မနက်ဖြန်က စပြီး စားသောက်ဆိုင် တချို့ ပြန်ဖွင့်ခွင့် ရပါပြီ

မနက်ဖြန်က စပြီး စားသောက်ဆိုင် တချို့ ပြန်ဖွင့်ခွင့် ရပြီ

Stay at Home သတ်မှတ်မခံရတဲ့ မြို့နယ်တွေက စားသောက်ဆိုင်တွေကို ဒီဇင်ဘာလ (၄) ရက်နေ့ကစပြီး ဆိုင်ထိုင် စားသောက်ခွင့်ပြုသွားတော့မှာ ဖြစ်တယ်လို့ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့က သိရပါတယ်။

ကျန်းမာရေးဆိုင်ရာ ညွှန်ကြားချက်တွေအတိုင်း လိုက်နာမှုရှိ မရှိ စစ်ဆေးသွားမှာ ဖြစ်ပြီး A အဆင့်သတ်မှတ်ခံရတဲ့ ဆိုင်တွေမှာပဲ ဆိုင်ထိုင်စားသောက်ခွင့်ပြုမှာ ဖြစ်ပါတယ်။

“ဒီဇင်ဘာလ (၁) ရက်နေ့က ပြုလုပ်တဲ့ Coronavirus Disease 2019 ကာကွယ်ထိန်းချူပ်ကုသရေး အမျိူးသားအဆင့် ဗဟိုကော်မတီ ညှိနှိုင်းအစည်းအဝေးမှာ ဆုံးဖြတ်ခဲ့တာ ဖြစ်ပါတယ်။” လို့ ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ ညွှန်ကြားရေးမှူး ဦးမိုးဟိန်းက ပြောပါတယ်။

ကိုဗစ်ကာကွယ်ရေး စံသတ်မှတ်ချက်တွေနဲ့ ကိုက်ညီတဲ့ (A) အဆင့်စားသောက်ဆိုင်တွေကတော့ တိုင်းနဲ့ပြည်နယ်တွေမှာ (၈၀၁၇)ဆိုင်ရှိတယ်လို့ သိရပါတယ်။ ရန်ကုန်မှာတော့ ကိုကိုးကျွန်းမြို့နယ်ကလွဲပြီး ကျန်တဲ့မြို့နယ်တွေကို Stay at Home မြို့နယ်တွေအဖြစ် သတ်မှတ်ထားပါတယ်။

မန္တလေးခရိုင်မှာတော့ ဒီဇင်ဘာ(၅)ရက်နေ့ကနေ (၁၈)ရက်နေ့အထိ ကိုဗစ်စည်းကမ်းတင်းကြပ်မယ်လို့ မနေ့က ကြေညာထားပါတယ်။ ဒီဇင်ဘာလ (၂) ရက်နေ့ ညပိုင်းအထိတော့ မြန်မာနိုင်ငံမှာ ကိုဗစ်အတည်ပြုလူနာ အယောက် (၉၃၆၀၀) ရှိနေပြီး အဲဒီထဲမှာ ပြန်ကောင်းမွန်လာသူ (၇၂၆၀၁) ယောက်နဲ့ သေဆုံးသူ (၁၉၉၈) ယောက်ရှိနေပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *

You cannot copy content of this page