ရှေ့တန်း တိုက်စစ်မှုး အထူးကုဆရာဝန်မကြီး တယောက်ရဲ့ အကူအညီ တောင်းခံခြင်း

ရှေ့တန်း တိုက်စစ်မှုး အထူးကုဆရာဝန်မကြီး တယောက်ရဲ့ အကူအညီ တောင်းခံခြင်း

ရှေ့တန်းစစ်မျက်နှာက အချစ်ဆုံးသူငယ်ချင်း၊ သားဖွားမီးယပ်အထူးကုဆရာဝန်တ​ယောက်ရဲ့ပထမဦးဆုံးအကြိမ်အကူအညီ​တောင်းခံခြင်းပါ။

ရန်ကုန်ဧရိယာထဲက ဟိုတယ်ပိုင်ရှင် တည်းခိုခန်းပိုင်ရှင် (5stars, 4 stars, 3 stars, 2 stars, 1 stars, 0.5 stars ဘာ stars ပဲဖြစ်ဖြစ်၊ ရေချိုးခန်းအိမ်သာတွဲရက်ပါ တစ်ယောက်ချင်းသီးသန့် အခန်းများအလှူခံချင်ပါတယ်ရှင်။ အခုချိန်မှာ ကျန်းမာရေးဝန်ထမ်းတွေ အားလုံး ဆေးရုံမှာ တကယ့်ကို ပြည်ပျက်သလို မနိုင်မနင်းတာဝန်တွေကို ထမ်းနေကြရပါတယ်။

ဒုက္ခရောက်နေကြတဲ့လူနာတွေကို လည်းမပစ်ထားခဲ့ရက်နိုင်ပါဘူး။ တပြိုင်နက်တည်းမှာပဲ ကိုယ့်ဘေးနား အန္တရာယ်တွေဝိုင်းနေတဲ့အချိန်မှာ ကိုယ့်ကိုကူးစက်မှာထက် ကိုယ်မိဘ သားသမီး မိသားစုပါ ဒုက္ခရောက်မှာစိုးရိမ်ရတဲ့ ရင်ထဲကအပူမီးက အရမ်းကြီးမားပါတယ်။ ကျန်းမာရေးဝန်ထမ်းတွေ Q ထိရင် ကျန်တဲ့သူတွေပိုဆင်းရပါတယ်။

ဆရာဝန်၊ ဆရာမ၊ အလုပ်သမား၊ အောက်ခြေဝန်ထမ်းတွေကိုယ်တိုင်ရော၊ ကျွန်မတို့ မိဘတွေရောက စင်းလုံးချော ဒေါင်ဒေါင်မြည် ကျန်းမာရေးကောင်းနေကြတာမဟုတ်ပါဘူး။ ကျမအမေဆို ဆီးချိုသွေးတိုးရောဂါရှိပါတယ်။ ထို့အတူပဲ ကိုးနှစ် ငါးနှစ် သမီးလေးနှစ်ယောက်ရှိပါတယ်။ ထို့အတူပဲ ကျန်တဲ့မိဘတွေလည်း လူသားတွေမို့ လူကြီးရောဂါ တစ်ခုမဟုတ်တစ်ခုရှိပါတယ်။

ကျန်းမာရေးဝန်ထမ်းတွေလည်းတူတူပါပဲ။ ကျွန်မသူငယ်ချင်း၊ ကျွန်မ Team က Junior ညီမလေးတွေ၊ SLE (သွေးလေးဘက်နာ), autoimmue disease, ဆီးချိုသွေးချိုရှိကြပါတယ်။ ညီမလေးတစ်ယောက်ဆို Insulin ပါထိုးနေရတာပါ။ ကျမသူငယ်ချင်းက ကိုယ်ဝန်ဆောင်မိခင်ပါ။ ကျမတို့ဆေးရုံက ရှေ့တန်းမှ ကုသပေးနေကြတဲ့ မေ့ဆေးအမတွေ၊ အကိုတွေ၊ သူငယ်ချင်းတွေ ကိုယ်တိုင်က သွေးလေးဘက်နာရှိတဲ့သူတွေ၊ ကင်ဆာကုထားပြီး ဆေးရုံပြန်ဆင်းနေတဲ့သူတွေပါ။ ဒါတောင် ကိုယ့်အရင်းနှီးဆုံးလူတွေပဲရှိပါသေးတယ်။

