ရန်ကုန်ရဲ့ အမေ့လျော့ခံမြို့နယ်တခုမှာ ဖြစ်ပျက်နေတဲ့ ကိုဗစ်ကူးစက်မှု အခြေအနေ

ကူးစက်မှု အများအပြား ဖြစ်ပေါ်နေတဲ့ ကြည့်မြင်တိုင် တဖက်ကမ်း အခြေအနေ

မြန်မာနိုင်ငံမှာ ကိုဗစ် စဖြစ်တဲ့ ‌လေးလပိုင်းကတည်းက ကျွန်မက ဆေးရုံရဲ့အရေးပေါ်မှာတာဝန်ကျပါတယ် ဆေးရုံရဲ့ဝင်ပေါက်မှာ အဖျားတိုင်းတဲ့အလုပ်ကို အများဆုံးလုပ်ရတာမို့ လူတွေအဝင်အထွက်ကို သိနေမြင်နေကျပါ

ကိုဗစ် ပထမလှိုင်းမှာ ပထမဆုံး‌တွေးမိတာက ကျွန်မတို့ဆေးရုံကို အလာများတဲ့ လှိုင်သာယာနဲ့ ကြည့်မြင့်တိုင်တစ်ဖက်ကမ်းက လူနာတွေအတွက်ပါ အဲဒီ နှစ်နေရာက တစ်နေရာရာ မှာသာ ကိုဗစ်ဖြစ်သွားရင် ရန်ကုန်အတွက် မတွေးရဲပါဘူး အထူးသဖြင့် ကျွန်မတို့ဆေးရုံအတွက်ပါ ကံကောင်းစွာနဲ့ ပထမလှိုင်းမှာ မတွေ့ခဲ့ရပါဘူး

ယခု ဒုတိယလှိုင်းမှာတော့ ကံမကောင်းစွာနဲ့ ကြည့်မြင့်တိုင်တစ်ဖက်ကမ်းက လူများတဖွဲဖွဲနဲ့ ဆေးရုံရောက်လာကြပါတယ် ၉ လပိုင်း ၉ ရက်ဝန်းကျင်မှာ ဖျားတယ် လည်ချောင်းနာတယ်ဆိုတဲ့ လူနာတွေလာပြီး ၉ လပိုင်း ၁၂ ရက်နေ့လောက်မှာတော့ အနံ့မရဘူးဆိုတဲ့ လူနာတွေပါ ရောက်လာပါတယ်။ ၁၅ ရက်ဝန်းကျင်မှာတော့ တော်တော်များများက အနံ့ရော အရသာရော မရကြတော့ပါဘူး

အခုတော့ မောတဲ့လူရော အသက်ရှုကျပ်တဲ့လူရော မရေမတွက်နိုင်ပါပဲ ကျွန်မတို့ဆေးရုံအနေနဲ့တော့ အစပိုင်းမှာလူနာအားလုံးကို လက်ခံပြီး နှာခေါင်းတို့ပတ်ယူပေးခဲ့ပါတယ် ၉ လပိုင်း ၂၀ ရက်နေ့ဝန်းကျင်မှာတော့ ဆေးရုံမှာကုတင်တွေ အားလုံးပြည့်သွားလို့ တော်ရုံဖျားနာတဲ့ လူနာများအားလုံးကို အိမ်ပြန်လွှတ်ခဲ့ရပါတယ် အရေးကြီးလူနာတွေအတွက်နေရာချန်ရတာကတစ်ကြောင်း တော်ရုံဖျားနာတာက လူငယ်တွေလဲဖြစ် ကိုယ်ခံအားလဲကောင်းရင်ပြန်ကောင်းတာမို့ အိမ်မှာပြန် ၁၄ ရက်တိတိတစ်ယောက်ထဲနေ ပေးလိုက်တဲ့ဆေးသောက်ပြီး နားဖို့အကြံပေးခဲ့ပါတယ်

သို့ပေမဲ့ ကြည့်မြင့်တိုင်တစ်ဖက်ကမ်းလို လူဦးရေ ထူထပ်တဲ့နေရာမှာ ကိုဗစ်ဟာ တော်တော်ပြန့်နံ့နေပါပြီ။ ကျွန်မတို့ဆေးရုံရဲ့ သားဖွား‌ဆောင်ဟာ ကြည့်မြင့်တိုင်တစ်ဖက်ကမ်းက လူနာအများဆုံးလာတဲ့ နေရာပါ ယခု သားဖွားဆောင်ရဲ့ ဆရာမနှစ်ဦးဟာ ကိုဗစ် positiveဖြစ်သွားပါပြီ ကျန်ဆရာမများနဲ့ ဆရာမအဆောင်ပါ လော့ဒေါင်း ဖြစ်နေပါပြီ Q ဝင်နေသူ swab စစ်ထားသူများလဲ မနည်းပါဘူး ဆရာဝန် ဆရာမ ၁၀ ယောက်ကျော်လဲ positive ဖြစ်နေပါပြီ။

သားဖွားဆောင်ကိုလဲ ယာယီ ၃ ရက်ပိတ်လိုက်ရပါပြီ သားဖွားရန်လူနာများလာရင် ဗဟိုအမျိုးသမီးဆေးရုံကို လွှဲပေးရပါတော့မယ် ပိုးရှိသူလူများသာ ဗဟိုအမျိုးသမီးဆေးရုံကို သွားမိရင် အဲ့မှာရှိနေတဲ့ ရန်ကုန်တစ်မြို့လုံးက သားဖွားလူနာများအတွက် မတွေးရဲပါဘူး ဒီစာကို ရေးသင့်မရေးသင့် စဉ်းစားနေတာ ရက်တော်တော်ကြာပါပြီ ဘာပဲပြောပြော အများပြည်သူကသိမှ ဆင်ခြင်နိုင်မှာမို့ပါ။

ကြည့်မြင့်တိုင်ညဈေး ကြည့်မြင့်တိုင်ငါးဈေး သီရိမဂ်လာဈေးတို့ဟာ ယခုအချိန်မှာအရမ်းကို အန္တရယ်များတဲ့နေရာတွေ ဖြစ်နေပါပြီ။ မနေ့ကလဘ်း သီရိမဂ်လာဈေးက ဈေးသည်အမျိုးသမီးတစ်ယောက်ဟာ ဆေးရုံလာပြီး mask တောင် တပ်ခိုင်းလို့ မရပါဘူး ရန်ပြန်တွေ့ပါတယ်။

ကျွန်မတို့အနေနဲ့ကတော့ ကိုဗစ်ကြီး မြန်မြန်ပြီးဖို့ဆုတောင်းရင် အလုပ်လုပ်ရတာ အားတွေလဲကုန်လှပါပြီ။ ပြည်သူလူထုအနေနဲ့ maskတပ်ဖို့ လက်ဆေးဖို့ အိမ်ထဲမှာပဲနေဖို့ကို တာဝန်တစ်ခုလိုလိုက်နာပေးဖို့ မေတ္တာရပ်ခံပါရစေရှင်..

Leave a Reply

Your email address will not be published. Required fields are marked *

You cannot copy content of this page