အနံ့ပျောက်လူနာ၊ နာတာရှည်လူနာ၊ အရေးပေါ်လူနာတွေ စုပြုံနေတဲ့ ရန်ကုန်ဆေးရုံကြီး လက်ရှိအခြေအနေ

အနံ့ပျောက်လူနာ၊ နာတာရှည်လူနာ၊ အရေးပေါ်လူနာတွေ စုပြုံနေတဲ့ ရန်ကုန်ဆေးရုံကြီး လက်ရှိအခြေအနေ

ကျနော့် အဖေဆုံးသွားပါပြီ ။မနေ့မနက် ၁၀ ခွဲကပါ အသက်ရှုရကြပ်ပြီး နှလုံးရပ်သွားတာပါ။ အောက်က စာကို အောက်ဆုံးထိသေချာဖတ်ပေးကြပါ အရေးကြီးလို့ sharing လုပ်ပေးတာပါ

ပြီးတော့ ရောဂါသေးသေးမွှားမွှားလေး ဖြစ်ရုံ ၊ကိုပူရုံနဲ့ ရန်ကုန်ဆေးရုံကြီးလဲ မသွားကြပါနဲ့ တက်နိုင်ရင် အိမ်မှာပဲနေပါ ရောဂါမသက်သာရင် နီးဆက်တဲ့ တခြား Fever clinic ( သို့ ) တခြားဆေးရုံသာ သွားကြပါ။ ဆေးရုံကြီးထပ်တော့ သက်သာမယ်လို့ မျှော်လင့်နိုင်မှာပါ။

ကျနော် အဖေက အသည်းရောဂါ ရှိပေမဲ့ တနေ့က ဆီးမသွားနိုင်ဖြစ်ပြီး ခြေလည်းဖောလာလို့ ခြေတောင်ကောင်းကောင်း မထောက်နိုင်ရယ် ဆီး၂ရက်မထွက်တော့ ကိုအပူရှိန်နည်းနည်း တက်လာလို့ ဆေးရုံကြီးကို အားကိုးပြီး သွားလိုက်တာ၊ ဟိုရောက်တော့ ဆေးစာရင်းတွေလုပ်ပြီး ၊ အပူရှိလို့ Emergency ဌာနမှ ကိုဗစ် သံသယနဲ့ ၂ရက် (48နာရီ) ကုပေးပီး အာခေါင် testကို လာယူမှာလို့ ပြောပါတယ်၊ Resultမှာ Negative ဆိုရင် ဆေးရုံခွဲပြီး ကုရမယ် ၊ Positive ဆို Q စင်တာ မှာ ပြောင်းကုပေးမယ် ပြောပါတယ်၊ ရောဂါက ဆီးမထွက်ယုံနဲ့ အပူတက်လာတာ ဆီးချုချင်ရုံပါ ။ ဒီကိုဗစ် အချိန်ကြီး အဲ့လို့ plan ကို ထားထားတာ အပြစ်မဆိုလို ချင်ပါဘူး ။ နည်းလမ်းလဲ ကျပါတယ်။

အထဲကို ဝင်ရမယ်ဆိုတော့ ကျနော် အမေက ခြေတဖက်မကောင်းတော့ အကယ်၍ လူနာ ကုတင်ပေါ် အတင်အချ လုပ်ရရင် မနိုင်မှာဆိုးလို့ လူနာနဲ့ လူနာစောင့်တယောက်ပဲဆိုတော့ ကျနော် ကိုယ်တိုင် ဝင်သွားပါတယ် ။ သေချာဆုံးဖြတ် ရပါတယ် (အထဲကို လိုက်ဝင်တဲ့ လူနာရှင်ရော လူနာရော ဝင်ပြီး ပြန်ထွက်ခွင့် မရှိ ၊ ကိုဗစ် သံသယတွေလူပါ အထဲမှာရှိတဲ့အတွက်) အပြင်က အိမ်သားတွေကပဲ အထဲကို လိုအပ်တဲ့ ပစ္စည်းတွေရယ် ၊ အထဲက လိုအပ်တဲ့ဆေးဝါး ဝယ်ခိုင်းတဲ့ အချိန် ပဲ အပေါက်က volunteer တွေကိုပြောပြိး အထဲနဲ့ အပြင်နဲ့ကို ဆက်သွယ်လို့ရပါမယ်။ဒါလည်း စနစ်တော့ကျပါတယ်။

