ့။ ယာမကာလုလင်တွေလည်း အကောင်းစား အရက်တွေ ထုတ်ပြီး ရှိုးထုတ်ကြ။ အမြည်းတွေလည်း စျေးအကြီးဆုံး cheese တွေ၊ အကင်တွေ၊ jerky တွေ စားပြပေါ့။
ခဏနေ ခရီးတွေထွက်။ သူများခရီးထွက်တာ အားကျလို့ ရှိတာမရှိတာအပထား “First class က ကြည့်ချင်တဲ့ တချိန်က ဓါတ်ရှင်လို” သူများလုပ်လို့ လိုက်လုပ်ကြနဲ့။ (တချို့ ဘာမှ နားမလည် .. Covid ပြီးသွားပြီ အထင်နဲ့ ရှိသမျှ လျှောက်သုံးတယ် .. စုဆောင်းဖို့ မစဉ်းစား .. အခု အလုပ်မဖြစ်လို့ လမ်းထိပ်က မုန့်ဟင်းငါးဆိုင်တောင် တပတ်တခါ ပါဆွယ်စွဲဖို့ မသွားနိုင်ရှာတော့)
အဲဒီလိုနဲ့ ပရုတ်လုံး လုံးပါးပါးသလို ဖြစ်လာတာ အခုဆို Hotpot စားတဲ့သူထေးက ကြက်ရိုးပြုတ်ရည်သောက်ရ၊ Pizza စားတဲ့သူက မုန့်ပြားသလက်စားရ၊ ကင်ချီထမင်း ကိုရီးယားအသားကင်ကနေ ပဲပြုတ်ထမင်းကြော်၊ ဂျော်နီလမ်းလျှောက်ကနေ ထိုင်းအရက် .. မကြာခင် ဘီအီးဖြစ်တော့မယ်ထင်တယ်။
သူများ ဒုက္ခဖြစ်တာ ဟာသလုပ်တာ မဟုတ်ဖူး။ အလုပ်တွေ အဆင်မပြေလေ သူဌေးတွေ အလုပ်သမားတွေလျှော့ သူတို့ပါ သူတို့နဲ့ ဆိုင်ရာမိသားစု ဘဝတွေပါ ငတ်ကုန်မယ်။ လာထောက်ပံ့သမျှဟာလည်း limit ရှိတယ်။
သူဌေးဆိုတာ key stakeholders .. သူတို့ ဘဝပျက်ရင် အားလုံး ထမင်းရည်သောက်ရတဲ့ ဘဝရောက်ကုန်မယ်။ အားလုံးဟာ ကိုင်းကျွန်းမှီ ကျွန်းကိုင်းမှီတွေ။
အဲဒီတော့ အရင်လို ပျော်ပျော်ပါးပါး မော်တော်ကားနဲ့ စားချင်တာစား စားသမျှ အကောင်းစားတွေကို သူများစားချင်အောင် ပုံရိုက်တင်ကြတဲ့ အဖြစ်ကို ပြန်ရောက်အောင် အားလုံး ညီညီညွတ်ညွတ်နဲ့ လိုက်နာရမည့် စည်းကမ်းတွေ ပြန်လိုက်နာကြပါ။
I am just reporting ပါ။
Myo Han Htun