ထိုင်ဝမ်မှာ Q စည်းကမ်း ၈ စက္ကန့် ဖောက်မိသူကို ဒေါ်လာ ၃၅၀၀ (ကျပ် ၄၆ သိန်းကျော်) ဒဏ်ရိုက်

ထိုင်ဝမ်မှာ Q စည်းကမ်း ၈ စက္ကန့် ဖောက်မိသူကို ဒေါ်လာ ၃၅၀၀ (ကျပ် ၄၆ သိန်းကျော်) ဒဏ်ရိုက်

ထိုင်ဝမ်ကျွန်း Kaohsiung မြို့က ဟိုတယ်တခုမှာ Q ဝင်နေတဲ့ အမျိုးသားတဦးဟာ Q စည်းကမ်းကို ၈ စက္ကန့် ဖောက်လိုက်မိရုံနဲ့ အမေရိကန်ဒေါ်လာ ၃,၅၀၀ (မြန်မာငွေ ၄၆ သိန်းကျော်) ဒဏ်ရိုက်ခံလိုက်ရပါတယ်။

ဖိလစ်ပိုင်ကနေ ထိုင်ဝမ်မှာ အလုပ်လာလုပ်နေတဲ့ အမျိုးသားဟာ Kaohsiung မြို့က ဟိုတယ်မှာ Q ဝင်နေစဉ် သူ့အခန်းထဲကနေ လူအများရှိတဲ့ ဟောခန်းထဲကို ၈ စက္ကန့်ခန့် ထွက်သွားမိတယ်ဆိုပါတယ်။

အဲဒါကြောင့် မြို့ပြ ကျန်းမာရေးဌာနကနေ သူ့ကို အမေရိကန်ဒေါ်လာ ၃,၅၀၀ ခန့် (မြန်မာငွေ ၄၆ သိန်းကျော်) ဒဏ်ရိုက်လိုက်တာဖြစ်တယ်လို့ သိရပါတယ်။

ထိုင်ဝမ်ရဲ့ Q ဥပဒေအရ Q ဝင်နေသူဟာ သူ့အခန်းကနေ အပြင်ထွက်ခွင့်မရှိပါဘူး။ စက္ကန့်ပိုင်းပဲထွက်ထွက် ပြစ်ဒဏ်က တူတူပဲဖြစ်တယ်လို့ ဆိုပါတယ်။ Q ဝင်နေသူတွေအနေနဲ့ ဟိုတယ်ခန်းကနေ အပြင်ခဏထွက်လို့ ဒဏ်မရိုက်လောက်ပါဘူးဆိုပြီး မတွေးကြပါနဲ့လို့ ကျန်းမာရေးဌာနက တိုက်တွန်းကြောင်းလည်း ဖော်ပြထားပါတယ်။

Kaohsiung မြို့မှာ Q ဝင်သူတွေကိုလက်ခံထားတဲ့ ဟိုတယ် ၅၆ လုံးရှိပြီး အခန်းပေါင်း ၃၀၀၀ ခန့်ရှိတယ်လို့ သိရပါတယ်။ ထိုင်ဝမ်ဟာ ကိုဗစ်ရောဂါ တိုက်ဖျက်ရေးမှာ စံပြအဖြစ် ဆောင်ရွက်နေပြီး ကမ္ဘာက လေးစားရတဲ့ နိုင်ငံတခုဖြစ်ပါတယ်။ ထိုင်ဝမ်မှာ ဗိုင်းရပ်စ်ကူးစက်သူ ၇၁၆ ဦးရှိပြီး သေဆုံးသူ ၇ ဦးအထိပဲ ရှိသေးတယ်လို့ သိရပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *

You cannot copy content of this page