စိတ်အပျတ်ဆုံးနဲ့ နည်းလမ်း မမှန်တာက အထဲစဝင်တာက စတာပါပဲ။

Emergency လို့ ထင်တာက အထဲမှာ လူနာတယောက်ကို ကုတင် တခု( သို့ ) လဲလျောင်းကုသဖို့ နေရာတနေရာ ရမယ် ထင်ထားခဲ့တာပါ ။ အကုန်လုံးလဲ TV ရုပ်သံမှာကြေညာတဲ့ Q စင်တာလို ထင်ထားတာမျိုးပါ ။အမှန်က ထင်သလို့ မဟုတ်ပါဘူး။

အထဲကို Wheel Chair တွန်းပြိး အထဲခန်းရောက်တာနဲ့ အဝင်လမ်း အပေါက်ဝကို သံကြိုးနဲ့ သော့ခတ်ပါတယ် ၊ အထဲမှာလည်း လူပေါင်းစုံနဲ့ ကိုဗစ် သံသယ လူနာတွေရော၊ အဖိုးအဖွားအိုတွေရော၊ အရေးကြီး လူနာတွေရော ပြည့်ကြပ်ပြီး သွားဖို့ လျောက်လမ်းလေး နေရာပဲရှိပါတယ် ၊ အကုန်လုံးလဲ ခေါက်ဖျာတွေနဲ့ လမ်းမှာ ခင်း အိပ်သူအိပ်၊ DreamBed ကိုကို့အိမ်က ယူလာတဲ့ dreambedတွေ ပေါ်မှာလည်းမသက်သာတဲ့ လူနာတွေရော ၊ ကုတင်တွေပေါ်မှာလည်း လူနာတွေ ပြည့်နေပါတယ် ၊ တချို့နည်းနည်းသန်သေးတဲ့ သူဆို လူနာရှင်တွေတောင် မပါပဲ အထဲမှာပဲ တယောက်ထဲ ခွေနေရတဲ့ သူတွေလည်း အများကြီးပါ၊ ကျနော် အဖေ လူနာ မပြောနဲ့ ကျနော်လို သက်သာတဲ့ လူတောင် အထဲမှာ စိတ်ကျဉ်းကျပ်မိတာ အမှန်ပါ ။ လေလုံအခန်းမျိုးကြီးမို့ အသက်ရှုရလည်းကြပ် လူများပြီး အဲကွန်းကလည်း နည်းပါတယ် မနိုင်ပါဘူး ။ လူ၂၀လောက်ပဲ ဆန့်တဲ့ အခန်း သုံးခန်းထဲမှာ ကျနော် မှန်းအရ ၁၅၀နီးပါ (သို့) ကျော်ချင်ကျော်နိုင်ပါတယ် ။

ကျနော့်လူနာစိတ်ပဲ ကျနော်မှာရှိတော့ ဆေးကောင်တာစိ ပဲ တန်းတန်းသွားလိုက်ပါတယ် ၊ ရောက်တော့PPE အပြည့်ဝတ်ထားတဲ့ Nurse တွေက ECG ဆွဲပေးတာနဲ့ Pressure တိုင်းပေးပါတယ် ၊ ပြီးတော့ အဆင်ပြေတဲ့ နေရာ မှာသွားနေခိုင်းပါတယ် ကျနော်လွတ်တဲ့ ဒေါင့်တနေရာမှာ အဖေက Wheel Chair ပေါ်မှာ ကျနော်က ကော်ခုံလေးနဲ့ ထိုင်စောင့်ပါတဟ် Nurse စုစုပေါင်း ၆ (သို့ ) ၇ လောက်ပဲ ရှိပါတယ် ဆေးကောင်တာလဲ သူတို့ပါပဲ လုနာတွေECG/ pressure တိုင်းလဲ သူတို့ပါပဲNurse လူအင်အားလည်း မလောက်ပါဘူး ။

