ရန်ကုန်မှာ Stay Home ရဲ့ အကျိုးတွေ စတင်ခံစားရပြီ (ကိုဗစ်အောင်ပွဲအကြို ဖြစ်လေမလား?)
ရန်ကုန်မှာ Stay Home ရဲ့ အကျိုးတွေ စတင်ခံစားရပြီ (ကိုဗစ်အောင်ပွဲအကြို ဖြစ်လေမလား?”
မနေ့က ပိုးတွေ့လူနာ ၉၇၈ ဦးမှာ ရန်ကုန်က ၆၇၄ ဦးပဲ ပါပါတယ်။ အရင်နေ့ထက်စာရင် လူနာ ၃၀၀ ကျော် နီးပါး ရုတ်ချည်း လျှော့ကျသွားပါတယ်။
စစ်ဆေးမှုတွေကို တိုးလုပ်နေချိန်မှာပဲ အခုလို ကျသွားတာ အလွန်ကောင်းတဲ့လက္ခဏာပါ။ ဆက်လက်စောင့်ကြည့်ရဦးမှာဖြစ်ပေမယ့် ဒါက ကျေနပ်စရာပါပဲ။ ရန်ကုန်မှာ Stay Home ကြတဲ့ အကျိုးကျေးဇူးတွေ စတင်ပေါ်ထွက်လာတယ်လို့လဲ ဆိုနိုင်ပါတယ်။
ဒုတိယလှိုင်းစဖြစ်ထဲက လူနာ ရာချီ လျှော့ကျသွားတာ ဒါပထမဆုံးပါပဲ။ ရန်ကုန်ရဲ့ လူနာတွေ့နှုန်းက တရက်ခြားမြင့်တက်လို့ ဒီည စောင့်ကြည့်ရပါဦးမယ်။ ဒါပေမယ့် ပြည်သူတွေဆက်ပီး Stay Home ပြီး ကူညီကျရင်တော့ ရန်ကုန်ကို မကြာခင် အနိုင်ရနိုင်ပါတယ်။ ဆက်လက်ကူညီကြပါဦး။
နယ်တွေမှာ ပိုးတွေ့လူနာတွေများလာလို့ နယ်ကလူတွေလဲ ဆင်ခြင်ကြပါ။ အပြင်ထွက်ရင် Mask တပ်ပါ။ မလိုပဲနဲ့ အပြင်မသွားကြပါနဲ့။ အားလုံး ဆက်လက်ကြိုးစားကြပါစို့။
Nay Thway