အောင်ဘာလေထီ သိန်းတသောင်းခွဲဆုရှင်ကြီးကို ရှာတွေ့ပါပြီ

အောင်ဘာလေထီ သိန်းတသောင်းခွဲဆုရှင်ကြီးကို ရှာတွေ့ပြီ

(၂၀) ကြိမ်မြောက် အောင်ဘာလေသိန်းဆုဖွင့်ပွဲက ကျပ်သိန်းတစ်သောင်းငါး‌ထောင်ဆုကြီးကို ဧရာဝတီတိုင်း‌ဒေသကြီး ဟင်္သာတမြို့မှာနေထိုင်တဲ့ ဦးခင်မောင်ညွန့်က ဆွတ်ခူးရရှိခဲ့ပါတယ်။

ဦးခင်မောင်ညွှန့်မှာ ၂၀၂၀ ခုနှစ်၊ ယနေ့ (အောက်တိုဘာ ၁ ရက်) တွင်ဖွင့်လှစ်သော (၂၀) ကြိမ်မြောက် အောင်ဘာလေသိန်းဆုဖွင့်ပွဲ၌ လ ၉၁၄၂၃၇ ထီလက်မှတ်ဖြင့် ငွေကျပ် သိန်းတစ်သောင်းခွဲဆု ဆွတ်ခူး ရရှိခဲ့ခြင်းဖြစ်ပါတယ်။

ဟင်္သာတမြို့ရှိ မင်္ဂလာစွယ်တော်ထီဆိုင်အနေဖြင့် ကျပ်သိန်းတစ်သောင်းခွဲဆုကို ဒုတိယအကြိမ်မြောက် ဆွတ်ခူးပေးနိုင်ခဲ့ခြင်းဖြစ်ပြီး ၂၀၁၉ ခုနှစ်၊ သြဂုတ် ၁ ရက်ကဖွင့်လှစ်ခဲ့သော (၆) ကြိမ်မြောက် အောင်ဘာလေသိန်းဆုဖွင့်ပွဲ၌ ပထမအကြိမ်အဖြစ် ဟင်္သာတမြို့နယ်၊ လက်ပံလှကျေးရွာမှ ကံထူးရှင် တစ်ဦးက ဆွတ်ခူးနိုင်ခဲ့ပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *

You cannot copy content of this page