ကြာလာတော့ လူနာက ခြေဖောလို့ ကြာကြာမထိုင်နိုင်လို့ ကုတင်ရမလားသွားမေးတဲ့ အခါ လူနာတွေ များလို့ ကုတင်က မရနိုင်ဘူး အဆင်ပြေသလို့ ကြည့်နေပါတဲ့ အိမ်က dream bed မှာရင်မှာ မဟုတ်ရင် ဖျာနဲ့လွတ်တဲ့ နေရာမှာ နေခိုင်းပါတယ်။ တချို့ အိမ်သားမရှိတဲ့ကျနော်ရှေ့လေးတင်ဝင်တဲ့ အဖိုး အဖွားတွေဆိုလည်း ကော်ခုံလေးမှာပဲ ထိုင်ပီးနေရပါတယ် ။ လူ နာ အများဆုံး၂၀လောက်ပဲ ဆန့်တဲ့ အခန်းမှာလည်း ၅၀ လောက် ပြွတ်သိပ်နေတာပါ။ ကျနော်က အိမ်သားတွေ ရှိသေးလို့ ဖျာနဲ့ သုံးစရာပစ္စည်းလှမ်းတောင်းပြီး ကျနော်အဖေ wheelchairရပ်ထားတဲ့ လွတ်နေတဲ့ ကြွေပြားပေါ် ဖျာခင်း အပေါ် စောင် အခင်းနဲ့ ခင်းပြီး နေရာ ထိုင်ခင်း လုပ်ပီး ထားရပါတယ်။ စိတ်ပျတ်စရာပါ ။

လူနာက Pressure အကြောင်းလဲ ဘာမှလာမပြော ဘလိုနေလဲတောင်ဘာမှ လာမမေး ပါဘူး။ သွေးတိုး ဆီးချိုးစက်လေးတော့ လာတိုင်းပြီး ပေါ်မလာတော့ပါဘူး။ အားဆေး တလုံးတောင် လာမချိတ်ပါဘူး။တခြားထိုးဆေးဆို ဝေးရောပါ။ လူနာရှင်ခေါ်ပီး ဘာဆေးသောက်နေလဲ လက်ရှိ ဆေးနဲ့ ထက်ပေါင်း ဆေး ၂ မျိုးပဲ ပေးပါတယ် ။ ၂ ခွဲလောက်ကတည်း ရောက်နေတာ ၆အထိသာ ထိုးသွားတယ် ဆီးခြူခိုင်းတဲ့ ဆရာမလည်းမလာပါဘူး ဆီးပိုက်တပ်ပေးမယ် ပြောပြီးလည်း မလာပါဘူး အခါခါ သွားပြောတော့ဆီးပိုက်တာက အရေးကြီး ကိစ္စမဟုတ်ဘူး လာမယ်အရေးကြီလူတွေရှိနေတယ် ဘာဖြစ်နေတာလဲ ဆိုပြီး ပြောပါတယ် ။ ကျနော်လည်း နားလည်ပါတယ် လူနာများ ဆရာဝန်တော်တော်မလောက်တာလည်း ကျနော်လည်း ကျနော်လူနာသက်သာအောင်တော့ ပြောရမဲ့ တာဝန်က ပြောရမှာပါပဲ ၊ ဆရာဝန် လှည့်နေလဲ အကုန် PPE ဝတ်စုံနဲ့မို့လည်း မကွဲခြားပါဘူး။ ကျနော် အတွေ့ကတော့ ဆရာဝန်မနဲ့ ယောကျားလေး ဆရာဝန် တယောက်ပဲ တွေ့ပါတယိ သူတို့လည်း အရေးကြီး ခေါ်ရတာ နဲ့ Round လှည့်ချိန်ပဲ ထွက်စစ်တာပါ ကျန်တာ အပြင်မှာ nurse အများစုပဲရှိပါတယ်။ညနေ့ ၆ကျော်တော့မှ အာခါင်တို့ဖက် လူနာကိုလာယူသွားပါတယ်။ ၇ ခွဲမှာ မနည်းပြောမှ ဆီးပိုက်လာတပ်ပေးပါတယ် ။

