ယနေ့ညနဲ့ မနက်ဖြန် နံနက်တွင် ရန်ကုန်၊ ဧရာဝတီနှင့် မွန်ပြည်နယ်တို့တွင် အအေးပိုမည် (ဆရာမလေး စုစုစံ)
၂၀၂၀ ဒီဇင်ဘာလ ၈ရက်နေ့ည သန်းခေါင်ကျော် ၉ရက်နေ့ နံနက်ပိုင်းမှာ ဧရာဝတီတိုင်း ရန်ကုန်တိုင်း မွန်ပြည်နယ်တွေမှာ အေးမြတဲ့ဆောင်းလေညှင်း ရရှိလာစေနိုင်ပါတယ်…
8/12/2020 at 1:17pm (MMT) Su SuSan
၂၀၂၀ ဒီဇင်ဘာလ ၁၅ရက် ၁၆ရက် ၁၇ရက်နေ့တွေမှာ ထိုင်းပင်လယ်ကွေ့အတွင်း Low pressure cloud တွေဖြစ်ပေါ်နိုင်ပြီး ထိုင်းတောင်ပိုင်းမှတဆင့် ကပ္ပလီပင်လယ်တောင်ပိုင်း ဘင်္ဂလားပင်လယ်အော်အရှေ့တောင်ပိုင်းတွေကို လေဖိအားအနိမ့်တွေ ၁၉ ရက် ၂၀ ရက်နေ့တွေမှာ ထပ်မံဖြစ်ပေါ်လာဖွယ် ရှိပါတယ်။
ဒီဇင်ဘာလ ၁၆ ရက် ၁၇ ရက်နေ့တွေမှာ မြိတ် ဘုတ်ပြင်း ကော့သောင်းဒေသတွေမှာ မိုးအနည်းငယ်ရွာနိုင်ပြီး ကျန်တနိုင်ငံလုံးမှာတော့ ဖိအားမြင့်တွေ ရှိနေမှာဖြစ်လို့ မိုးရွာသွန်းဖွယ်တော့ မတွေ့ရှိရပါဘူး။ ရက်ဝေး ခန့်မှန်းပေးတာဖြစ်ပြီး ဘင်္ဂလားပင်လယ်အော် ကပ္ပလီပင်လယ် ထိုင်းပင်လယ်ကွေ့တွေကို အမြဲစောင့်ကြည့်ပေးသွားမှာပါ
လေဖိအားနဲ့ လေစီးကြောင်းအပြောင်းအလဲဖြစ်ပြီး ထူးခြားခဲ့ရင် Update ထပ်မံခန့်မှန်းပေးနေမှာဖြစ်ပါတယ်…နော်…
8/12/2020 at 11:52 am (MMT) Su SuSan