တောင်ကိုရီးယား သမ္မတဟောင်းကို ထောင် ၁၇ နှစ် ချမှတ်
တောင်ကိုရီးယား သမ္မတဟောင်းကို ထောင် ၁၇ နှစ် ချမှတ်
တောင်ကိုရီးယားသမ္မတဟောင်း လီမြောင်ဘတ် ချမှတ်ခံထားရသည့် ထောင်ဒဏ် ၁၇ နှစ်ကို နိုင်ငံတော်တရားရုံးချုပ်က အတည်ပြုလိုက်သဖြင့် လီမြောင်ဘတ်သည် လာဘ်စားမှု၊ ငွေကြေးအလွဲသုံးစားလုပ်မှုတို့ဖြင့် ထောင်ထဲ ပြန်ရောက်သွားပြီဖြစ်ပါတယ်။
လီသည် အာမခံဖြင့်လွတ်မြောက်နေသူဖြစ်ပြီး တရားရုံးချုပ်၏ ဆုံးဖြတ်ချက်ကို စောင့်နေခဲ့သည်။ အမိန့်ချမှတ်ချိန်တွင် တရားရုံးချုပ်တွင် ၄င်း မရှိသော်လည်း ၄င်း၏နေအိမ်အပြင်ဘက် တွင် ရဲများက စောင့်နေပြီး ၄င်းအား ခေါ်ဆောင်သွားပါတယ်။
လက်ရှိတရားရုံးဆုံးဖြတ်ချက်ကို အယူခံထပ်၀င်ခွင့် မရှိတော့သည့်အတွက် အသက် ၇၈ နှစ်အရွယ် လီသည် သမ္မတလွတ်ငြိမ်းချမ်းသာခွင့် မရလျှင် ထောင်ထဲမှာပင် ဘဝဆုံးရမယ့် အခြေအနေ ဖြစ်ပါတယ်။
လီတွင် ပြစ်မှုထင်ရှားကြောင်း တရားရုံးက ၂၀၁၈ ခုနှစ်နှောင်းပိုင်းတွင် ဆုံးဖြတ်ခဲ့ပြီး လီလည်းထောင်ကျသွားခဲ့ပါတယ်။ သို့သော် အယူခံတရားရုံးက ထောင်ဒဏ်ကို ၁၇ နှစ်အထိ တိုးမြှင့်လိုက်ပြီး၄င်းကို အာမခံဖြင့်လွှတ်ပေးလိုက်တာ ဖြစ်ပါတယ်။
ယခုအခါ နိုင်ငံတော်တရားရုံးချုပ်ကထောင်ဒဏ် ၁၇ နှစ်ကို အတည်ပြုလိုက်ခြင်းဖြစ်ပါတယ်။ လီသည် ဒေါ်လာ ၂၂ သန်း အလွဲသုံးစားလုပ်ခဲ့သည်ဟူသော ဆုံးဖြတ်ချက်ကို နိုင်ငံတော်တရားရုံးချုပ်က လက်ခံအတည်ပြုလိုက်ခြင်းဖြစ်ပါတယ်။