တခြား အားဆေးတောင် လာမချိတ်ပါဘူး ။ O2 လည်း မလာပါဘူး အရေးပေါ်နဲလ အသက်ရှုရခက် တဲ့ လူနာပဲ ပေးပါတယ် ။ O2 ခေါင်းတွေ မလောက်လို့ ပြောပါတဟ် အစိုးရ ဆေးရုံဖစ်ပြိး ဆေးပစ္စည်းကိရိယာလည်း အပြည့်အဝမရှိပါဘူး။ မနက်ရောက်တော့ အဖေက ည ကုတင်မရတော့ အိပ်လို့မရပါဘူး ။မနက်အဖေ Pressure ကျနေတာ ကျနော် သတိထားမိပါတယ် အဲ့တာ တိုင်းခိုင်းတာ စောနက လာတိုင်းပီးပီးလေတဲ့ ၊မတိုင်းရသေးလို့ သွားပြောတာကို လူနာရှင် ဘယ်ရောက်နေလို့မသိတာလည်းဆိုပီ ငေါက်ပါသေးတယ် ကျနော် ထပ်​ပြောမှ လာတိုင်းပေးတာ့ ၈၅ /၅၃ ဆိုတာတောင် အားဆေးလာမချိတ်ပါဘူး ကျနော် ဆရာဝန်တွေ သေချာအော်ခေါ်လာခိုင်းမှ nurse တယောက်က လာကြည့်ပီး ဆေးတတောင့်ကြီး လာချိတ်ပေးပါတဟ် အားဆေး ထင်ထားတာပါ ဆရာဝန်ကPPE ဝတ်ပီး ထွက်လာမယ် ပြောပြီး မိနစ်သုံးဆယ်လောက်စောင့်ရသေးတယ် လာကြည့်ပီး လူနာအရင် ရောဂါကိုသိထားတယ်မလား ၊အခြေအနကမကောင်းဘူး စောင့်ကြည့်ရမယ်ဆိုပီး လက်လွတ်စပယ်ပါ။
ချိတ်တဲ့ ဆေးကလည်း အသက်ကယ်ဆေးထိုးပေးထားတယ်တဲ့ ။လူနာက pressure တအားကျနေတာတဲ့။

ကျနော် ဒီလောက်ပြောနေတာကို အားဆေးတောင် လာမချိတ်ပေးခဲ့ဘူး လူနာ အရေးပေါ်မှ ခဏပဲပြာပြာသလဲ လုပ်နေပါတယ် ။ O2 တောင်းတာလည်း ခေါင်းမရလို့ ကြာနေသေးပါတယ်နောက်ဆုံး O2လာချိတ်တော့ လူနာက အောက်စီဂျင်ဘူးနဲ့ အသားမကျတော့ ဖယ်ဖို့လုပ်ပီး အပြင်လေပဲ ရှုပါတယ် အဲ့လို့ ဖစ်တာတောင် ဆရာဝန် nurseတွေ အနားမရှိဘူး။ နောက်ဆုံး အမောဖောက်ပြီး အသက်မရှုတော့ပဲ ဆေးတွေ အန်ပြီ နှလုံးရပ်သွားပါတယ် ။

“ကျနော် တို့လည်း အတက်နိုင်ဆုံးလုပ်ပေးပါတယ် စိတ်မကောင်းပါဘူးပဲ” သူတို့က ပြောတယ် ။စည်းစနစ်မကျတာနဲ့ စောင့်ရှောက်မှုမရှိတာတွေကြောင့် အသက်တချောင်း ဆုံးရှုံးရတာကျ ထည့်မတွတ်ဘူး။

