ထိုင်ဝမ်ကို စစ်ပွဲမှာ အဓိကကျတဲ့ လက်နက် (၇) မျိုး အမေရိကန် ရောင်းချပေးသွားမည်

ထိုင်ဝမ်ကို စစ်ပွဲမှာ အဓိကကျတဲ့ လက်နက် (၇) မျိုး အမေရိကန် ရောင်းချပေးသွားမည်

မိုင်းများ၊ ဖျက်သင်္ဘောဒုံးကျည်များနှင့် ဒရုန်းများအပါအဝင် အဓိကကျသောလက်နက် ခုနှစ်မျိုးကို အမေရိကန် က ထိုင်ဝမ်နိုင်ငံသို့ရောင်းချပေးရန် စီစဥ်နေပါတယ်။

အမေရိကန်စစ်တပ်က ထိုင်ဝမ်သို့လက်နက် ခုနှစ်မျိုးကိုတစ်ပြိုင်ထဲရောင်းချပေးမှုမှာ ထုံးစံမရှိသည့် ကြုံတောင့်ကြုံခဲဖြစ်ရပ်မျိုး ဖြစ်ပါတယ်။ တစ်ချိန်တည်းမှာပင် ထိုင်ဝမ်ဘက်မှလည်း လက်နက်ဝယ်ယူမှုကို တိုးမြှင့်ရန် ဆုံးဖြတ်ပြီး ထိုင်ဝမ် တပ်မတော်ကိုအင်အားတောင့်တင်းစေရန် ဦးစားပေးစီစဉ်ခဲ့ပါတယ်။

ထိုင်ဝမ်ကာကွယ်ရေးဝန်ကြီးမှ “လက်နက်အများအပြား ဝယ်ယူသည်ဆိုသည့်ကိစ္စမှာ မီဒီယာတို့၏ မှန်းဆချက်” သာဖြစ်ကြောင်း၊ လက်နက်ဝယ်ယူရန် ဆွေးနွေးမှုများနှင့်ဆုံးဖြတ်ချက်များကို လျှို့ဝှက်ထားသောကြောင့် အမေရိကန်ကွန်ဂရက်လွှတ်တော်မှအကြောင်းကြားချက် မရမချင်း အများပြည်သူများ သိစေရန် ပြောကြားမည်မဟုတ်”ဟု ပြောဆိုခဲ့ပါတယ်။

ထိုင်ဝမ်တပ်မတော်၏ လေ့ကျင့်ရေးလုပ်ငန်းစဉ်များနှင့် စစ်ဝတ်တန်ဆာများကို အများအားဖြင့် အမေရိကန်ထုတ်ပစ္စည်းများကိုသာသုံးစွဲလျက် ရှိပါတယ်။ သို့သော် တရုတ်တပ်မတော်သည် ထိုင်ဝမ်တပ်မတော်ထက် လူအင်အား ပိုများပြီး ၎င်းတို့နိုင်ငံထုတ်အဆင့်မြင့်စစ်ပစ္စည်းများကိုပါ ပေါင်းစပ်သုံးစွဲလျက်ရှိနေပါတယ်။

“စစ်လက်နက်ထုတ်လုပ်ရေးကုမ္ပဏီများဖြစ်သည့် လော့ခ်ဟိမာတင်၊ဘိုးရင်း နှင့် ဂျင်နရယ်အက်တောမစ် တို့သည် လက်နက်ပစ္စည်းပို့ဆောင်ရေးလုပ်ငန်းကို ၎င်းတို့နည်းလမ်းများဖြင့်လုပ်ဆောင်လျက်ရှိသည်”ဟု ကွန်ဂရက် မှပြောကြားခဲ့ပါတယ်။ လာမည့်ရက်သတ္တပတ်များအတွင်း ကွန်ဂရက်လွှတ်တော်သို့ လက်နက် ရောင်းချရန်ကိစ္စနှင့်ပတ်သက်၍ တင်ပြဖွယ်ရှိနေပါတယ်။

ရေကြောင်းမှတစ်ဆင့် ကျုးကျော်ဝင်ရောက်ခြင်းကို ဟန့်တားနိုင်ရန် စမတ်မိုင်းများ၊ ရေငုပ်သင်္ဘောဖျက် မိုင်းများအပါအဝင် အဆင့်မြင့်ဒုံးကျည်များနှင့် ကမ်းခြေကာကွယ်ရေး လက်နက်များ၊ မိုးကုတ်စက်ဝိုင်း တစ်လျှောက် နောက်ယောင်ခံခြင်းနှင့်ပစ်မှတ်ရှာဖွေခြင်းတို့ကိုပြုလုပ်နိုင်သည့် ဒရုန်းများတို့ဖြင့် ထိုင်ဝမ် ကိုအလွယ်တကူမတိုက်ခိုက်နိုင်အောင်ဆောင်ရွက်ထားရန် ဆွေးနွေးခဲ့ကြပါတယ်။

“လော့ခ်ဟိမာတင် မှထုတ်လုပ်သည့် အမြန်ရွေ့လျားဒုံးကျည်စနစ်ဖြင့် ထုတ်လုပ်ထားသော ထရပ်ကားတင်ဒုံးလောင်ချာ ကိုထိုင်ဝမ် မှဝယ်ယူလိုနေ‌ကြောင်း” ညှိနှိုင်းရေးလုပ်ငန်းစဉ်များနှင့် နီးစပ်သူတစ်ဦးမှပြောကြားခဲ့ပါတယ်။ ထိုင်ဝမ်သည်နောက်ဆုံး ပေါ်တင့်ကားဖျက်ဒုံးကျည်များကိုလည်းဝယ်ယူလိုနေပါတယ်။

ဩဂုတ်လဆန်းပိုင်းက အမေရိကန်သည် ထိုင်ဝမ်သို့အမေရိကန်ဒေါ်လာသန်းး ၆၀၀ ခန့်တန်သော နောက်ဆုံးပေါ်ခေတ်မီဒရုန်း လေးစင်းခန့်ကို ရောင်းချရန်ညှိနှိုင်းခဲ့ကြပါတယ်။

အဆိုပါဆွေးနွေးမှုတွင် ဖျက်သင်္ဘောမှပစ်လွှတ်သည့်ဒုံးကျည်များကို တန်ပြန်ရန်ကမ်းခြေစောင့် ကာကွယ်ရေးတပ်များအတွက် ဘိုးရင်း ကုမ္ပဏီထုတ် မြေပြင်အထိုင်ချ ဟာပွန်း သင်္ဘောဖျက်ဒုံးကျည်များရောင်းချပေးရန် လည်းပါဝင်ပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *

You cannot copy content of this page