ကင်ဆာ ဖြစ်ရင် သကြားလုံးဝ မစားရဘူးဆိုတာ တကယ်လား?
ကင်ဆာ ဖြစ်ရင် သကြားလုံးဝ မစားရဘူးဆိုတာ တကယ်လား?
ကင်ဆာနဲ့ သကြား အယူအဆမှား
ဆရာရှင့် ကင်ဆာရောဂါတွေဖြစ်တဲ့အခါ သကြားလုံးဝမစားရဘူးလို့လည်း ပြောကြပါတယ် သင့်တင့်မျှတတဲ့အာဟာရ ရအောင် စားသင့်တယ်လို့လည်းပြောကြပါတယ်ရှင့် ဘယ်ဟာကအမှန်လဲသိချင်ပါတယ်ရှင့်
ကင်ဆာရောဂါရှိနေသူ သကြားမစားရလို့ပြောခြင်းသည် အယူအဆအမှားသာဖြစ်သည်။ ကင်ဆာဆဲလ်အပါဝင် ဆဲလ်တိုင်း အင်နာဂျီရဘို့ သကြားဓါတ်လိုကြတယ်။ ဒါပေမဲ့ သကြားဓါတ်ပိုစားမိလို့ ကင်ဆာဆဲလ်တွေ ပိုပွါးများစရာအကြောင်းမရှိ။
ထပ်ဖြည့်မယ်။ ဆီးချိုရှိနေသူတော့ သကြားမသင့်။ ဆီးချိုမရှိသူ သကြားပိုစားမိလည်း ကိုယ်ခန္ဓာစနစ်က ထိန်းပေးတယ်။ တခြားကျန်းမာရေးတွေအတွက် သကြားဓါတ်များတာ မကောင်း။
ထပ်ဖြည့်ဦးမယ်။ မမှန်တာကို မပြောသင့်။ မသိပဲနဲ့ မလိမ်ညာသင့်။ အလိမ်မခံသင့်။ အမှားတွေ မဖြန့်ဝေသင့်။
ဒေါက်တာတင့်ဆွေ၊ ၁၈-၅-၂၀၁၉