Stay Home က ပြီးသွားပြီလား? မနက်ဖြန် အပြင်ထွက်လို့ ရပြီလား?

Stay Home က ပြီးပြီလား။ မနက်ဖြန်ဆို အပြင်ထွက်လို့ ရပြီလားဆိုပြီး လူတွေက သိချင်နေကြပါတယ်။

Stay Home က နောက်အမိန့်တခုထုတ်ပီး မပယ်ဖျက်မချင်း ဆက်လက်တည်ရှိနေပါတယ်။ ဒါကြောင့် ဆက်ရှိနေပါတယ်။

၂၁ ရက်နေ့အထိ သတ်မှတ်ထားတာက CMP စက်ရုံ၊ အလုပ်ရုံနဲ့ အသေးစားလုပ်ငန်းတွေအတွက်ပါပဲ။ သူတို့ကလဲ ၂၁ ရက်နေ့ မတိုင်ခင်ထဲက စစ်ဆေးပီး အလုပ်တွေ ပြန်လုပ်နေကြပါပီ။ ကျန်တာတွေက အရင်အတိုင်းပါပဲ။ ဒါကြောင့် အခုလိုပဲ အပြင်ထွက်ဖို့ အရေးမကြီးသူက အိမ်မှာနေပါ။ မဖြစ်မနေ ထွက်ရသူတွေက Mask တပ်ပါ။ လက်ဆေးပါ။ ခွာခွာနေပါ။

ရန်ကုန်က အရေးကြီးပါတယ်။ တောက်လျှောက်မြင့်တက်လာတဲ့ လူနာဦးရေမျဉ်းက အခုချိန်မှာ တန့်သွားပါတယ်။ ပီးတော့ တန်းလာပါတယ်။ သဘောက ဆပွား အများကြီး ထပ်မကူးပဲ ပိုဆိုးမလာပဲ တည်ငြိမ်လာတဲ့သဘောပါ။ ဒါက အိမ်ထဲမှာ ၂ ပတ်နေခဲ့ကြတဲ့ ကျေးဇူးပါ။ အဲဒီတန်းနေတဲ့ဇယားကို နိမ့်သွားအောင် ဆွဲချချင်ရင်တော့ အခုအချိန်က အလွန်အရေးကြီးပါတယ်။ စည်းကမ်းကို အတိအကျလိုက်နာပီး နေကြမယ်ဆိုရင်တော့ တန်းလာနေတဲ့မျဉ်းကြောင်းက အောက်ကို ပြန်ကျသွားပါလိမ့်မယ်။ မဟုတ်ရင်တော့ ပြန်ထောင်သွားနိုင်လို့ အထူးဂရုပြုနေထိုင်ပေးကြပါ။ ဘယ်သူကမှတော့ ဒီလိုဒုက္ခလှိုင်းကို နောက်တကြိမ်ရင်ဆိုင်ချင်မှာ မဟုတ်တာ သေချာပါတယ်။

New Normal ကို သေချာလိုက်နာကြပါစို့။ Fighting.

Nay Thway

Leave a Reply

Your email address will not be published. Required fields are marked *

You cannot copy content of this page