ကိုယ်ဝန်ဆောင်မိခင်တွေ၊ SLE လူနာတွေ၊ ဆီးချိုလူနာတွေ ဟာ အန္တရာယ်ပိုများလို့ အိမ်မှာနေဖို့တဖွဖွမှာရင်း ကိုယ်တွေကိုယ်တိုင်ကတော့ အချင်းချင်းအားပေးရင်း ဒီမနိုင်ဝန်ကိုယ်ထမ်းနေကြဆဲပါပဲ။ ကိုယ့်ရောဂါကို နောက်တန်းကို ခေတ္တပို့ထားနိုင်ပေမယ့် ကိုယ့်မိဘကိုထိခိုက်မှာ မိသားစုကိုထိခိုက်မှာ တော့ရင်ထဲမှာ ကမ္ဘာပျက်မတတ်ပါပဲ။

အပူကြဆုံးကတော့ မိဘဖိုးဖွားတွေကိုပါ။ မေမေသာ တစ်ခုခုဖြစ်ခဲ့ရင်ဆိုတာ တွေးကြည့်တာနဲ့ မျက်ရည်ကျရပါတယ်။(ကြုံဖူးတဲ့သူတိုင်းသိပါတယ်) မိဘတွေကို သိပ်ချစ်ပါတယ်။ ဆေးခန်းတွေလည်းမပိတ်ရက်ပါဘူး။ ကျန်းမာရေးဝန်ထမ်းတွေရဲ့ ရင်ထဲမှာ ပွက်လောရိုက်နေသလို အိမ်တော်တော်များများမှာလည်းပွက်လောရိုက်နေပါတယ်။

ခွဲနေနိုင်တဲ့လူတော်တော်များများကတော့ခွဲနေကြတာ ကြာပါပြီ။ အထုပ်ပိုက်ပြီး အိမ်ပေါ်ကဆင်းလာတဲ့ ကျန်းမာရေးဝန်ထမ်း၊ အထုပ်ပြီး နေစရာရှာနေတဲ့ဝန်ထမ်းတွေ၊ မဆင်းနိုင်လို့ ကိုယ်ကမိဘကို ချစ်သလို စိတ်ပူသလို ချစ်ကြစိတ်ပူကြတဲ့ညီအကို မောင်နှမတွေရဲ့ပြောဆိုတာခံရတဲ့သူကခံနေကြရတဲ့သူတွေနဲ့ ကမ္ဘာပျက်သလိုပါပဲ။

အခုအချိန်မှာ ရေချိုးခန်းအိမ်သာပါတဲ့ တစ်ယောက်ခန်းတွေဆို ပိုအဆင်ပြေပါတယ်။ သံသယလူနာထိတွေ့မိလည်း ကိုယ့်အခန်းကိုပိတ်ပြီးနေရုံပါပဲ။ အခုတော့ တစ်ယောက်ဖြစ်ရင် အတူနေတစ်ဆောင်လုံး contact ဖြစ် တော်တော်ဒုက္ခများပါတယ်။ ဒီလောက်တောင်အားသွန်ခွန်စိုက် စိတ်ရောကိုယ်ပါလှုဒါန်းပေးနေတာ ကျေးဇူးတင် သာဓုအကြိမ်ကြိမ်ခေါ်ရင်း အခက်အခဲကို ပြောပြအကူအညီတောင်းရတာ အားလည်းနာပါတယ်။ ဒါပေမယ့်တကယ့်ကိုဒုက္ခရောက်နေကြလို့ပါ။

အလုံးစုံလှူဖို့မဆိုလိုပါဘူး သင့်တော်တဲ့ဈေးလေးနဲ့ ငှားပေးတာပဲဖြစ်ဖြစ် အကူအညီပေးစေချင်တာပါ။ ကူညီပေးကြဖို့မေတ္တာရပ်ခံချင်ပါတယ်။

Okka Kyi Winn

Leave a Reply

Your email address will not be published. Required fields are marked *

You cannot copy content of this page