Stay Home ကာလအတွင်း ရန်ကုန်မှာ ဖွင့်ခွင့်ပြုထားတဲ့ လုပ်ငန်းအမျိုးအစားများ

ရန်ကုန်တိုင်းဒေသကြီးရဲ့ Stay Home ကာလအတွင်းမှာ ဖွင့်ခွင့်ပြုထားတဲ့ လုပ်ငန်းအမျိုးအစားများ

(၁) ဘဏ်နှင့် ငွေကြေးဝန်ဆောင်မှုလုပ်ငန်းများ (၂) စက်သုံးဆီ အရောင်းဆိုင်များ (၃) စား‌‌သောက်ကုန်နှင့် သား၊ ငါး၊ အအေးခန်း လုပ်ငန်းများ

(၄) ဆေးဝါးနှင့် ဆေးကိရိယာပစ္စည်း ထုတ်လုပ်ရေးနှင့် ဖြန့်ဖြူးရောင်းချရေး လုပ်ငန်းများ (၅) ရေသန့် ထုတ်လုပ်ဖြန့်ဖြူး ရောင်းချရေး လုပ်ငန်းများ (၆) နေ့စဥ်တကိုယ်ရေသုံး ပစ္စည်းထုတ်လုပ်သည့် စက်ရုံများ

(၇) Relief Flight များ၊ Cargo Flight များနှင့် အထူးစင်းလုံးငှား လေယာဥ်ခရီးစဥ်များ အတွက် ဝန်ဆောင်မှု ပေးရသည့် လုပ်ငန်းများ ဖြစ်သော လေကြောင်းလိုင်းများ၊ အထွေထွေလေကြောင်း ပို့ဆောင်ရေး လုပ်ငန်းများ၊ မြေပြင်ဝန်ဆောင်မှု လုပ်ငန်းများ၊ လေယာဥ်ဆီဖြည့်တင်းရေးလုပ်ငန်း၊ လေကြောင်းဖြင့် ကုန်စည်တင်သွင်း/တင်ပို့ခြင်း လုပ်ငန်း၊ အပြည်ပြည်ဆိုင်ရာ ကုန်စည်ပို့ဆောင်ရေး ဝန်ဆော်ငမှုလုပ်ငန်းကုမ္ပဏီများ၊ အကောက်ခွန်ဝန်ဆောင်မှု လုပ်ငန်းလုပ်ကိုင်သည့် ကုမ္ပဏီအေဂျင်စီများ၊ လေယာဥ်အစားအသောက် ထုတ်လုပ်တင်ပို့ခြင်း လုပ်ငန်း၊ လေယာဥ်ပြုပြင်ထိန်းသိမ်း မွမ်းမံခြင်း လုပ်ငန်း

(၈) ရန်ကုန်အပြည်ပြည်ဆိုင်ရာ ဆိပ်ကမ်းတွင် နိုင်ငံတကာမှ ကုန်တင်သင်္ဘောများအတွက် ဝန်ဆောင်မှု ပေးရသည့် ပုဂ္ဂလိကဆိပ်ကမ်းများ၊ သင်္ဘောလိုင်းဌာန ကိုယ်စားလှယ်ရုံးများ၊ အပြည်ပြည်ဆိုင်ရာ ကုန်စည်ပို့ဆောင်ရေး ဝန်ဆောင်မှု လုပ်ငန်းကုမ္ပဏီများ၊ အကောက်ခွန် ဝန်ဆောင်မှု လုပ်ငန်းလုပ်ကိုင်သည့် ကုမ္ပဏီ အေဂျင်စီများ၊ ကုန်သေတ္တာတင် မော်တော်ယာဥ်လုပ်ငန်းများ၊ ဆိပ်ကမ်း ပို့ကုန်/သွင်းကုန် သယ်ဆောင်သည့် ကုန်တင်မော်တော်ယာဥ်၊ ရေယာဥ် လုပ်ငန်းများ၊ ကုန်တွင်း ကုန်သေတ္တာစခန်းများ၊ ကုန်တွင်းဆိပ်များ

(၉) ဆက်သွယ်ရေးဝန်ဆောင်မှုပေးရသော လုပ်ငန်းများ ဖြစ်သည့် စာပို့တိုက် ဝန်ဆောင်မှုများ၊ ကြိုးဖုန်းနှင့် မိုဘိုင်းတယ်လီဖုန်းဆက်သွယ်ရေး ဝန်ဆောင်မှုလုပ်ငန်း၊ အင်တာနက်ဝန်ဆောင်မှုများ (ဆိုင်ဖွင့်လှစ်၍ တယ်လီဖုန်းရောင်းချခြင်း၊ ဒေတာ ရောင်းချခြင်းမပါ)။ တာဝါနှင့် ဖိုင်ဘာ ပြုပြင်ခြင်း ဝန်ဆောင်မှုလုပ်ငန်း

Leave a Reply

Your email address will not be published. Required fields are marked *

You cannot copy content of this page