Stay Home တလ ပြည့်ပြီးနောက် ရန်ကုန်မြို့ရဲ့ လက်ရှိမြင်ကွင်းများ
Stay Home တလ ပြည့်ပြီးနောက် ရန်ကုန်မြို့ရဲ့ လက်ရှိမြင်ကွင်းများ
ကိုဗစ်ရောဂါ ကူးစက်ပျံ့နှံ့မှု များပြားလာတဲ့အတွက် စက်တင်ဘာ ၂၁ ရက်နေ့ကစပြီး ရန်ကုန်တိုင်းအတွင်းက မြို့နယ်အားလုံး (ကိုကိုးကျွန်းမပါ) ကို Stay at Home နေထိုင်ဖို့အတွက် ညွှန်ကြားထားတာ ဒီနေ့ အောက်တိုဘာ ၂၁ ရက်မှာ တစ်လပြည့်ပါပြီ။
Stay at Home ကာလကို နှစ်ပတ်စီသက်တမ်းတိုးလာခဲ့ရာမှာ ဒုတိယနှစ်ပတ်အတွင်း ကုန်ကြမ်းပေး၊ကုန်ချောယူစက်ရုံအချို့ပြန်ဖွင့်ခွင့်ရခဲ့သလို မြို့နယ်ဖြတ်ကျော်သွားလာခွင့် QR Pass စနစ်ကိုလည်းဖျက်သိမ်းခဲ့ပါတယ်။
Stay at Home တစ်လတာကာလအတွင်း ရောဂါကူးစက်ပြန့်ပွားမှု သိသိသာသာကျဆင်းသွားခြင်းမရှိသေးတဲ့အတွက် နောက်ထပ်သက်တမ်းတိုး မတိုးဆိုတာကိုတော့ အစိုးရက လက်ရှိအချိန်အထိ ထုတ်ပြန်ခြင်းမရှိသေးပါဘူး။
ဒီကနေ့ ရန်ကုန်မှာ Stay at Home တစ်လပြည့်ညမှာတော့ ဆူးလေနဲ့လှည်းတန်းတစ်ဝိုက်က ပြည်သူတွေသွားလာလှုပ်ရှားမှုမြင်ကွင်းကို ဖော်ပြပေးလိုက်ပါတယ်။