ထိုင်ဝမ်ဟာ မီးနဲ့ ကစားရင် လောင်ကျွမ်းမှုကို ခံစားရလိမ့်လို့ တရုတ် ပြင်းပြင်းထန်ထန် သတိပေး

စိတ်ဆိုးပြနေရတယ်

အမေရိကန်စီနီယာအရာရှိ ထိုင်ဝမ်ကို အဆင့်မြင့် ဆွေးနွေးပွဲတွေလုပ်ဖို့ ရောက်တဲ့ (၁၈/၉/၂၀၂၀) နေ့မှာပဲ တရုပ်တို့ဟာ သူတို့ကြေညာထားတဲ့အတိုင်း တိုင်ဝမ်ရေလက်ကြားမှာ စစ်ရေးလေ့ကျင့်ခန်းကိုစလုပ်ပါတယ် တိုင်ပေနဲ့ဝါရှင်တန်ရဲ့ နီးစပ်လာတဲ့ဆက်ဆံရေးတွေကို အမြဲတစေစောင့်ကြည့်နေတဲ့ တရုပ်ဟာထိုင်ဝမ်ကျွန်းအနီးမှာ စစ်ရေးလေ့ကျင့်ခန်းတွေကို ပိုလုပ်လာပါတယ်

တရုပ်ကာကွယ်ရေးဝန်ကြီးဌာနက ပြောခွင့်ရသူက လေ့ကျင့်ခန်းနဲ့ပတ်သက်ပြီး အသေးစိတ်ဘာမှမပြောပါဘူး “နိုင်ငံရဲ့အချုပ်အခြာနဲ့ ပိုင်နက်ကိုလေးစားမှုရှိစေဖို့လိုအပ်တဲ့အတွက် လေ့ကျင့်ခန်းလုပ် ခြင်းဖြစ်တယ် ဒါဟာ ထိုင်ဝမ်ရေလက်ကြားမှာ ဖြစ်ပေါ်နေတဲ့ လက်ရှိအခြေအနေတွေပေါ် ရည်ရွယ်တာဖြစ်ပြီး ဖြစ်သင့်တဲ့အလုပ်ပဲ” လို့ပြောပါတယ်။ ထိုင်ဝမ်ဟာ တရုပ်ပြည်ရဲ့ပြည်တွင်းအရေးစစ်စစ်ပဲ နိုင်ငံခြားကစွက်ဖက်မှုတွေကို သည်းခံမှာမဟုတ်ဘူး လို့ပြောသွားပါတယ်

လတ်တလောမှာ ထိုင်ဝမ်အာဏာရပါတီ( Democratic Progressive Party )(DPP) နဲ့အမေရိကန်အစိုးရဟာ ပူးပေါင်းပြီးတော့ တဆင့်ပြီးတဆင့် ပြဿနာတွေကို တိုးတိုးရှာလာတယ် လို့ပြောပါသေးတယ် ထိုင်ဝမ်ကိုအသုံးချပြီး တရုပ်ကိုချုပ်ကိုင်ဖို့လုပ်လာတာပဲဖြစ်ဖြစ် နိုင်ငံခြားပြည်ပကိုအားကိုးပြီးရပ်တည်နိုင် အောင်လုပ်လာတာပဲဖြစ်ဖြစ် ဒါတွေဟာ ဖြစ်ချင်တာတွေပဲရှိမယ် အဆုံးမှာတော့ကံဆိုးမိုးမှောင်ကျပြီးပျက်စီးကုန်မှာပဲ လို့ဆိုပါတယ် မီးနဲ့ကစားရင်တော့လောင်လိမ့်မယ်တဲ့ ထိုင်ဝမ်အစိုးရကတော့ ဘာမှမတုန့်ပြန်ပါဘူး

တရုပ်တို့ဟာ အမေရိကန်က စီးပွားရေးရာ ဒုဝန်ကြီး Keith Krach ရဲ့ထိုင်ဝမ်ခရီးစဥ်ကို စတင်မယ်ဆို ကတည်းက ထုတ်ပြန်ကြေညာချက်တွေ ထုတ်နေခဲ့တာပါ။ ခရီးစဥ်ဟာ မထင်မရှားလေးလုပ်ထားတဲ့ ခရီးပါပဲ မီဒီယာတွေကိုအသိပေးထုတ်ပြန်ထားတာမရှိပါဘူး သူ့ခရီးစဥ်မှာ ထိုင်ဝမ်သမ္မတ ဆိုင်အင်ဝမ်းနဲ့တွေ့မယ် စနေနေ့မှာ ကွယ်လွန်သွားပြီးဖြစ်တဲ့ သမ္မတ ဟောင်း Lee Teng-hui ရဲ့အောက်မေ့ဖွယ်အခမ်းအနားကိုတက်ရောက်ပါမယ် ဒီလိုခရီးစဥ်နဲ့ပတ်သက်လို့ လိုအပ်တဲ့တုန့်ပြန်မှုတွေကိုလုပ်ရလိမ့်မယ်လို့ တရုပ်အစိုးရကချိမ်းခြောက်ကြေညာထားပါတယ်

တရုပ် အမေရိကန်နဲ့ တိုင်ဝမ်သုံးဦးတို့ရဲ့ နဂိုရ်ထဲက မကောင်းလှတဲ့ ဆက်ဆံရေးနှောင်ကြိုးကို ထပ်ပြီး တင်းလိုက်တာပါပဲ အမေရိကန်ရွေးကောက်ပွဲ ကာလမတိုင်ခင်မှာ တရုပ်နဲ့ အမေရိကန်ဆက်ဆံရေးက အောက်ဆုံးရောက်နေတယ်လို့ပြောရအောင် ဆိုးရွားနေပါတယ် ပြီးခဲ့တဲ့လတုန်းက အမေရိကန် ကျန်းမာရေးဝန်ကြီး ထိုင်ဝမ်ကိုလာခဲ့ပါတယ် အဲ့ဒိအချိန်တုန်းက တရုပ်တိုက်လေယာဥ်တွေဟာ ထိုင်ဝမ်ရေလက်ကြားရဲ့ အလယ်မျဥ်းကိုဖြတ်ကျော် ပျံသန်းတာမျိုးလုပ်ခဲ့ပါတယ်

ပြီးခဲ့တဲ့ အပါတ်ကလည်း တရုပ်တို့ဟာ ထိုင်ဝမ်ကျွန်းရဲ့အနောက်တောင်ဖက်မှာ စစ်လေ့ကျင့်ခန်းအကြီးအကျယ်လုပ်ပြခဲ့ပါသေးတယ် အမေရိကန်ဟာ တခြားသောနိုင်ငံတွေလိုပါပဲ တရုပ်နဲ့တရားဝင် သံတမန်ဆက်ဆံရေးရှိပါတယ် ထိုင်ဝမ်နဲ့တော့တရားဝင်သံတမန်ဆက်ဆံမှုမရှိပါဘူး ဒါပေမယ့် အမေရိကန်ဟာ ထိုင်ဝမ်အတွက် လက်နက်အဓိကထောက်ပံ့သူဖြစ်ပြီး အရေးအပါဆုံး ကျောထောက်နောက်ခံပေးနေသူပဲဖြစ်ပါတယ်

pi lon

Leave a Reply

Your email address will not be published. Required fields are marked *

You cannot copy content of this page