စိတ်ပျတ်ဖို့ ကောင်းတဲ့ ရန်ကုန်ဆေးရုံကြီးရဲ့ စနစ်ပါ ကုတင်တောင်းတာလည်း အခေါက်ခေါက်အခါတောင် မရပါဘူး။တခြားအဆောင် ဘက်တွေမှာ အခန်းတွေ အများကြီး ရှိလျက်နဲ့ စနစ်တကျ လည်း စီစဉ်မှုမရှိပါဘူး ။ ၂ရက် စောင့်ကြည့်ဆိုပီး ရိုးရိုးလူနာရော၊ သံသယလူနာတွေရော ၊ ရောဂါပြင်းထန် (no covid) တွေရော အစုံရောသွန်းထည့်ထားပါတယ် ။ ကျနော် အရှေ့က လူကောင်းယောက်နဲ့ သူမျက်နာချင်းဆိုင်က လူနဲ့ စကားပြောနေတာလည်း ကြားပါတယ် အနံမရလို့ ရောက်လာတာတဲ့ဗျ။ အဲ့လိုလူနာတွေနဲ့လည်း တွဲထည့် တာပဲဗျ ။COVIDမရှိတဲ့လူလည်း အဲ့လိုဆို ကူးကြမှာပါပဲ ။ကျနော် အဖေမဆုံးခင်လည်း အရှေ့မှာ ကျနော် အဖေလိုလိုမျိုး ဂရုစိုက်မှုမရှိပဲ ဆုံးသွားတဲ့ သူတွေလည်း အများကြီးပါ။ တနေ့ကို ဘလောက်ထွက်မလဲ စဉ်းစားသာကြည့်ပါ၊ dead bodyသယ်တဲ့ လူပြောတာတော့ တနေ့တနေ့ အများကြီး သယ်နေရလို့ ပင်ပန်းတယ်ပြောပါတယ်။ အဲ့အကြောင်းတော့ဆက် မပြောချင်တော့ပါဘူး။

အခု dead bodyကtestက swad pending ဖစ်နေတုန်းပါ ကျနော်ကတော့ အိမ်ကို stay home Q ဝင်နေပါတယ် ။အကယ်၍ dead bodyမှာ positiveဆို ကျနော်လည်း Q 14 ဝင်ရမှာပါ၊ ကျနော်က ကြိုဆုံးဖြတ်ထားပီးသားပါ ။ Negative ဆို အိမ် မှာ 14ရက် ဘယ်မှ မသွားရပဲနေရပါမယိ။ အိမ်သားတွေနဲ့လည်း အခု ကင်းကင်း ကိုယ့်အခန်းထဲ ကိုနေပါတယ်။ အိမ်တွင်းသွားလာလည်း mask တပ်ထားပါတယ်။ ဘာလို့လည်းဆိုတော့ ကျနော် အဲ့ ငရဲအခန်းဆိုးကြီး ရောက်ထားခဲ့မိလို့ပါ။

အဓိက ကျနော် သိစေချင်လို့တင်တာက လူနာနဲ့ ဆရာဝန်မမျှတာရယ်၊ စည်းစနစ် တကျမရှိပဲ Covid မရှိတဲ့ လူနာလည်း အဲ့ အထဲရောက်ရင် သေချာပေါက်ကူနိုင်မှာပါပဲ။ဖြစ်နိုင်ရင် အိမ်မှာပဲ ကျန်းမာအောင်သာသေချာနေကြပါ။
ဆေးရုံစနစ်တွေ၊ နေရာထိုင်ခင်းတွေလည်း သေချာ လုပ်ပေးဖို့လည်း လိုပါတယ်။ တခြားနောင်ရောက်လာမဲ့ လူနာအသစ်တွေ ရဲ့ အသက်ကို ငှဲ့ရင်ပေါ့ဗျာ ။

ကျနော် ကိုယ်တွေ့ ဖြစ်ရပ်ပါ ။

Yaung Sin Htet

Leave a Reply

Your email address will not be published. Required fields are marked *

You cannot copy content of this page