တောင်တရုတ်ပင်လယ်ထဲမှာ ဂျပန်ရေတပ် စစ်ရေးလေ့ကျင့် (ရေငုပ်သင်္ဘောဖျက် စစ်ဆင်ရေးပုံစံ ပြုလုပ်)

တောင်တရုတ်ပင်လယ်ထဲမှာ ဂျပန်ရေတပ် စစ်ရေးလေ့ကျင့် (ရေငုပ်သင်္ဘောဖျက် စစ်ဆင်ရေးပုံစံ ပြုလုပ်)

ဂျပန်ကာကွယ်ရေးတပ်လက်အောက်ရှိ ရေတပ်သည် တောင်တရုတ်ပင်လယ်တွင်း အောက်တိုဘာ ၉ ရက်တွင် ရဟတ်ယာဉ်တင် စစ်သင်္ဘောတစ်စင်းနှင့် ရေငုပ်သင်္ဘောတစ်စင်းအပါအဝင် ရေတပ်သင်္ဘောသုံးစင်းပါဝင်သည့် ရေငုပ်သင်္ဘောဖျက်စစ်ရေးလေ့ကျင့်မှုကို ပြုလုပ်ခဲ့ကြောင်း ဂျပန်ကာကွယ်ရေးဝန်ကြီးဌာနက ထုတ်ပြန်ခဲ့ပါတယ်။

နည်းဗျူဟာပိုင်းစွမ်းဆောင်ရည်တိုးမြှင့်ရန်အတွက် စစ်ရေးလေ့ကျင့်ရခြင်းဖြစ်ကြောင်း ဝန်ကြီးဌာနက ထုတ်ပြန်ခဲ့ပါတယ်။ စစ်ရေးလေ့ကျင့်သည့် နေရာနှင့်ပတ်သက်၍မူ ဝန်ကြီးဌာနက တိကျစွာထုတ်ပြန်ခြင်း မပြုခဲ့ချေ။

စစ်သင်္ဘောသုံးစင်းသည် ဗီယက်နမ်ရှိ ကမ်ရန်ပင်လယ်အော်၌ ရပ်နားမည်ဖြစ်ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားပါတယ်။ တောင်တရုတ်ပင်လယ်တွင်းရှိ စွမ်းအင်ကြွယ်ဝသော နေရာအားလုံးကို တရုတ်က ၎င်းတို့ပိုင်အဖြစ်သတ်မှတ်ပြီး ကျွန်းဟောင်းများပြုပြင်ကာ စစ်ဘက်ဆိုင်ရာအဆောက်အအုံများ ဆောက်လုပ်ထားရှိခဲ့ပြီးဖြစ်ပါတယ်။ ဘရူနိုင်း၊ မလေးရှား၊ ဖိလစ်ပိုင်၊ ထိုင်ဝမ်နှင့် ဗီယက်နမ်တို့သည် တောင်တရုတ်ပင်လယ်တွင်း ရေပိုင်နက်နှင့် ပတ်သက်၍ တရုတ်နှင့် အငြင်းပွားနေပါတယ်။

တောင်တရုတ်ပင်လယ်တွင်း မကြာခဏစစ်ရေးလေ့ကျင့်မှုများကြောင့် ဒေသတွင်း တည်ငြိမ်ရေးနှင့် လုံခြုံရေးထိခိုက်နိုင်သဖြင့် ယင်းစစ်ရေးလေ့ကျင့်မှုများကို တရုတ်က ပြတ်ပြတ်သားသားဆန့်ကျင်ပါကြောင်း တရုတ်အစိုးရကျောထောက်နောက်ခံရ ဂလိုဘယ်တိုင်းမ်သတင်းစာက ဂျပန်ရေတပ်၏စစ်ရေးလေ့ကျင့်မှုနှင့်ပတ်သက်၍ ဝေဖန်ပြောဆိုခဲ့ပါတယ်။

ဂျပန်စစ်သင်္ဘောများသည် တောင်တရုတ်ပင်လယ်တွင်း မကြာသေးမီတွင် စစ်ရေးလေ့ကျင့်ခဲ့ပြီး ဂျပန်ရဟတ်ယာဉ်တင်စစ်သင်္ဘောတစ်စင်းကို စက်တင်ဘာ ၅ ရက်တွင် ဂြိုဟ်တုမှ ဓာတ်ပုံရိုက်မှတ်တမ်းတင်နိုင်ခဲ့ကြောင်း သိရပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *

You cannot copy content of this page