ပဲခူးတိုင်းဒေသကြီးတွင် အသက် ၇၃ နှစ်အရွယ် အဘိုးအိုတဦး ကိုဗစ် ဒုတိယအကြိမ် ကူးစက်ခံရ

ပဲခူးတိုင်းဒေသကြီးတွင် အသက် ၇၃ နှစ်အရွယ် အဘိုးအိုတဦး ကိုဗစ် ဒုတိယအကြိမ် ကူးစက်ခံရ

ပဲခူးတိုင်းဒေသကြီး မြို့နယ်တွေမှာ ကိုရိုနာဗိုင်းရပ်စ်ရောဂါ ဖြစ်ပွားမှု အများဆုံးဖြစ်တဲ့ ကဝမြို့နယ်မှာ အောက်တိုဘာ ၁၉ ရက်နေ့ည ထုတ်ပြန်ချက်အရ ကို‌ဗစ်ရောဂါသက်သာပျောက်ကင်းပြီး သိပ်မကြာသေးတဲ့ အမျိုးသားကြီးတစ်ဦး ရောဂါပိုး ထပ်မံ စစ်ဆေး‌ တွေ့ရှိခဲ့တယ်လို့ ဝေါမြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ စုံစမ်းသိရှိရပါတယ်။

“ကိုးလပိုင်းမှာ သက္ကလဆေးရုံမှာ ပေါ့စတစ်လူနာနဲ့ ကွန်တက်ရှိလို့ စစ်ရာက ကိုဗစ်ပိုးတွေ့တယ်။ ကိုးလပိုင်းထဲမှာ ဆေးရုံကဆင်းရတယ်။ အခုတစ်ခါ သူအိမ်မှာနေနေတုန်း အိမ်မှာလူတစ်ဦးရောဂါပိုးတွေ့လို့ ကွန်တက်အနေနဲ့ ထပ်စစ်ရတာမှာ မနေ့က ပိုးထပ်တွေ့တာပါ “ လို့ ကဝမြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးမှူး ဒေါက်တာမောင်မောင်ချစ်ကပြောပါတယ်။

အဆိုပါအမျိုးသားကြီးမှာ အသက် ၇၃ နှစ်အရွယ်ရှိပြီး ပြီးခဲ့တဲ့ စက်တင်ဘာလ ပထမအပတ်ခန့်က သက္ကလဆေးရုံကြီးမှာ ကိုဗစ်ပိုးတွေ့လူနာနဲ့ ထိတွေမှု ရှိခဲ့လို့ စစ်ဆေးခဲ့ရာက ရောဂါပိုး ကူးစက်ခံခဲ့ပြီး နှစ်ပတ်ကျော်အကြာမှာ နက်ဂတစ်အဖြေထွက်လို့ဆေးရုံမှ ဆင်းခွင့်ရခဲ့သူတစ်ဦး ဖြစ်တယ်လို့ သိရပါတယ်။

ဆေးရုံမှ စက်တင်ဘာ နောက်ဆုံးပတ်ခန့်မှာ ဆင်းခွင့်ရရှိခဲ့တဲ့ အဲဒီအမျိုးသားကြီးကို နေအိမ်မှာ အသွား အလာကန့်သတ်ထားရှိပြီး သိပ်မကြာမီ မိသာစုဝင်တစ်ဦး အနံ့မရသဖြင့် ကိုဗစ်ပိုးစစ်ဆေးရာ ရောဂါပိုးတွေ့ရှိခဲ့ရသဖြင့် ထိတွေ့မှု ရှိထားသူ အသက် ၇၃ နှစ်အရွယ် ကိုဗစ်ပိုးကူးစက်ခံရဘူးသူကို ပြန်လည်စစ်ဆေးရာမှ အောက်တိုဘာ ၁၉ ရက်နေ့က ဒုတိယအကြိမ်ကူး စက်ခံခဲ့ရခြင်းဖြစ်တယ်လို့ ကဝမြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ သိရှိရပါတယ်။

ကိုဗစ် ဒုတိယလှိုင်းကာလ ဩဂုတ်လခန့်မှ ယနေ့အထိ ကဝမြို့နယ် သက္ကလ စံပြတိုက်နယ်ကျေးရွာ အပါအဝင် ရပ်ကွက်ကျေးရွာများမှာ ကိုဗစ် ရောဂါပိုးအတည်ပြုလူနာ ၁၉၄ ဦးရှိခဲ့ပြီး လတ်တလော ကုသမှုခံယူနေရသူ ၃၁ ဦးသာရှိတယ်လို့ ပဲခူးတိုင်းဒေသကြီး ကျန်းမာရေးဦးစီးဌာနမှ အချက်လက်တွေအရ သိရပါတယ်။

ကဝမြို့နယ်အတွင်း အောက်တိုဘာလ ၁၉ ရက်နေ့က ကိုဗစ် အတည်ပြုလူနာများမှာ အတည်ပြုလူနာသစ် ၁၄ ဦးမှာ ရွှေပေါက်ပင်‌ကျေးရွာနေသူ ၈ ဦး၊ သက္ကလစံပြကျေးရွာနေ ၂ ဦး၊ဈေးဖလုံ၊အေးရွာ၊တဲစုနဲ့ခမွန်ကံကြီးတို့မှ ၁ ဦးစီဖြစ်ပြီး ဒုတိယအကြိမ် ရောဂါပိုးထပ်မံကူးစက်ခံရသူ အမျိုးသားကြီးမှာ ခမွန်ကံကြီး ကျေးရွာနေသူ ဖြစ်တယ်လို့ ကဝမြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ သိရှိရပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *

You cannot copy content of this page