မြန်မာတွေ စားစရာမရှိလို့ မြွေတွေ ကြွက်တွေပါ ဖမ်းစားနေရပါ တယ်ဆိုပြီး ဖောင်းထုတဲ့ စင်ကာပူသတင်းစာ

မြန်မာတွေ စားစရာမရှိလို့ မြွေတွေ ကြွက်တွေပါ ဖမ်းစားနေရပါ တယ်ဆိုပြီး ဖောင်းထုတဲ့ စင်ကာပူသတင်းစာ

ဒါမျိုးအရေးအသားတွေဟာ မီဒီယာကျင့်ဝတ်နဲ့ ညီမညီမသိပေမယ့် ဖတ်ရတာ အတော်စိတ်ပျက်စရာပါပဲ။

မြန်မာအစိုးရဟာ ကိုဗစ်ကာလအတွင်း ဆင်းရဲသားတွေကို စားစရာအထုပ်တထုပ်တခါပေးခဲ့ပြီး၊ ၁၅ ဒေါ်လာနဲ့ ညီမျှတဲ့ထောက်ပံ့ငွေ ၃ ကြိမ်ပေးခဲ့ပါတယ်။ နိုင်ငံတဝှမ်း လူ ၂၀၀၀ ကိုမေးကြည့်ခဲ့ရာ အိမ်ထောင်စုရဲ့ ၇၅% ဟာ စားစရာ၊ ဆေးဝါးနဲ့ လိုအပ်တာလေးတွေဝယ်ဖို့ ချေးငှားနေကြရပါတယ်။

နာမည်ကျော်သမိုင်းပညာရှင်ဒေါက်တာကတော့ မြန်မာပြည်မှာ social welfare network ကောင်းကောင်းမရှိတာ၊ ပြည်ပရောက်မိသားစုဝင်တွေဆီကလွှဲငွေတွေ မလာတဲ့အခါ ပြည်သူကျောမွဲတွေမှာ ကျောပေါ်ကအင်္ကျီစုတ်တထည်ကလွဲပြီး ဘာမှပိုင်ဆိုင်မှုတွေ မရှိကြရှာပါဘူးတဲ့လေ။

ကျွန်တော်တို့အစိုးရဟာ စင်ကာပူလိုမချမ်းသာတော့ ပြည်သူကို ဘီလီယံရာနဲ့ချီပြီး မထောက်ပံ့ပေးနိုင်ရှာတာကို ဝန်ခံပါတယ်။ ဒါပေမယ့် မြန်မာ့စိတ်ရင်းနဲ့ သဒ္ဒါတရားတွေဟာ စင်ကာပူထက် အဆတစ်ရာမကသာပါတယ်။ တိုင်းပြည်ဆင်းရဲတာ ရှက်စရာမဟုတ်ပါဘူး။

အစိုးရက အကန့်အသတ်နဲ့ရှိတဲ့အင်အားသုံးပြီး ကြိုးစားဆောင်ရွက်နေသေးသ၍ ပြည်သူဟာ အစိုးရနဲ့ တသားတည်းရပ်နေကြအုံးမှာပါပဲ။ ငရဲကလာခဲ့ကြသူတွေမို့ ပြာပူကိုထူးမကြောက်တော့ပါဘူး။

သနားသလိုလို၊ ကရုဏာကြီးသလိုလိုနဲ့ ရေနစ်သူတွေကို ဝါးကူထိုးကာ ထပ်နှစ်ချင်တဲ့ သဘောထားမမှန်သူတွေကိုတော့ ဘယ်လိုမှ လက်မခံနိုင်ပါဘူး။

Zin Min Nyein

Leave a Reply

Your email address will not be published. Required fields are marked *

You cannot copy content of this page